![]() |
| ရေကြီးရေမြုပ်နေသော မကွေးတိုင်းအတွင်း မြင်ရသည့်ဒေသခံများ -ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ) |
ရေကြီးနစ်မြုပ်မှုကြောင့် ရေ ဘေးသင့်ပြည်သူအရေအတွက် မှာရက်ပိုင်းအတွင်း သိသာစွာမြင့် တက်လာနေသည်။ ရေဘေးသင့် ပြည်သူအရေအတွက်ကို သြဂုတ်၆ ရက်က ထုတ်ပြန်ခဲ့ရာ ၃၀၉,၇၆၉ဦးရှိပြီး သြဂုတ် ၇ ရက် ထုတ်ပြန်ချက်တွင် ၅၈၉,၉၆၁ ဦး ရှိလာ သည်။ ရေဘေးကြောင့် သေဆုံးသူမှာ ဇွန်လအတွင်းက ဖြစ်ပေါ်ခဲ့သော ရေလွှမ်းမိုးမှုများအပါအ၀င် သြဂုတ် ၇ ရက်အထိ ၉၆ ဦး ရှိလာခဲ့သည်။ သြဂုတ် ၆ ရက်စာရင်းတွင် သေဆုံးသူ ၈၈ ဦးဖြစ်၍တစ်ရက်အတွင်း ရှစ်ဦးထပ်တိုးလာခြင်း လည်းဖြစ်သည်။
ရေဘေးသင့်ပြည်သူအရေ အတွက်မှာ အချို့တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် အရေအ တွက် ကျဆင်းသွားသော်လည်း ဧရာဝတီတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် သိသိ သာသာ အရေအတွက် တိုးလာခဲ့ ကြောင်း ထုတ်ပြန်ချက်စာရင်း တွင် ဖော်ပြထားသည်။
‘‘အခုအချိန်မှာတော့ မြန်မာ နိုင်ငံ အောက်ပိုင်းဒေသတွေမှာ ရေဘေးသင့် ပြည်သူအရေအ တွက် တိုးလာတဲ့အတွက် ကူညီ ထောက်ပံ့ရေးတွေကို အဲဒီဒေသ တွေအတွက် ထပ်ဖြည့်ထားရ တယ်’’ဟု လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး တွင် သြဂုတ် ၆ ရက်လူကယ်ပြန်ဌာနစာရင်းအရ ရေဘေးသင့်သူ ၂၂၀၀ ခန့်သာ ရှိရာမှ သြဂုတ် ၇ ရက်စာရင်းတွင် ဦးရေတစ်သိန်း ခုနစ်သောင်းခန့်ရှိလာသည်။
အလားတူ မကွေးတိုင်းဒေသကြီးတွင် သြ ဂုတ် ၆ ရက်က ရေဘေးသင့်သူဦးရေ ၃၅,၀၀၀ ကျော်ရှိပြီး သြဂုတ် ၇ ရက်စာရင်းတွင် ဦးရေတစ်သိန်းလေးသောင်းခန့်အထိ ရှိလာသည်။ ယခင် ရေဘေးသင့်ပြည်သူအရေအတွက် တွင် ဦးရေတစ်သိန်းနှင့် အထက် ရှိသူ စစ်ကိုင်းတိုင်းဒေသကြီး တစ်ခုသာရှိခဲ့ရာမှ ယခုအခါ ဧရာဝတီတိုင်းနှင့် မကွေးတိုင်းဒေသ ကြီးတို့ ပါဝင်လာခဲ့သည်။
ထို့အပြင် ပဲခူးတိုင်းဒေသ ကြီးတွင် သြဂုတ် ၆ ရက်က ဦးရေ ၄၀,၀၀၀ ကျော်မှ သြဂုတ် ၇ ရက်တွင် ဦးရေ ၅၇,၀၀၀ ကျော်အထိ ရှိလာခဲ့သည်။
မိုးမင်း - 7day daily

မှတ်ချက်များ