ပုပ္ပားတောင်ကလပ်အနီးရှိ မြေလွတ်မြေရိုင်းများ ချထားပေးသည်ထက် ပိုမိုဝယ်ယူနေမှု သက်ဆိုင်ရာဌာနများသို့ တိုင်ကြားစာပေးပို့


ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်အချို့မှာ ပုပ္ပား တောင်ကလပ်အနီးရှိမြေလွတ်မြေ ရိုင်းများအား သက်ဆိုင်ရာဌာနမှ ချ ထားပေးသည့် မြေဧကထက် ပိုမိုချဲ့ ထွင်ဝယ်ယူနေခြင်းများကြောင့် ဒေ သခံများနှင့် ပုပ္ပားတောင်ချစ်သူများ အသင်းမှ ခရိုင်အထွေထွေအုပ်ချုပ် ရေးမှူးရုံးနှင့် မြေစာရင်းဦးစီးဌာနသို့ တိုင်ကြားစာများ ပေးပို့ထားကြောင်း ပုပ္ပားတောင်ချစ်သူများအသင်းမှသိ ရသည်။

''လွန်ခဲ့တဲ့လတွေကတည်းက ဒီမြေလွတ်မြေရိုင်းတွေကို အသည်း အသန်လိုက်ဝယ်နေတာပြီးတော့ သူ တို့ကချပေးတဲ့မြေဧကထက်ပိုပြီး ယူနေကြတယ်။ သုံးဧကပေးတယ်ဆို ခုနစ်ဧကလောက်ချဲ့တာ။ ဒါကို ဒေသ ခံတွေက မကျေနပ်လို့ သက်ဆိုင်ရာ ဌာနတွေကိုတိုင်ထားတာ။ ကျွန်တော် တို့ကတော့ ကန့်ကွက်စာပို့ထားတယ်'' ဟု ပုပ္ပားတောင်ချစ်သူများအဖွဲ့မှ ဦးတိုးက ပြောသည်။

အဆိုပါကန့်ကွက်တိုင်ကြား စာများကို ယခင်လကုန်ပိုင်းက ပေးပို့ ခဲ့ခြင်းဖြစ်ပြီး ယခုသက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများအား အထက်မှလာ ရောက်စစ်ဆေးနေသည်ဟု ကြား သိရကြောင်း ¤င်းကဆက်ပြောသည်။

''ကျွန်တော်တို့က အာဏာပိုင် အဖွဲ့အစည်းမဟုတ်တော့ ကန့်ကွက် ရုံကလွဲလို့ ကျန်တာတော့မတတ်နိုင် ဘူး။ ဌာနကိုလျှောက်ပြီး ကျလာတဲ့ ဈေးကနည်းပေမယ့် သူတို့က ပြန်ပြီး အကွက်ရိုက်ပြီး ရောင်းစားကျတဲ့အ ခါကျတော့ ဈေးကကောင်းတယ်။ ခုဆိုရင်ပဲ တစ်ဧကကို ပေါက်ဈေး က မနည်းဘူး''ဟု ၄င်းကဆက်ပြော သည်။

လက်ရှိ ပုပ္ပားတောင်ကလပ် အ နီးရှိ မြေလွတ်မြေရိုင်းများမှာ တစ် ဧကလျှင် ကျပ်သိန်းခြောက်ဆယ် ခန့်အထိ ပေါက်ဈေးရှိနေကြောင်း ¤င်းကဆိုသည်။

''ဒေသခံတွေကတရားဝင်တိုင် ကြားထားတာပါ။ ဒီကိစ္စကို ကျွန်တော် တို့အဖွဲ့တွေ အောက်ခြေအထိ သွား ရောက် စစ်ဆေးနေပါတယ်။ ကျန် တာကတော့ စုံစမ်းစစ်ဆေးနေဆဲပါ''ဟု ညောင်ဦးအထွေထွေအုပ်ချုပ် ရေးမှူး ဦးတင့်ထူးမောင်က ပြော သည်။

ထိုကဲ့သို့ သွားရောက်စစ်ဆေး ရာတွင် မြေယာစီမံခန့်ခွဲရေးအဖွဲ့များ ပါဝင်ပြီး လက်ရှိဖြစ်ပွားနေသည့် နေ ရာမှာ ညောင်ဦးခရိုင် ပုပ္ပားမြို့အနီး ပုပ္ပားတောင်ကလပ် အတက်လမ်း မဘေး ပုပ္ပားအိုအေစစ်ဟိုတယ်၏ မျက်နှာချင်းဆိုင်ရှိ မြေလွတ်မြေရိုင်း များဖြစ်သည်ဟုလည်း သိရသည်။

ထိုသို့ မြေလွတ်မြေရိုင်းများ ဝယ်ယူရန်အတွက် သက်ဆိုင်ရာ ဌာ နများမှ ထောက်ခံချက်အဆင့်ဆင့် ရယူ၍ ဆောင်ရွက်ပေးထားခြင်း ဖြစ်ပြီးဆက်လက်စစ်ဆေးနေဆဲဖြစ် ကြောင်း ညောင်ဦးခရိုင် အထွေထွေ
အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

Democracytoday

မှတ်ချက်များ