![]() |
| Photo:The Straits Times |
![]() |
| Photo:Twitter |
ဘန်း၏ ဓာတ်ပုံနှင့် လုံခြုံရေးကင်မရာမှ ရိုက်ကူးခဲ့သော ဗုံးခွဲမှုအတွက် မသင်္ကာသူ၏ ဓာတ်ပုံတို့အကြား တူညီမှုများကို စွဲယူ၍ ထိုင်းဂျာနယ်လစ် ပရာဆစ်ချိုင်းခံခွန်ဘန်က Twitter တွင် တင်ခဲ့ပြီးနောက် ဘန်း၏ဓာတ်ပုံသည် အွန်လိုင်းတွင် ချက်ချင်းပျံ့နှံ့သွားခဲ့သည်။ ထို့နောက် ဘန်းသည် ၎င်းနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း ရှိစေရန်အတွက် ရဲထံသို့ ကိုယ်တိုင်သွားရောက်ပြီး ရှင်းလင်းခဲ့သည်။ ဗုံးပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် ဘန်းသည် အားကစားခန်းမမှ ပြန်လာပြီး အင်္ဂလိပ်စာသင်တန်းတွင် သင်ကြားရန်အတွက် ပြင်ဆင်နေပုံကို လုံခြုံရေးကင်မရာမှ ရိုက်ကူးထားသည့် ဓာတ်ပုံကိုလည်း ဘန်းက အွန်လိုင်းတွင် ဖော်ပြခဲ့သည်။ ပရာဆစ်ချိုင်းက အထင်အမြင် လွဲမှားစေသော ၎င်း၏ပို့စ်အတွက် ပြန်လည်တောင်းပန်ခဲ့သည်။
Eleven Media Group


မှတ်ချက်များ