ရေကြီးရေလျှံခြင်းကြောင့် ပျက်စီးခဲ့ရသည့် ရခိုင်ပြည်နယ်မှ နေအိမ်တစ်သောင်းကျော်ကို လာမည့်လအတွင်း ပြန်ဆောက်ပေးမည်
ရခိုင်ပြည်နယ် အတွင်း ရေကြီးရေလျှံဖြစ်ပေါ်ခြင်း ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသူများ အတွက် နေအိမ် ၁ဝဝဝဝ ကျော်ကို လာမည့်လအတွင်း အသစ်ပြန်လည် ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဌာနမှ သိရသည်။
လက်ရှိတွင် ရေဘေးကြောင့် နေ အိမ်ပျက်စီးခဲ့ရသည့် ဒေသခံများမှာ နီးစပ်ရာဘုန်းကြီးကျောင်းများ၊ ဆွေ မျိုးမိတ်ဆွေနေအိမ်များတွင် ယာယီ ခိုလှုံနေထိုင်နေကြရသည်။
''နိုင်ငံတော်ကနေ ပြန်ပြီးတော့ အသစ်တည်ဆောက်ပေးမယ်။ နေ အိမ်တန်ဖိုးတွေကတော့ ညှိနေတုန်း ပါ။ လုံးဝပြိုကျပျက်စီးသွားတဲ့ အိမ် တွေကို ဆောက်ပေးမှာပါ။ တချို့တစ် ဝက် ပျက်စီးတာကတော့ မပါတော့ ဘူးပေါ့။
အခု လုံးဝပြိုကျသွားတဲ့ နေ အိမ်ပေါင်း တစ်သောင်းကျော်ရှိတယ်။ အဲဒါတွေအားလုံး ပြန်ဆောက်မှာပါ။ ပြန်ဆောက်မယ့် ဘတ်ဂျက်ကိုတော့ နိုင်ငံတော် အထူးဘတ်ဂျက်ငွေနဲ့ ဆောက်ပေးမှာပါ။ ရှေ့လလောက်ဆို ရင်တော့ စပြီးတော့ ဆောက်လုပ်ပေး နိုင်မှာပါ။ အခုလောလောဆယ်တော့ သူတို့အတွက် ကယ်ဆယ်ရေးစခန်း တော့ ဖွင့်ထားတာမရှိဘဲ ဘုန်းကြီး ကျောင်းတွေနဲ့ နီးစပ်ရာဆွေမျိုးအ သိတွေအိမ်မှာ ယာယီနေနေကြရ တယ်'' ဟု ပြည်နယ်လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဌာနမှ ညွှန်ကြားရေးမှူးဦးမြင့် စိုးက ပြောသည်။
နေအိမ်အသစ် ပြန်လည်တည် ဆောက်ပေးရမည့်ဒေသများမှာ ရေ ကြီးနစ်မြုပ်ခဲ့သည့် မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်၊ ကျောက်တော်မြို့နယ် နှင့် ဘူးသီးတောင်မြို့နယ် အစရှိသည် တို့မှ အဓိကပါဝင်ကြောင်း၊
လက်ရှိ တွင် ရေကြီးနစ်မြုပ်ခဲ့သည့် ဒေသများ တွင် လူမှုအဖွဲ့အစည်းများ အစိုးရ ဌာနဆိုင်ရာများမှ ရှင်းလင်းရေးလုပ် ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်း ယင်းက ဆက်လက်ပြောကြားသည်။
ရေကြီးရေလျှံဖြစ်ပေါ်ခဲ့ပြီး နောက် အခက်အခဲများကို ကြုံတွေ့ နေရသည့်မင်းပြားမြို့နယ် ဒေသခံ တစ်ဦးက ''နေအိမ်ပျက်စီးသွားတာ ဒီမြို့နယ်မှာ ၅ဝကျော်၊ ၆ဝ လောက် ရှိတယ်။ လက်ရှိကတော့ စားဝတ် နေရေးကို ဖြေရှင်းနေရတယ်။ ပြန် လည်ထူထောင်ဖို့ဆိုတာကတော့ အ ခက်အခဲတွေရှိတယ်။ ပြီးတော့ လယ် ယာသုံးပစ္စည်းကိရိယာတွေ လိုအပ် နေတယ်။ အစိုးရကတော့ လယ်ယာ တွေ ပြန်လည်စိုက်ပျိုးနိုင်ဖို့ လုပ်ပေး နေတာတွေရှိတယ်။
သူတို့ရဲ့ ပရော ဂျက်ထဲမှာ ပါနေတယ်လို့ သိရတယ်။ အဓိကတော့ မသန့်ရှင်းတဲ့ သောက် သုံးရေကန်တွေကရေတွေကို စုပ်ထုတ် လိုက်ပြီး နောက်ရွာမယ့်မိုးရေကိုပဲရ တော့မယ်ဆိုတော့ ရေရှည်အတွက် ရေလုံလောက်နိုင်မှာမဟုတ်ဘူး'' ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် ဇူလိုင်လ နောက်ဆုံးရက်သတ္တပတ်အတွင်း မိုး သည်းထန်စွာ ဆက်တိုက်ရွာသွန်းခြင်း နှင့် ကိုမန်မုန်တိုင်းဖြစ်ပေါ်ခြင်းတို့ ကြောင့်ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့ တွင် ရုတ်တရက်ရေကြီးခြင်း၊ လေ ပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး၊ ယင်းဖြစ်စဉ်သည် ရခိုင်ပြည်နယ်သမိုင်း တွင် အဆိုးရွားဆုံး သဘာဝဘေးအန္တ ရာယ်တစ်ခုဖြစ်ကြောင်း၊ ယင်းရေဘေး ကြောင့် သေဆုံးသူ ၅၆ ဦးရှိခဲ့ပြီး၊ နေအိမ်တစ်သောင်းကျော်၊ စာသင် ကျောင်းပေါင်း ၃၆ဝ ကျောင်း၊ ဘုန်း ကြီးကျောင်း ၁၂ဝ ကျောင်း၊ လမ်း ၁၆ လမ်း၊ တံတား ၂၂ စင်း၊ စိုက်ပျိုး မြေလယ်ဧက နှစ်သိန်းကျော် ရေနစ် မြုပ်ပျက်စီးသွားပြီး၊ သောက်သုံးရေ ကန်များလည်း ရေနစ်မြုပ်ပျက်စီးသွား ကြောင်း ပြည်နယ်အစိုးရအဖွဲ့၏ စာ ရင်းဇယားများအရ သိရသည်။
Democracytoday

မှတ်ချက်များ