အမှိုက်ပစ်လျှင် တိရစ္ဆာန် အတွက် အစာ ချပေးတဲ့စက်






တူရကီနိုင်ငံ အခြေဆိုက် နည်းပညာ ကုမ္ပဏီ တစ်ခုဟာ လမ်းထောင့်တိုင်းမှာ ထားနိုင်မယ့် စက် တစ်လုံးကို တီထွင်လိုက်ပါတယ်။ ယင်းကတော့ အမှိုက်ပစ်ရင် တိရစ္ဆာန်များ အတွက် အစာ ချပေးတဲ့စက် ဖြစ်ပါတယ်။

ရည်ရွယ်ချက်ကတော့ လူတိုင်း အမှိုက်ကို စည်းကမ်းတကျ စွန့်ပစ်တဲ့ အလေ့အထ ရှိလာစေရန် ဖြစ်ပါတယ်။ ထည့်ရမယ့် အမှိုက်က ပလပ်စတစ်နဲ့ ပြုလုပ်ထားတဲ့ သုံးပြီးသား စွန့်ပစ် ပစ္စည်းများ ဖြစ်ပါတယ်။ စက်ထဲက အပေါက်တွင်း ထည့်လိုက်တဲ့ အခါ အစာက အောက်ကို ကျလာပါတယ်။ များသောအားဖြင့် ခွေး၊ ကြောင် တို့ကဲ့သို့ တိရစ္ဆာန်များ အတွက် ရည်ရွယ်တဲ့ အစားအစာ ဖြစ်ပါတယ်။ မိမိ အိမ်မွေး ခွေးများ အတွက် ယူသွားနိုင်သလို လမ်းဘေး အိမ်ခြေမဲ့ ခွေးများ သူ့ အလိုအလျောက် လာရောက် စားသုံးစေရန်လည်း ထားခဲ့နိုင်ပါတယ်။

ယင်းစက်များကို အစ္စတန်ဘူမြို့ရဲ့ အမှိုက် ပစ်လေ့ပစ်ထ ရှိတဲ့ နေရာနဲ့ လူစည်ကားရာ နေရာတွေမှာ ထားရှိထားပါတယ်။

အောင်ခမ်း (ရိုးရာလေး)

မှတ်ချက်များ