![]() |
| ဓာတ်ပုံ - ရိုက်တာ |
တရုတ်စီးပွားရေးနဲ့ ဆက်စပ်နေတဲ့နိုင်ငံတွေရဲ့ စီးပွားရေးတွေပါ ကျဆင်းလာမှာကို စိုးရိမ်တဲ့အတွက် ကမ္ဘာတ၀န်းက စတော့ရှယ်ယာရှင်တွေက သူတို့ရဲ့ရှယ်ယာတွေကို ထုတ်ရောင်းခဲ့ကြတာပါ။ ဒါပေမယ့် သြဂုတ်လ ၂၅ ရက်နေ့က အာရှနိုင်ငံတချို့က စတော့ဈေးကွက်တွေ မမျှော်လင့်ပဲ အနည်းငယ်ပြန်တက်ခဲ့ပါတယ်။
ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးအင်အားကြီး နိုင်ငံလည်းဖြစ်၊ ဒုတိယအကြီးဆုံး သွင်းကုန် နိုင်ငံကြီးလည်းဖြစ်တဲ့ တရုတ်နိုင်ငံဝယ်လိုအားအပေါ် မှီခိုလွန်းတဲ့ ကော်ပိုရေးရှင်းတွေနဲ့ နိုင်ငံတွေလည်း ဆက်ထိမှာကို ငွေကြေးရင်းနှီးမြှုပ်နှံသူတွေက စိုးရိမ်နေကြတာပါ။
ဒါကိုထိန်းဖို့ လွန်ခဲ့တဲ့နှစ်ပတ်က တရုတ်ဗဟိုဘဏ်က တရုတ်ယွမ်ငွေတန်ဖိုးချခဲ့ပေမယ့် အဲ့လိုချခဲ့တာကိုက ကမ္ဘာတ၀န်း စိုးရိမ်မှုတွေပိုဖြစ်စေခဲ့ပါတယ်။ တခြား အာရှ စတော့ဈေးကွက်တွေဖြစ်တဲ့ ဟောင်ကောင်နဲ့ သြစတြေးလျ စတော့ဈေးကွက်တွေမှာ သြဂုတ်လ ၂၅ ရက်နေ့က ၂ ရာခိုင်နှုန်း ကျော်ပြန်တက်ခဲ့ပြီး ဂျပန် နီကေးမှာတော့ ၇ ရာခိုင်နှုန်း ဈေးပြန်တက်လာပါတယ်။
DVB

မှတ်ချက်များ