မြန်မာ့ရေဘေးဒုက္ခကြားကတရုတ်၏ဥာဏ်ပညာ


တရုတ်ကို မကျေနပ်ဘူးပြောပြောမြန်မာ့ရေဘေးဒုက္ခကြားထဲမှာတရုတ်ရဲ့ ဥာဏ်ပညာအလင်းကို ကျွန်တော်ဖျက်ကနဲတွေ့ ရလိုက်ရတော့ အတော်အံ့သြသွားသလို ဆက်ပြီးတွေးစရာတွေတစ်ပုံကြီးရလိုက်တယ်။ ရှဲရှဲ ပါ။

ကျွန်တော်တို့ ကောက်ယူချက်က အခုရေကြီးတယ်။ဒါကြောင့်အရေးပေါ်ကယ်ဆယ်ရေးလုပ်မယ် Emergency Relief ပေါ့။ရေကျတဲ့အခါပြန်လည်ထူထောင်ရေး Rehabilitation လုပ်ကြမယ်။

ဒီလိုတွေးတယ်။ဒါပေမယ့်တရုတ်ပညာရှင်တွေက Emergency Relief လုပ်နေစဉ်အတွင်းမှာဘဲ Rehabilitation လုပ်ရမယ့် Riskတွေကိုလျှော့ချတဲ့လုပ်ငန်းစဉ်ကိုပါထည့်သွင်းလုပ်ဆောင်တဲ့သဘောတရားကိုလုပ်လို့ ရတယ်။လုပ်သင့်တယ်ဆိုတာတွေကို ပညာထုတ်ပြလိုက်ပြီလေ။

မနေ့ က အင်္ဂပူ ကို တရုတ်ပညာရှင်တွေကိုတင်ဆောင်လာတဲ့ Euro Copra ၁စီးဆင်းသက်ခဲ့ပါတယ်။ သူတို့ ဟာ အရေးပေါ်ကုသမှုမပေးရင် မကြာခင်ရက်ပိုင်းအတွင်းသေဆုံးတော့မယ် ကျွဲနွား Cattle အုပ်စုတွေကို မသေဆုံးအောင် ဆေးဝါးပညာနဲ့ အကာအကွယ်ပြုပေးသွားမှာပါ။ အခုဆိုရာချီတဲ့ရှင်ကျန်ကျွဲနွား အုပ်
တွေ စုပြီး နေရာအနှံ့ သေဆုံးဖို့ နီးကပ်နေပါပြီ။ကျွန်တော်ငပိန်းလည်း ထည့်ပြီးစဉ်းစားမိပါသေးတယ်။

အဲဒါကရွေ့ ပြောင်းသယ်ယူဖို့ ဘဲ အတင်းစဉ်းစားမိနေတယ်။တရုတ်ပညာရှင်တွေက ရဟတ်ယာဉ် ၁စီးပေါ်မှာ Speed Boat နဲ့ ပညာရှင်။လိုအပ်တဲ့ဆေးဝါး ဓာတုပစ္စည်းတွေတင်လာတယ်။

အင်္ဂပူကိုရောက်ပြီး Speed Boat နဲ့  ကျွဲနွားအုပ်တွေရှာတယ်။ကုသတယ်။အသက်ဆက်ပေးတယ်။
တကယ်တော့ဒါဟာ ရေကျသွားရင်လုပ်ရမယ့်ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်အထိမစောင့်တော့ဘဲ ကြိုတင် လုပ်လိုက်တာပါဘဲ။ ရေကျချိန်စောင့်နေရင် သေသွားမှာ။သေတာများလေလူမှုစီးပွားပိုကျပ်တည်းလေ
ပေါ့။

တကယ်တမ်းပြန်စဉ်းစားတော့လည်းပြန်လည်ထူထောင်ရေးကာလမှာ လမ်း။တံတား။ရေ။မီး။ ပညာရေး။ကျန်းမာရေး။နေအိမ် စတဲ့ များမြှောင်လှတဲ့ DetailPlan ထဲမှာ ကျွဲနွားထောက်ပံ့ကူညီဖို့ ဆိုတာ ဦးစားပေးနိုင်မယ့် ဘတ်ဂျက်ရော။ပြည်ပအထောက်အပံ့ရော ဖြစ်လာနိုင်ဖွယ်နည်းပါတယ်။

ဒါကြောင့် အခုလို ကူညီတာဟာ သတိမထားလိုက်မိတဲ့ စေတနာဖြစ်ပေမယ့်ကျွန်တော့အတွက်တော့ ဥာဏ်အလင်းတစ်ခုရလို့ ကျေနပ်မိသလို့  ပြည်သူတွေတစ်စိတ်တစ်ဒေသ သောက လျော့ပါးစေလို့ ဝမ်းသာပီတိဖြစ်ရပါတယ်။ကျွဲနွားတစ်ကောင် ၅သိန်း ဆိုရင်တောင်အကောင် ၂ထောင်ရှင်တယ်ဆိုရင်တောင်သိန်းပေါင်း ၁သောင်း လောက် ကာမိစေပါတယ်။ဒါပေမယ့်သိန်းပေါင်း ၁သောင်းထက်ပိုလေးနက်တန်ဖိုးရှိစေတာ လယ်ယာတွေထွန်ယက်စိုက်ပျိုးဖို့ နောက်ဆက်တွဲပြဿနာကိုကုစားဖြေရှင်းပေးလိုက်တာဖြစ်ပါတယ်။ဆန်အိုးကြီးလို့ ခေါ်ရတဲ့ ဧရာဝတီတိုင်းမှာ ကျွဲနွားရှိ မှသာ ရေရှည် ရပ်တည်နိုင်မှာလေ။

ဒါကြောင့် တရုတ်ရဲ့ ဥာဏ်ပညာကိုတော့ကျွန်တော်လေးစားတန်ဖိုးထားကြောင်းတင်ပြလိုက်ပါတယ်။မျိုးဆက်သစ်များလည်းကောင်းတာလေးတွေအတုယူ ပြီးပြည်သူ့ အကျိုးသယ်ပိုးနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Only Idea, No Lobby thought by New Idea

မှတ်ချက်များ