ကရင်ရိုးရာလက်ချည်ဖြူဖွဲ့မင်္ဂလာပွဲတွင် ရိုးရာလိပ်ပြာခေါ်ဆိုတောင်းပေးခြင်းကို ရွတ်ဖတ်သရဇ္ဈာယ်သည့်ပုဂ္ဂိုလ်များ ရှားပါးလာဟုဆို


ကရင်တိုင်း ရင်းသားများ၏ ရိုးရာဓလေ့ပွဲတော် တစ်ခုဖြစ်သည့် လက်ချည်ဖြူဖွဲ့ မင်္ဂလာပွဲတွင် ရိုးရာလိပ်ပြာခေါ်ဆု တောင်းခြင်းကို ရွတ်ဖတ်သရဇ္ဈာယ် သည့် ပုဂ္ဂိုလ်များရှားပါးလာပြီး ပျောက်ကွယ်သွားမည်ကို စိုးရိမ်ရ ကြောင်း ကရင်စာပေနှင့်ယဉ်ကျေး မှုအသင်း(ရန်ကုန်)မှ အတွင်းရေးမှူး ဦးစောလှထွန်းက
ပြောသည်။

ဝါခေါင်လတွင် ကျင်းပလေ့ရှိ သည့် ယင်းအခမ်းအနားတွင် လက် ချည်ဖြူဖွဲ့ပေးရန်အတွက် ကရင် ဘာသာဖြင့် ရွတ်ဖတ်သရဇ္ဈာယ်ရ ပြီး ထိုကဲ့သို့ရွတ်ဖတ်ခြင်းကို မျိုး ဆက်သစ် ကရင်တိုင်းရင်းသားများ အနေဖြင့် တတ်မြောက်သင်ယူလက် ဆင့်ကမ်း ယူဆောင်ခြင်းများမရှိ သည့်အတွက် ယင်းကဲ့သို့ရှားပါးလာ ခြင်းဖြစ်ကြောင်း သိရသည်။

''ရန်ကုန်မှာ လုပ်မယ်ဆိုရင် အဲ့ဒီရွတ်ဖတ် သရဇ္ဈာယ်မယ့်သူကို ရှာရပြီ။ ပြည်နယ်ကလူတွေရန်ကုန် ရောက်လဲ ရှာခေါ်ပြီးတော့လုပ်ရ တယ်။ ရွတ်ဖတ်တဲ့အချိန်မှာ တခြား အလုပ်တွေကို ဘာမှမလုပ်ဘဲဒီရွတ် ဖတ်ခြင်းတစ်ခုကိုပဲ စိတ်နှစ်ပြီးလုပ် ရတယ်။ လိပ်ပြာလေးပြန်လာပါ။ ဒီ ခန္ဓာကိုယ်ကို ပြန်လာပြီးနေထိုင်ပါ ဆိုပြီး ကရင်ဘာသာစကားနဲ့ရွတ် ဖတ်ရတယ်။ မခက်ခဲပေမယ့်လုပ် နေကြမဟုတ်ရင်လဲ လေးလေးနက် နက်မရှိရင်လုပ်လို့မရဘူးပေါ့။ လူငယ် တွေကလဲ တခြားစိတ်ဝင်စားစရာ တွေများတော့ ဒါတွေကိုသိပ်ပြီး စိတ်မဝင်စားတော့ဘူး။

ရွတ်ဖတ် တတ်တဲ့လူကြီးတွေ ကွယ်လွန်သွား တော့ မျိုးဆက်သစ်တွေကို လက်ဆင့် မကမ်းနိုင်ကြတော့ဘူး။ အခုကလဲ ဓလေ့တွေတော်တော်များများက ပျောက်ကွယ်လုဖြစ်နေကြတယ်'' ဟု ¤င်းက ဆက်လက်ပြောသည်။

ယင်းအခမ်းအနားမှာ ကွဲကွာ နေသည့် မိသားစုများပြန်လည်တွေ့ ဆုံရန်ပြုလုပ်ခြင်းဖြစ်ကာ လိပ်ပြာ ခေါ်ပွဲဟုလည်းခေါ်ဆိုကြပြီး အန္တ ရာယ်ကင်းစေရန်အတွက် မိမိတို့၏ လိပ်ပြာကို ခန္ဓာကိုယ်နှင့် မကွာအောင် စုစည်းသည်ဆိုသည့် အဓိပ္ပာယ်ဖြင့် ပြုလုပ်ခြင်းဖြစ်၍ လက်ချည်ဖြူဖွဲ့ အမျိုးအစားသုံးမျိုးခန့်ရှိကြောင်း သိရ သည်။

ရန်ကုန်တွင် ယင်းအခမ်းအ နားကို သြဂုတ်၃ဝရက်တွင် ဗဟန်း မြို့နယ် ခြောက်ထပ်ကြီးဘုရားဝင်း ရှိ ကရင်ပြည်နယ်ကျက်သရေဆောင် ဘုန်းတော်ကြီးကျောင်း၌ ရန်ကုန် ရောက် ကရင်တိုင်းရင်းသားများကစုပေါင်းကျင်းပကြပြီး ဝါခေါင်လသို့ ရောက်တိုင်း ဓလေ့ထုံးစံတစ်ခုအ ဖြစ် ကျင်းပကြခြင်းဖြစ်ကြောင်း သိရ သည်။

''ဝိညာဉ်ကခန္ဓာကိုယ်နဲ့မကပ် ဘဲ အကြောင်းအမျိုးမျိုးကြောင့် ကင်းကွာနေမှာ စိုးလို့၊ နောက်တစ်ခု က ဝါခေါင်လမှာမကောင်းဆိုးဝါး တွေမြူးတူးတဲ့ကာလဆိုပြီး အယူအ ဆရှိကြတယ်။ အဲဒါကြောင့်ကိုယ့်ရဲ့ လိပ်ပြာကိုမလွင့်စေဘဲ ပြန်လည်စု စည်းတဲ့သဘောနဲ့လုပ်ခဲ့တဲ့ ဓလေ့ ကို လူကြီးသူမတွေက လက်ဆင့်ကမ်းပြီးသယ်ခဲ့ကြတာ''ဟု ဦးစော လှထွန်းက ပြောသည်။

ကရင်လက်ချည်ဖြူဖွဲ့ အခမ်း အနားကို မင်္ဂလာဆောင်အခမ်းအ နား၊ ကျန်းမာရေးနှင့်ပတ်သက်သည့် ကိစ္စများတွင် ပြုလုပ်လေ့ရှိပြီး ဝါခေါင်လ တွင်ပြုလုပ်သည့် ကရင်လက်ချည် ဖြူဖွဲ့ပွဲမှာ နှစ်စဉ်ပြုလုပ်သည့်ပွဲ တစ်ခုဖြစ်ပြီး ဆွမ်းကပ်ခြင်းနှင့်ရိုး ရာဖျော်ဖြေရေးပွဲများ၊ ရိုးရာအစား အစာများပြုလုပ်၍ ကျင်းပလေ့ရှိ ကြောင်းသိရသည်။

Democracytoday

မှတ်ချက်များ