ဧရာဝတီတိုင်းအပါအ၀င် ဒေသလေးခုတွင် မိုးကြီးနိုင်ကြောင်း သတိပေး


ရေဘေးအန္တရာယ် သတိပေးထားသည့် ဧရာဝတီ တိုင်းဒေသကြီးအပါအ၀င် ဒေသ လေးခုတွင် နေရာကွက်၍ မိုးကြီး နိုင်သည်ဟု မိုးဇလဌာနကသတင်း ထုတ်ပြန်သည်။

ဧရာဝတီတိုင်းဒေသကြီး၊မြေ ပြိုမှုဒဏ် ဆိုးရွားစွာခံခဲ့ရသည့် ချင်း၊ မွန်ပြည်နယ်နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့ကို သတိပေး ထားခြင်းဖြစ်သည်။

‘‘အခုမိုးက မုတ်သုံမိုးမဟုတ် တော့ ဘယ်လောက်ကြာကြာရွာ နိုင်မလဲ ပြောရခက်တယ်။ လော လောဆယ် တိမ်အစုအဝေးက အဲဒီဒေသတွေပေါ် ရောက်နေလို့ မိုးကောင်းနိုင်တာ။ အရင်မိုးက ကောင်းထားတော့ သတိထားဖို့ ပြောချင်ပါတယ်’’ဟု မိုးဇလဒုညွန် ချုပ် ဦးကျော်မိုးဦးကပြောသည်။

မိုးရွာသွန်းမည့် အခြေအနေ မှာ တစ်ရက်အတွင်း မိုးရေချိန်၃ လက်မအထက် ရွာနိုင်သော ကြောင့် အထူးသဖြင့် ချင်းပြည် နယ်တွင် မြေပြိုမှုအန္တရာယ်ရှိနေ သည်ဟု ၎င်းကပြောသည်။


‘‘ချင်းက မိုးရေချိန် ၂ လက်မ အထက်ဆိုတာနဲ့ မြေပြိုတတ် တယ်။ အခုက ၃ လက်မအထက် ရွာနိုင်တယ်’’ဟု ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် မြစ်ရေ ကျဆင်းနေသော်လည်း မြစ်ကမ်းဘေးနေသူများ ကြိုတင် သတိပြုသင့်သည်ဟုအကြံပြုသည်။

တောင်တရုတ်ပင်လယ်မှ တစ်ဆင့် တိုင်ပေသို့ကို ၀င် ရောက်သွားသည့် တိုင်ဖွန်းမုန်တိုင်း သည် သြဂုတ် ၈ရက်ညက တရုတ် နိုင်ငံကို ဖြတ်ဝင်သွားပြီး ယင်းမုန် တိုင်း၏ အရှိန်သည်မြန်မာနိုင်ငံကို တိုက်ရိုက်သက်ရောက်မှုမရှိနိုင်ဟု ပြောသည်။

အောင်သစ်လွင် - 7day daily

မှတ်ချက်များ