ရေဘေးတွင် ပါဝင် လှူဒါန်း လိုသူများ အတွက် သတင်းကောင်း ပေးချင်ပါတယ်...





ရေဘေး အတွက် လှူသင့်တာလေးတွေ သိချင်လို့ Department of Disaster Management, Emergency Operations Center, Myanmar Red Cross Society မှ DY. Directorနဲ့ ဒီနေ့ သွားတွေ့ခဲ့ပါတယ်။
စိတ်ထိခိုက်စရာ သတင်းတွေလဲ အများကြီး ကြားခဲ့ရပါတယ်။ ဝမ်းသာစရာကတော့ အရေးပေါ် အခြေအနေ ကြေငြာပြီးနောက်မှာ နိုင်ငံတကာ အကူအညီတွေ စပြီး ဆက်သွယ်လာပြီလို့ ပြောပါတယ်။ အဖွဲ့အစည်း တစ်ခုကလဲ USD$500,000 လှူမယ်လို့ လာပြောသွားပါတယ်တဲ့။

ဘာတွေ လှူရမလဲဆိုတော့ ..ဆန်၊ အဝတ်အစား၊ စားသောက်စရာများ၊ လူသုံးကုန် ပစ္စည်းမျိုးစုံ၊ ဆေးဝါးများလဲလိုတယ် ပြောပါတယ်။ သူတို့မှာ မိသားစု တစ်စု သုံးစရာ ပစ္စည်းတွေ set လိုက် လှူလို့ ရပါတယ်။ တော်တော်လဲ အမယ်စုံလို့ သူငယ်ချင်းတွေ အားလုံးကိုလဲ လှူစေချင်ပါတယ်။ Volunteer လုပ်လို့လဲ ရတယ်ဆိုလို့ နာမည်၊ NRC နံပါတ် နဲ့ ဖုန်းနံပါတ်ပါ ပေးခဲ့တယ်။

မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းတွင် Family Kit Set တစ်ခုကို 85,000 ကျပ်၊ Hygiene Kit Set တစ်ခုကို 25,300 ကျပ်နှင့် လှူဒါန်းနိုင်ပါတယ်.
Family kit မှာ ပါဝင်တဲ့ ပစ္စည်းတွေကတော့-
1.ပလပ်စတစ်ပုံး (23"×18"×14")
2.မီးဖိုချောင်သုံး ပစ္စည်းများ(ပလပ်စတစ် ခွက် ၄ ခွက်၊ ပန်းကန် ၄ ချပ်၊ စတီးဇွန်း ၄ ချောင်း၊ ၉" ဟင်းအိုး၊ ၁၀"ဟင်းအိုး နှင့် cartoon box ၁ခု)
၃.နိုင်လွန်ကြိုး (Dia-12mm) 15 meter in roll
4.ချုပ်ပြီး အမျိုးသမီး ဝတ်လုံချည်
5.ယောက်ျား ဝတ်လုံချည်
6.တူ (Claw Hammer)
7.ကလေးဝတ် အကျီင်္ (Boy)
8.ကလေးဝတ် ဘောင်းဘီ (boy)
9.မိန်းကလေးဝတ် skirt
10. မိန်းကလေးဝတ် အကျီင်္
11. တာပေါ်လင်စ ၄×၆ meter - ၂ ခု
12.စောင် -၂ထည်
13.ခြင်ထောင် - ၁ ထည်
တန်ဖိုး = 85,000 ကျပ်
Hygiene set မှာပါဝင်တာတွေကတော့...
1.ရေသန့်ဘူးကြီး
2.အဖုံးပါသော ရေဗုံး
၃.လက်သည်းညှပ်
၎.အမျိုးသမီး လစဉ်သုံးပစ္စည်း - ၂ထုပ်
၅.သွားတိုက်ဆေး၊ သွားတိုက်တံ - ၅ စုံ
၆.ချည်ပဝါ (73×37cm) - ၅ ထည်
၇.ရေချိုး ဆပ်ပြာ - ၅ခဲ
၈.ဆပ်ပြာခွက် - ၅ခု
၉.အဝတ်လျော် ဆပ်ပြာခဲ - ၅ခု
၁၀.Tissue - ၅ လိပ်
၁၁.ဆပ်ပြာမှုန့် (500gm)
၁၂.ခေါင်းလျော်ရေ - ၁ဗူး
၁၃.သောက်ရေခွက် - ၂ခွက်
၁၄.ဘီး - ၁ ချောင်း
၁၅.မှန်
၁၆.ရေသန့်ဆေးပြား - ၃ strips (1strip = 10 tablets)
၁၇.ဂျုတ် - 5ခု
တန်ဖိုး = 25,300 ကျပ်
ကိုယ်တိုင် လှူချင်လျင် ICRC ph 01-383680 သို့လှူနိုင်ပါတယ်။ လူကြုံပါးချင်တယ် ဆိုရင်လဲ ပြောပါ နေ့တိုင်း သွားလှူပေးပါမယ်။ ကျေးဇူးတင်လွှာပါ တောင်းခဲ့ပေးပါမယ်။
သူငယ်ချင်းတွေ Share ပေးအုံးနော်

Thandar Htike

မှတ်ချက်များ