ယခုနှစ် သြဂုတ်လအထိ နိုင်ငံခြားသားခရီးသွား တစ်သန်းခွဲ ပြည်တွင်းသို့ ဝင်ရောက်ခဲ့


မြန်မာနိုင်ငံ အတွင်း ယခုနှစ်သြဂုတ်လ စတုတ္ထ ပတ်အထိ နိုင်ငံခြားသား ခရီးသွား ဝင်ရောက်မှု တစ်သန်းခွဲထိရှိကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းမှ သိရသည်။

၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အ တွင်း နိုင်ငံခြားသားခရီးသွားငါးသန်း ခန့်ဝင်ရောက်နိုင်ရန် မျှော်မှန်းထား သော်လည်း ရေကြီးရေလျှံမှုကြောင့် လက်ရှိအချိန်ထိ နိုင်ငံခြားသားခရီး သွား တစ်သန်းခွဲခန့်ထိသာဝင်ရောက် ခဲ့ပြီး ယခင်ဘဏ္ဍာနှစ်ဖြင့် နှိုင်းယှဉ် ပါက နိုင်ငံခြားသားဝင်ရောက်မှု ၅ဝ ရာခိုင်နှုန်းထိမြင့်တက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ရှင်များအသင်းမှ တွဲဖက်အထွေထွေ အတွင်းရေးမှူး(၁) ဦးတင်ထွန်းအောင် က ''၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အတွက် နိုင်ငံခြားသား ဝင်ရောက်မှုကို ငါး သန်းခန့် မျှော်မှန်းထားတာပါ။ အခု ချိန်က ရေကြီးရေလျှံမှုလဲဖြစ်လိုက် တော့ လက်ရှိမှာတော့ တစ်သန်းခွဲပဲ ဝင်ရောက်နေပါတယ်။ ကျန်ရှိနေတဲ့ လတွေက ခရီးသွားရာသီရောက် တော့မှာဆိုတော့ မျှော်မှန်းထားတဲ့ အရေအတွက် ပြည့်မီမှာပါ''ဟု ပြော သည်။

မြန်မာနိုင်ငံအတွင်း ဝင်ရောက် သော နိုင်ငံခြားသား ခရီးသွားများ တွင် ထိုင်းနိုင်ငံသားများမှာ အများ ဆုံးဝင်ရောက်မှုရှိပြီး ဒုတိယအများ ဆုံးဝင်ရောက်မှုမှာ တရုတ်နိုင်ငံသား များဖြစ်ကြောင်း သိရသည်။

ယင်းက ''နိုင်ငံခြားသား ဝင် ရောက်မှုတစ်သန်းခွဲမှာ ကုမ္ပဏီများ က ခရီးစဉ်စဆုံးစီစဉ်ပေးတဲ့ဝန်ဆောင် မှုနဲ့ ဝင်ရောက်လည်ပတ်တာထက် FIT ခေါ် ကျောပိုးအိတ် ခရီးသွား နိုင်ငံခြားသားဝင်ရောက်မှုက ပိုများ တယ်''ဟု ဆက်လက်ပြောသည်။

၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားသား ဝင်ရောက်လည်ပတ် မှုဦးရေ နှစ်သန်းအထိဝင်ရောက်ခဲ့ပြီး ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံ ခြားသားဝင်ရောက်မှုဦးရေ သုံးသန်း ထိ ဝင်ရောက်ခဲ့သည်။

Democracytoday

မှတ်ချက်များ