စလင်း၌ ဆွမ်းခံကိုယ်တော်သုံးပါး ကားတိုက်ခံရ
မကွေးတိုင်းဒေသကြီး စလင်းမြို့တွင် သြဂုတ် ၂၉ ရက် နံနက် ၅ နာရီ ခန့်က လက်ပံပင်စာသင်တိုက်မှ သံဃာများသည် မြို့နယ်သာသနာ့ဟိတ ဆွမ်းလောင်းအသင်းသို့ အရုဏ်ဆွမ်းအလှူခံပြီး ကျောင်းသို့အပြန် လမ်းကြောအနောက်ဘက်မှ မောင်းနှင်လာသော ကုန်တင်ကားသည် အရှိန် မထိန်းနိုင်ဘဲ ဆွမ်းခံသံဃာတော်များအား တိုက်မိခဲ့သည်။
အဆိုပါဖြစ်စဉ်ကြောင့် လက်ပံပင်ကျောင်းတိုက်မှ ဦးသုမင်္ဂလ သက်တော် (၂၅)၊ ဦးရေဝတ သက်တော်(၂ဝ)၊ ဦးစန္ဒိမ သက်တော်(၂ဝ) တို့အား ဖြတ်ကြိတ်မိ၍ ဒဏ်ရာများရရှိခဲ့သဖြင့် စလင်းဆေးရုံသို့ အတွင်းလူနာအဖြစ် ပို့ဆောင်ကုသလျက်ရှိကြောင်း သိရသည်။
စစ်ကြည်(စလင်း) / Myanmaalinn

မှတ်ချက်များ