ဝက်ခြံအတွက် အိမ်တွင်းကုထုံး


စပျစ်သီးဖြင့် ဆေးကြောပါ

စပျစ်သီးက သင့်မျက်နှာပေါ်မှာရှိတဲ့ ဝက်ခြံတွေကို အလွယ်တကူ ကုသပေးနိုင်ဖို့ အထောက်အကူပြုပေးတယ်ဆိုတာကို သင်သိပါသလား။

စပျစ်သီး နှစ်လုံး သို့မဟုတ် သုံးလုံးကို အလယ်ကနေ ခွဲပါ။ ပြီးရင် သင့်မျက်နှာနဲ့ လည်ပင်းတစ်ဝိုက်ကို ပွတ်တိုက်ပေးပါ။

အဲဒီနောက်မှာတော့ မျက်နှာနဲ့လည်ပင်း နေရာတွေကို ရေအေးနဲ့ ဆေးကြောလိုက်ပါ။ ဝက်ခြံတွေကို သက်သာစေဖို့ အထောက်အကူပြုပေးကြောင်း လက်တွေ့ သိရှိရမှာ ဖြစ်ပါတယ်။

သခွားသီး မျက်နှာဖုံး

အေးမြတဲ့ သခွားသီးက သင့်မျက်နှာအသားအရည်ကို ချောမွေ့စေဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။ ဝက်ခြံတွေကြောင့် မျက်နှာက ကြမ်းတမ်းနေတယ်လို့ သင့်စိတ်ထဲမှာ ထင်နေရင် အခုချက်ချင်းပဲ သခွားသီးကို ရှာလိုက်ပါတော့။

သခွားသီးရတာနဲ့ လုပ်ဆောင်ရမယ့် အချက်တွေက ဒီလိုပါ။

အရင်ဆုံး သခွားသီးကို ကြိတ်ပါ ။ ကြိတ်ပြီးရလာတဲ့ အရည် ကို စစ်ထုတ်ပါ။ ကျန်တာတွေကို သကြား တစ်ဇွန်းစာနဲ့ သမအောင်မွှေပါ ။ ပြီးရင် ရရှိလာမယ့် အနှစ်တွေကို သင့်မျက်နှာပေါ်မှာ ၁၀မိနစ်ခန့်ထားပေးပါ။ နောက်ဆုံးမှာတော့ ရေအေးအေးနဲ့ မျက်နှာကို ဆေးချလိုက်ပါ။ ရလဒ်ကတော့ ပိုသားကဲ့သို့ နူးညံ ချောမွေ့တဲ့မျက်နှာပြင်လေးကို ပိုင်ဆိုင်ရရှိသွားမှာ ဖြစ်ပါတယ်။

( NSD ) - သစ်ထူးလွင်
Ref : Everyday Health

မှတ်ချက်များ