မက္ကဆီကန်ဘိန်းဘုရင် ဂျာအိုကွမ်း(အယ်ချာပို)ဂူဇ်မန်းထောင် ဖောက်လွတ်မြောက်ခဲ့ခြင်းက ကမ္ဘာမှာရှိတဲ့ လူတွေအတွက်ဘေးအန္တရာယ်တစ်ခု ဖြစ်စေခဲ့ပါတယ်။ အရပ် ၅ပေ၆လက်မ ရှိတဲ့ဂူဇ်မန်းရဲ့ငွေကြေးချမ်းသြာ<ွကယ်ဝမှုက လုံခြုံရေးတင်းကျပ်လှတဲ့မက္ကဆီကို အဆင့်မြင့်အကျဉ်းထောင်က ထွက်ပြေးလွတ်
မြောက်ဖို့ များစွာအထောက်အကူဖြစ်ခဲ့ပါတယ်။ တစ် မိုင်လောက်ရှည်လျားတဲ့ မြေအောက်ဥမင်လိုဏ် ခေါင်းကို အကျဉ်းထောင်နဲ့ ဆက်သွယ်ဖောက်ခဲ့ ပြီး ဂူဇ်မန်းကို လွတ်မြောက်စေခြင်းကလည်း ယောကျာ်း၊ မိန်းမ၊ ကလေးမကျန် အသက်ပေါင်း များစွာကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ခြိမ်းခြောက်မှု တစ်ခု
ဖြစ်လာခဲ့ပါတယ်။
သာမန်အရပ်သားတွေတင် မကပါဘူး။
ဂူဇ်မန်းဟာ ဘီလျံနာသမ္မတလောင်းတစ်ဦးဖြစ်တဲ့ ဒန် နဲလ်ထရန့်ကိုလည်း ဆန့်ကျင်မှုတွေကြောင့် ခြိမ်းခြောက်မှုတွေပြုလုပ်လာ ခဲ့ပါတယ်။ ရီပတ်ဘလီကန်သမ္မတလောင်း ဒန်နဲလ်ထရန့်ကတော့ ဂူဇ် မန်းရဲ့ ရာဇဝတ်မှုတွေကို ဖုံးဖိပေးဖို့ ခြိမ်းခြောက်မှုတွေကို ငြင်းပယ်ခဲ့ပါ တယ်။
ချီကာဂို ရာဇဝတ်မှုနှိမ်နင်းရေးကော်မရှင်ကလည်း ဂူဇ်မန်းကို ပြည်သူတွေအတွက် နံပါတ်တစ်အဆင့်ရှိသူ အန္တရာယ်ကောင်အဖြစ်သတ် မှတ်ထားပါတယ်။ အာဏာပိုင်တွေရဲ့အဆိုအရတော့ ဂူဇ်မန်းဟာ အမေ ရိကန် ဘိန်းမှောင်ခိုလုပ်ငန်းတွေအတွက် အခြေစိုက်လည်ပတ်တဲ့ ဝင်ဒီ မြို့ကနေ ထောင်ဖောက်မယ့်
ဥမင်လိုဏ်ခေါင်းကို ဖောက်ခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
လိုဏ်ခေါင်းဖောက်မယ့်လမ်းကြောင်း ကိုတော့ ဂူဇ်မန်းရဲ့လက်နက်ကိုင်အဖွဲ့တွေက စီစဉ်ဆောက်ရွက်ခဲ့ကြ ပါတယ်။ DEA အရာရှိ ဂျက်ရိုင်းကဝင်ဒီမြို့လမ်းမများထက်မှာ ဂူဇ်မန်းရဲ့ လက်အောက်ငယ်သားအရေအ
တွက်က တစ်သိန်းခွဲလောက်ရှိပြီး လမ်းမ တွေပေါ်မှာ ဘိန်းထိုး ဘိန်းစား ဘိန်းရောင်းရင်း ရှင်သန်ရပ်တည်ကြသူ တွေဖြစ်တယ်လို့ ဆိုပါတယ်။ နောက်လမ်းမတွေပေါ်မှာ ဖြစ်ပွားကြတဲ့ ပစ် ခတ်မှုတွေနဲ့ လူသတ်မှုတွေက ဂူဇ်မန်းရဲ့ဘိန်းလုပ်ငန်းတွေကြောင့်ဖြစ် တယ်လို့ ဆိုပါတယ်။ ၂ဝ၁ဝပြည့်နှစ်မှာ ဂူဇ်မန်းရဲ့
လက်အောက်ခံတွေက ဂူဇ်မန်းရဲ့ရန်သူလေးဦးကို သတ်ဖြတ်ခဲ့ကြပါတယ်။
ပါးစပ်ကို တိပ်နဲ့ကပ် ထားပြီး ကြိုးနဲ့ချည်နှောင်ထားတဲ့ အလောင်းလေးလောင်းကို ချီကာဂိုအိမ် တစ်လုံးရဲ့ ကားဂိုဒေါင်ထဲမှာ တွေ့ရှိခဲ့ရပါတယ်။ ဒါဟာ ဂူဇ်မန်းရဲ့ အဆိုး ရွားဆုံးလုပ်ရပ်တွေတော့ မဟုတ်သေးပါဘူး။
ဂူဇ်မန်းရဲ့ စေခိုင်းမှုကြောင့် နောက်လိုက်တွေက အခြားဘိန်းကုန်ကူးသူများရဲ့ဇနီးတွေကို ခေါင်းဖြတ် ပြီး ¤င်းတို့ရဲ့နေအိမ်ကို ပါဆယ်ထုပ်နဲ့ပို့ပြီး သတိပေးတဲ့လုပ်ရပ်တွေက အများ အပြားပါ။ ပြိုင်ဘက်ဘိန်းကုန်သည်တွေရဲ့ သားသမီးတွေကိုလည်း တံတား အောက်တွေကို ပစ်ချသတ်ပစ်တာတွေ ရှိပါတယ်။ ဒါ့အပြင် ဂူဇ်မန်းရဲ့ လက်အောက်က ဘိန်းကုန်သည်တွေတောင်မှ ပို့ချိန်နောက်ကျရင် ဦးခေါင်း ကိုသေနတ်နဲ့တေ့ပြီး ပစ်သတ်တာတွေလည်း ရှိပါတယ်။
ဂူဇ်မန်းရဲ့ ရက်စက်တဲ့လုပ်ရပ်တစ်ခုကတော့ မက္ကဆီကန်ဘိန်း ကုန်သည်တစ်ဦးဖြစ်တဲ့ ဟူဂိုဟာနန်ဒက်ကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဂူဇ်မန်းဟာ ဟာနက်ဒက်ရဲ့မျက်နှာကို ဓားနဲ့လှီး ပြီး ဘောလုံးမှာကပ်ချုပ်ပါတယ်။ နောက် လမ်းမပေါ်မှာ ဘော လုံးကိုပုတ်ပြီး ထားခဲ့ပါတယ်။ ဟာနန်ဒက်ရဲ့ ဦးခေါင်းနဲ့ကိုယ် လက်တွေကိုတော့ အနီးက သေတ္တာတစ်လုံးထဲမှာထည့်ပြီးထား ခဲ့ပါတယ်။ ကိုယ်ထည်အလောင်းကိုတော့ မိုင်အတော်ဝေးတဲ့ သစ်ပင်ပင်စည်တစ်ခုမှာ ချိတ်ဆွဲထားခဲ့ပါတယ်။
FBI လက်ထောက်ဒါရိုက်တာတစ်ဦးဖြစ်ပြီး မှုခင်း လေ့လာသုံးသပ်သူ တွမ်ဖန်တက်စ်က ဂူဇ်မန်းဟာ အလွန် ရက်စက်ကြမ်းကြုတ်တဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။ ဂူဇ်မန်းရဲ့ မူးယစ်ဂိုဏ်း က လုပ်ငန်းတွေအားလုံးဟာ ရက်စက်မှုတွေနဲ့ပြည့်နှက်နေပြီး သူတို့ဟာ ဂျာနယ်လစ်၊ နိုင်ငံရေးသမား၊ ရဲအရာရှိ၊ အကျဉ်းထောင် အရာရှိတွေကို လည်း သတ်ဖြတ်ကြတယ်လို့ တွမ်ကပြောပါတယ်။
ပိုက်ဆံက ဂူဇ်မန်းရဲ့ အင်အားအကြီးဆုံးလက်နက်ဖြစ်တယ် လို့ သိရပါတယ်။ မက္ကဆီကို အကျဉ်းထောင်ကလွတ်မြောက်ဖို့ ဂူဇ်မန်းဟာ မြေအောက်ဥမင်လိုဏ်ခေါင်းစီမံကိန်းအတွက် ဒေါ်လာ သန်း ၅ဝ အကုန် အကျခံခဲ့တယ်လို့ သိရပါတယ်။ နောက် ထောင်ဖောက်ပြေးရာမှာ လမ်း ကြောင်းရှင်းဖို့အတွက် လာဘ်ထိုးတဲ့ငွေကလည်း ဒေါ်လာ သန်း ၅ဝလောက် ရှိနိုင်တယ်လို့ ယုံကြည်ရပါတယ်။ ဂူဇ်မန်းရဲ့ လက်အောက်ငယ်သားတွေ ဖောက်ခဲ့တဲ့ ဥမင်လိုဏ်ခေါင်း အထက်နံရံမှာ အောက်ဆီဂျင်ပိုက်လိုင်း တပ်ဆင်ထားခဲ့သလို လမ်းလည်းခင်းထားခဲ့ပါတယ်။ ဂူဇ်မန်းဟာ ဥမင် လိုဏ်ခေါင်းက ဆိုင်ကယ်စီးပြီး ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်တယ်လို့ ယူဆရပါတယ်။
ဂူဇ်မန်းဟာ ပြိုင်ဘက်လုပ်ငန်းရှင်တွေရဲ့ သားမယားတွေကို သတ်ဖြတ်ဖို့ ဝန်မလေးပေမယ့် သူ့ရဲ့ဇနီးနဲ့ သားသမီးတွေကိုတော့ အကာအကွယ်အပြည့်နဲ့ လုံခြုံအောင် စီမံထားတယ်လို့ သိရပါတယ်။ ဂူဇ်မန်းရဲ့ ဇနီးကတော့ ကယ်လီဖိုးနီးယား သူဖြစ်ပြီး အသက် ၂၅နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ ဂူဇ်မန်းရဲ့ဇနီး အမ်မာ ကာရိုနယ်ဟာ ကယ်လိုဖိုးနီးယားပြည်နယ် ဆယ်ကျော်သက်အလှမယ်ပြိုင် ပွဲမှာ သရဖူရရှိခဲ့သူတစ်ဦးဖြစ်ပြီး ဂူဇ်မန်းနဲ့လက်ထပ်တဲ့အချိန်မှာ အသက် ၁၈နှစ်သာ ရှိသေးတယ်လို့ သိရပါတယ်။ အမ်မာနဲ့ ဂူဇ်မန်းတို့မှာ သုံးနှစ် အရွယ် အမြွှာသမီးနှစ်ယောက်ရှိပြီး ဂူဇ်မန်းက ချစ်လှစွာသောဇနီးအမ်မာ ကို သူ့ရဲ့လုပ်ငန်းတွေမှာ မပါဝင်စေချင်ဘူးလို့ မက္ကဆီကို မှုခင်းကျွမ်းကျင်သူ ခရစ္စတိုဖာဝဲလ်ဆန့်က ဆိုပါတယ်။ ဂူဇ်မန်းဟာ သူ့ရဲ့သမီးနှစ်ယောက်ကို လည်း မိမဲ့ဖမဲ့ဖြစ်မှာကို မလိုလားဘူးလို့ ဝဲလ်ဆန့်ကပြောပါတယ်။
Yangon Media Group

မှတ်ချက်များ