![]() |
| ဓာတ်ပုံ – Myanmar Football Federation |
မြန်မာ့လက်ရွေးစင်အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလား အာရှဇုန် ခြေစစ်ပွဲ အုပ်စုပွဲအဖြစ် စက်တင်ဘာ ၃ ရက် ကူဝိတ်နိုင်ငံမှာ ကူဝိတ်လက်ရွေးစင်အသင်းနဲ့ အဝေးကွင်းပွဲစဉ် ကစားဖို့ရှိတဲ့အတွက် ဒီပွဲမတိုင်မီ ယူအေအီးနိုင်ငံမှာ သီတင်းတပတ်ကြာ သွားရောက် လေ့ကျင့်နေတာပါ။
သြဂုတ် ၂၈ ရက်မှာ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ယူအေအီး လက်ရွေးစင်အသင်းတို့ ခြေစမ်းပွဲ ကစားကြမှာဖြစ်ပြီး အဲဒီနောက် ကမ္ဘာ့ဖလား ခြေစစ်ပွဲကစားဖို့ ကူဝိတ်နိုင်ငံကို ဆက်လက်ထွက်ခွာဖို့ ရှိပါတယ်။
မြန်မာ့လက်ရွေးစင်အသင်းမှာ ဆီးဂိမ်း ငွေတံဆိပ်ဆုရ မြန်မာယူ ၂၃ အသင်းနဲ့ ကမ္ဘာ့ဖလား ယူ ၂၀ ပြိုင်ပွဲဝင် ကစားသမားတွေ အများစုအပြင် ၀ါရင့်လက်ရွေးစင် ကစားသမားတွေဖြစ်တဲ့ ကျော်ကိုကို၊ ကြည်လင်း၊ ဒေးဗစ်ဒန်း စသူတို့ ပါဝင်စုဖွဲ့ထားပါတယ်။
အသင်းအုပ်ချုပ်သူအဖြစ် ဦးသန်းတိုးအောင်က တာဝန်ယူထားပြီး နည်းပြချုပ် အီဗရာမိုဗစ်၊ လက်ထောက်နည်းပြ ဦးကြည်လွင်နဲ့ ဦးစိုးမြတ်မင်းတို့ တာဝန်ယူထားပါတယ်။
DVB











မှတ်ချက်များ