ရာထူးဖယ်ရှားခံရမှု ဦးရွှေမန်း တုံ့ပြန်
အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ရာထူးကနေ သူရဦးရွှေမန်း ဖယ်ရှားခံရပြီးနောက် ပထမဆုံး ပြန်စတင်တဲ့ လွှတ်တော်အစည်းအဝေးမှာ ဦးရွှေမန်းဘက်က ဘယ်လို ပြောဆို တုံ့ပြန်မလဲလို့ အများက မျှော်လင့်နေကြချိန်မှာ ဦးရွှေမန်းက ပြည်ထောင်စု လွှတ်တော် အစည်းအဝေး မိန့်ခွန်းမှာ ပါတီဥက္ကဋ္ဌ ရာထူးကနေ ဖယ်ရှားခံရတဲ့ ကိစ္စကို ထုတ်ဖော် ပြောခဲ့တဲ့အပြင် ကိုယ်စားလှယ်လောင်း ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကိစ္စကိုလည်း ပြောခဲ့ပါတယ်။
ဦးရွှေမန်းရဲ့ တုံ့ပြန်ချက် သေးစိတ်ကို ဘီဘီစီ သတင်းထောက် ကိုနေလင်းက နေပြည်တော်ကနေ အခုလို သတင်းပေးပို့ထားပါတယ်။
BBC Burmese

မှတ်ချက်များ