ရေခဲမုန့်နဲ့မဲဆွယ်ခဲ့တဲ့ အမေရိကရဲ့ အသက်အငယ်ဆုံး မြို့တော်ဝန်






သုံးနှစ်သား ဂျိမ်းသက်ဖ်ဟာ မြို့တော်ဝန်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပြီးနောက် အမေရိကရဲ့ အသက်အငယ်ဆုံးမြို့တော်ဝန်ဖြစ် လာခဲ့ပါတယ်။

ဂျိမ်းဟာ အစ်ကိုဖြစ်သူ ရောဘတ်ရဲ့ မြို့တော်ဝန်သက်တမ်း နှစ်ကြိမ်ပြည့်ပြီးနောက်မှာ မင်နီဆိုတာပြည်နယ်စီရင်စုက ဒိုးဆက်မြို့ လေးရဲ့ မြို့တော်ဝန်ရာထူးကို ဆက်လက်ဆက်ခံနိုင်ခဲ့ခြင်းလည်းဖြစ် ပါတယ်။ အစ်ကိုဖြစ်သူ ရောဘတ်ကတော့ အသက်လေးနှစ်အရွယ်မှာ မြို့တော်ဝန်အဖြစ် ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပါတယ်။

ဂျိမ်းက ရွေးကောက်ပွဲနေ့မှာ မဲပေးတဲ့သူတွေနဲ့ စကားပြော ခဲ့ပြီး မြို့ငယ်လေးရဲ့ ဒေသခံ ၂၂ဦးကို မြို့တော်ဝန်အရွေးခံရရင် ရေ ခဲမုန့်ကျွေးမယ်လို့လည်း
စည်းရုံးခဲ့တယ်လို့ သိရပါတယ်။ အလောင်း အစားပြုလုပ်ကြသူတွေကလည်း ရွေးကောက်ပွဲအနိုင်ရသူကို မကြေ ညာမီ မဲပေးဖို့ တစ်ဒေါ်လာစီပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဂျိမ်းရဲ့ မိခင်ဖြစ်တဲ့ အမ်မာက ရွေးကောက်ပွဲမှာအနိုင်ရတာကို သိလိုက်ရတဲ့ အခါ ဂျိမ်းက အရမ်းစိတ်လှုပ်ရှားနေခဲ့တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲပြီးတဲ့နောက်မှာ ဂျိမ်းတို့ညီအစ်ကိုနှစ်ယောက် စလုံးဟာ ဂုဏ်ပြုချီးမြှောက်မှုကို ခံယူခဲ့ကြပြီး မိခင်အမ်မာကတော့ ဂျိမ်းဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ နိုင်ငံရေးသမားဖြစ်လာပေမယ့် သူက ကြီးလာရင် တံငါသည်တစ်ဦး ဖြစ်ချင်နေတယ်လို့ ပြောပြခဲ့ပါတယ်။

Yangon Media Group

မှတ်ချက်များ