မကွေးတိုင်း၊ ဂန့်ဂေါမြို့၊ ပြင်သာကျေးရွာ မြင်ကွင်းတွေကိုတော့ အရှင်နန္ဒမာလာက ပေးပို့လာပါတယ်။
ရွာရှိ အလယ်တန်း စာသင်ကျောင်းဆောင် ( ၂ ) ဆောင်နှင့် ဆရာမကြီးနေအိမ် အပါအဝင် ရေတိုက်စား၍ မြစ်ရေထဲ မျောပါသွားပြီး ရွာဦး ဘုန်းတော်ကြီးကျောင်းရှိ ဆွမ်းစားကျောင်းဆောင် လည်း မြစ်ရေထဲ မျောပါ သွားခဲ့ပါပြီ။ 

ပင်မကျောင်းဆောင်ကြီး ကိုလည်း ရေထဲ မပါခင် ဖျက်ဆီးနေကြရပြီ ဖြစ်ပါတယ်။
ရွာထဲမှ လူနေအိမ် ၆ လုံး လည်း မြစ်ရေထဲ မျောပါသွားပြီး ဖြစ်ပါတယ်။ 

ယာယီ ပိတ်ထား သည့် မြစ်သာရေလှောင် တမံ ရေလွှဲမြောင်းမှ ထွက်လာ သည့် ရေများကြောင့် မြစ်ရေတွေ ပိုတိုးလာပြီး ရွာကမ်းပါးကို တိုက်စား သွားခဲ့ တယ်လို့ ဆိုပါတယ်။ 

အခုတော့ ရွာသားတွေ ရေနဲ့ဝေးရာ ကုန်းတွေမှာ ကိုယ်ထူ ကိုယ်ထ စခန်း တွေ ဆောက်လုပ်ပြီး နေနေကြ ရတယ်လို့ အရှင်နန္ဒမာလာက စာရေးပြီး ပြောပြလာပါတယ်။

BBC Burmese

မှတ်ချက်များ