ဘရာဇီးတွင် ရေထုညစ်ညမ်းမှု ဆန့်ကျင်သူ များ ဂွါနာဘာရာပင်လယ်အော်တွင် ဆန့်ကျင်ဆန္ဒပြ

(Photo: AFP)
ဘရာဇီးနိုင်ငံတွင် လာမည့်နှစ် အိုလံပစ်ရွက်လှေပြိုင်ပွဲများ ကျင်းပမည့် ရီယိုဒီဂျနေးရိုးမြို့ရှိ ညစ်ပတ်နေသော ဂွါနာဘာရာပင်လယ်အော်၌ ဖြစ် ပေါ်နေသည့် ရေထုညစ်ညမ်းမှုကို တိုက်ဖျက်ရန် အာဏာပိုင်များ ပျက်ကွယ်မှုအပေါ် ဆန့်ကျင်သူများက ရွက်လှေများ၊ ငါးဖမ်းလှေ များဖြင့် ဆန္ဒပြခဲ့ကြသည်။

ရွက်လှေများ၊ ငါးဖမ်းလှေများ၊ ကနူးလှေများအပါအ၀င် လှေပေါင်း ၃၀ ကျော်တို့ဖြင့် ဆန္ဒပြသူများက မရီနာဒီဂလိုရီယာ ဆိပ်ကမ်းမှ ထွက်ခွာလာကာ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

၂၀၁၆ နွေရာသီအားက စားပွဲတော်အတွက် ပြင်ဆင်နေ သော ဘရာဇီးနိုင်ငံတွင် ဂွါနာဘာ ရာပင်လယ်အော်ရှိ ရေထုအရည် အသွေးမှာ အဓိကစိုးရိမ်စရာတစ်ခု ဖြစ်လာသည်။

ရီယိုဒီဂျနေးရိုးမြို့ အာဏာပိုင်များက ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်၍ ကတိပေးထားသော်လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတက်ကြွလှုပ်ရှားသူများက ယင်းပင်လယ်အော်သည် ရေဆိုးထုတ်ရာနေရာဖြစ် နေသည်ဟု ပြောကြသည်။

ရီယိုဒီဂျနေးရိုးမြို့၏ ရေဆိုးအများစုသည် ဂွါနာဘာရာပင်လယ်အော်ထံသို့ ၀င်ရောက်နေပြီး မြစ်များ ဒါဇင်ပေါင်းများစွာတွင် လည်း အမှိုက်များ ပြည့်နေသည်ဟု တက်ကြွလှုပ်ရှားသူများက ပြောသည်။

အိုလံပစ်ပွဲတော်လက်ခံကျင်းပရေး ဘရာဇီးအစိုးရ၏ ကနဦးကြိုးပမ်းမှုတွင် ရေထုညစ် ညမ်းမှုများကို ၈၀ ရာခိုင်နှုန်းလျော့ချပေးမည်ဆိုသော ကတိပါဝင်သော်လည်း ပွဲတော်အမီ ယင်းသို့ လျှော့ချရန်ဖြစ်နိုင်ခြေ နည်းသွားပြီဖြစ်ကြောင်း အရာရှိများက ၀န်ခံထားသည်။

ယင်းအားကစားပြိုင်ပွဲအတွက် အကြိုလေ့ကျင့်မှုများကို ရီယိုဒီဂျနေးရိုးမြို့တွင် လာမည့် စနေနေ့၌ စတင်တော့မည်ဖြစ်သည်။ ယင်းအခြေအနေတွင် ရေထုသန့် ရှင်းရေးစက်ရုံ ရှစ်ရုံအနက် တစ်ရုံသာ တည်ဆောက်ထားရသေးသည်။

ဆန္ဒပြသူများက ယင်းပင်လယ်အော်တွင် ခုနစ်မိုင်အထိ လှေများဖြင့် ချီတက်ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

7day daily

မှတ်ချက်များ