ဧရာမ ငါးမန်းကို သြစတေးလျ လူအသွားများသည့် ပင်လယ် ဆိပ်ကမ်း တစ်ခုမှာ ဖမ်းမိ





သြစတေးလျ နိုင်ငံမှာ လူအသွားများပြီး ရေလွှာ လျှောစီး ပြုလုပ်ကြတဲ့ Lennox Head အမည်ရ ပင်လယ် ကမ်းခြေ ဒေသမှာ အသားစား ငါးမန်းကြီး တစ်ကောင်ကို ဖမ်းမိ ပါတယ်။

ပင်လယ်ကမ်းခြေနဲ့ ၇ မိုင် အကွာမှာသာ ကွာဝေးနေတဲ့ နေရာမှာ ဖမ်းဆီးရမိခြင်း ဖြစ်ပါတယ်။ အသားစား ငါးမန်းဟာ ၆ မီတာ ရှည်ပါတယ်။ အသေ ဖမ်းဆီးရမိခြင်း ဖြစ်ပါတယ်။ ငါးဖမ်း သင်္ဘောကမှ ဖမ်းမိခြင်း ဖြစ်ပါတယ်။ ပြီးတော့ Facebook ပေါ် တင်ခဲ့ရာ ကြည့်ရှုသူနဲ့ ပြန်လည် မျှဝေသူ များပြားခဲ့ ပါတယ်။ 

ယင်း ငါးမန်းကို သြစတေးလျ သဘာဝ လေ့လာရေး သုတေသန ဌာနသို့ ပေးပို့မှာ ဖြစ်ကြောင်းလည်း ဆိုပါတယ်။
လူတွေနဲ့ နီးတဲ့ ရေပိုင်နက် ဧရိယာ အတွင်းမှာ လူကို အန္တရာယ် ပြုစေနိုင်တဲ့ ရေသတ္တဝါများကို အသေ ဖမ်းခွင့်လည်း ခွင့်ပြုပေးထား ပါတယ်။ ဒါကြောင့်မို့ ငါးမန်းကြီးကို အသေ ဖမ်းခဲ့ခြင်း ဖြစ်ပါတယ်။

ရိုးရာလေး

မှတ်ချက်များ