၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းရင်းသားနှင့် ဒီမိုကရေစီအင်အားစုများ အနိုင်ရရေး ၀န်းရံကြရန် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ (၂၇) နှစ်မြောက် အထိမ်းအမှတ်အခမ်းအနား၌ ဆုံးဖြတ်

သြဂုတ် ၈ ရက်က ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့သည့် ရှစ်လေးလုံးသမိုင်းပြတိုက် (ယာယီ) မှ ၁၉၈၈ ခုနှစ်ကာလက
မှတ်တမ်းဓာတ်ပုံတစ်ပုံကို တွေ့ရစဉ်
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် တိုင်းရင်းသားနှင့် ဒီမိုကရေစီအင်အားစုများ အနိုင်ရရေး ၀န်းရံကြရန် သြဂုတ် ၈ ရက်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဓမ္မပီယ ဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်သည့် ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ (၂၇) နှစ်မြောက်အထိမ်းအမှတ် အခမ်းအနားက ဆုံးဖြတ်တောင်းဆိုခဲ့သည်။

ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ (၂၇) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားက ရှစ်လေးလုံးငွေရတု ဆုံးဖြတ်ချက်များ ဆက်လက်အကောင်အထည်ဖော်ရန် ဆုံးဖြတ်ခြင်း၊ နိုင်ငံရေးအရ ဖမ်းဆီးခံရသူများ၊ တရားရင်ဆိုင်နေရသော ကျောင်းသား ပြည်သူအားလုံး ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေး တောင်းဆိုခြင်းနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းရင်းသားနှင့် ဒီမိုကရေစီအင်အားစုများ အနိုင်ရရေး ၀န်းရံကြရန် ဆုံးဖြတ်ခြင်းစသည့် အချက်သုံးချက်ကို ကြေညာခဲ့သည်။

Eleven Media Group

မှတ်ချက်များ