ဘန်ကောက်တွင် သြဂုတ် ၁၇ ရက်၌ဖြစ်ခဲ့သည့် ဗုံးပေါက်ကွဲမှုသ တင်းကိုယူပြီးနောက် ထိုင်းနိုင်ငံမှ ပြန်တော့မည့် ဟောင်ကောင်ဓာတ် ပုံသတင်းထောက်အန်ထော်နီကွမ်န် ဟော့-ချွန်သည်ကျည်ကာအင်္ကျီကို လေယာဉ်ပေါ်သို့ယူဆောင်လာရန် ကြိုးပမ်းသောကြောင့် အဖမ်းခံလိုက် ရသည်ဟု South China Mor -ning Post (SCMP) ကဖော်ပြ သည်။
အန်ထော်နီကွမ်န်ဟော့-ချွန် သည် ဘန်ကောက်ရှိသုဝဏ္ဏဘူမိ လေဆိပ်တွင်ဟောင်ကောင်သို့ ပြန် ရန်ထိုင်းလေကြောင်းလိုင်း ၆ဝ၂ လေ ယာဉ်ပေါ်သို့တက်မည်အပြုတွင် သြဂုတ် ၂၃ ရက်၌ ရဲ၏ဖမ်းဆီထိန်း သိမ်းခြင်းခံလိုက်ရသည်ဟု SCMP ကဖော်ပြသည်။
ဓာတ်ပုံသတင်းထောက်အန် ထော်နီသည် Initium မီဒီယာတွင် အလုပ်လုပ်နေသည်မှာ လေးလမျှ သာရှိသေးကြောင်း၊ သူသည်ကျည် ကာအင်္ကျီကို သူ၏လက်ဆွဲအထုပ် ထဲတွင် ထည့်ယူလာကြောင်း SC -MP သတင်းအရသိရသည်။
သူသည် တရားမဝင် လက်နက် ကို လက်ဝယ်ပိုင်ဆိုင်ထားရှိမှုဖြင့် တရားစွဲခံရသည်ဆိုသည်ကို ထိုင်းနိုင် ငံရှိ ပြည်ပသတင်းထောက်များက လပ် fCCT) ၏အဆိုအရသိရ၏။ ထိုအမှုကိုစစ်တရားရုံးတွင် စစ်ဆေး မည်ဟုသိရသည်။ သူသည်ပြစ်မှုထင် ရှားစီရင်ခြင်းခံရပါက ထောင်ငါးနှစ် အထိ ကျခံရနိုင်သည်။
ထိုင်းနိုင်ငံဥပဒေအရကျည်ကာ အင်္ကျီကို စစ်ရေးအတွက် မဟုတ်ဘဲ အသုံးပြုနိုင်ရန် လိုင်စင်လိုသည်။
Yangon Media Group

မှတ်ချက်များ