မုံရွာမြို့ဆေးဆိုင်များတွင် ဆေးဝယ်သူဟန်ဆောင်၍ ဆေးဘူးအတုများဖြင့် လဲလှယ်ယူသော အသက် ၆ဝ ကျော်အရွယ်အမျိုးသမီးအား ဖမ်းမိ

မုံရွာမြို့ရှိဆေး ဆိုင်များတွင် ဆေးဝယ်သူဟန်ဆောင် ၍ အသင့်ပါလာသောပုံစံတူဆေးဘူး အတုများကို ဆိုင်မှဆေးဘူးအစစ် များဖြင့် လဲလှယ်ယူသော အသက် ၆ဝကျော်အရွယ် အမျိုးသမီးတစ်ဦး အား သြဂုတ် ၂၃ ရက် ညနေပိုင်း က လိမ်လည်ခံရသောဆေးဆိုင်များမှ လိုက်လံရှာဖွေ ဖမ်းဆီးခဲ့ကြောင်း မုံရွာမြို့
မြို့မရဲစခန်းမှ သိရသည်။

အဆိုပါ အမျိုးသမီးကြီးသည် အော်ရာမင်းဂျီ၊ အော်ရာမင်းအက်ဖ် ဆေးဘူးများတွင် ပါရာစီတမောဆေး များထည့်၍လည်းကောင်း၊ ဘရင်း ငှက်သိုက်ရည်ဘူးများတွင် ကလေး ချွဲသလိပ်ကြေရင်လူးဆေးများထည့် ၍လည်းကောင်း လဲလှယ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

''သူက အဲဒီဆေးအမျိုးအစား ဆေးဘူးတွေပေးပါဆိုပြီး ခိုင်းတယ်၊ ပြီးတော့ ကျန်ကျောင်းအိတ်နဲ့ထုပ် ခိုင်းတယ်၊ နောက်ပြီးတခြားဆေးတွေ လျှောက်ပြခိုင်းပြီး သူ့မှာပါလာတဲ့ အဲဒီအားဆေးတံဆိပ်ဘူးခွံတွေနဲ့ပုံစံ တူ အသင့်ထည့်ထားတဲ့ဆေးအိတ်နဲ့ လဲပြီး ကောင်တာပေါ်ပြန်တင်ပေးတာ၊ ပိုက်ဆံမလောက်လို့ နောက်မှဆိုက် ကားသမားကို လာယူခိုင်းမယ်ပြောပြီး ထားခဲ့တာ၊ ဆေးတွေက တစ်သိန်း ကျော်ဖိုးရှိတယ်၊ တခြားဆိုင်တွေလဲ အဲဒီနည်းအတိုင်း လိုက်လိမ်သွားတာ''ဟု ဒေါနခြံရပ်ကွက် သာစည်လမ်း ထောင့်မီးပွိုင့်အနီးရှိ အေးကမ္ဘာဆေး ဆိုင်ပိုင်ရှင်က ပြောကြားသည်။

¤င်းအမျိုးသမီးသည် မုံရွာ မြို့တွင်း ဆေးဆိုင်ငါးဆိုင်ခန့်အားလှည့်လည်လိမ်ခဲ့ပြီး ညနေပိုင်းတွင် ဘုရားနီ
လမ်း မြတ်သုခဈေးဆိုင်၌ ယင်းနည်းအတိုင်း လိမ်လည်နေစဉ် ဆေးဆိုင် အသိုင်းအဝိုင်းမှတွေ့ရှိပြီး ဝိုင်းဝန်းဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''သူက အဲဒီလိုသူ့အိတ်ကိုထား ခဲ့ပြီး ပြန်မလာတာနဲ့ ထားခဲ့တဲ့အိတ် ကို ဖွင့်ကြည့်တော့မှ ဘူးခွံတွေမှန်း သိတာ။ ဆိုင်က စီစီတီဗွီကိုပြန်ကြည့် ပြီး အဲဒီအမျိုးသမီးကို လိုက်ရှာကြ တာ''ဟု ပွဲစားတန်းလမ်းရှိစိုပြေဈေး ဆိုင်မှ ပြောသည်။

ဆေးဘူးလဲလှယ်သူ အမျိုးသမီး မှာ ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက် ပိုင်းနေ ဒေါ်ဝင်းကြည်ဆိုသူ ဖြစ် ကြောင်း သက်ဆိုင်ရာမှစစ်ဆေးမေး မြန်းချက်အရသိရပြီး မုံရွာမြို့နယ် မြေရဲစခန်းမှ ဖမ်းဆီးရမိခဲ့သော်လည်း အလိမ်ခံရသော ဆေးဆိုင်အများစု မှာ မြို့မရဲစခန်းပိုင်နယ်မြေအတွင်း ဖြစ်သောကြောင့် မြို့မရဲစခန်းတွင် လွှဲပြောင်းယူ၍ အမှုဖွင့်ထားကြောင်း သိရသည်။

''အလိမ်ခံရတဲ့ ဆိုင်တွေအားလုံး ကတော့ အမှုလာမဖွင့်သေးဘူး။ အမှန်တော့ အားလုံးပူးပေါင်းလုပ် ရမှာ။ လိမ်တဲ့အမျိုးသမီးကလိပ်စာ ကိုလဲ ဟိုတစ်မျိုးဒီတစ်မျိုးပြောနေ တာ''ဟု မုံရွာမြို့ မြို့မရဲစခန်းမှ ရဲ အုပ်စိုးစိုးက ပြောသည်။

ယခုဖြစ်စဉ်တွင် ဖမ်းဆီးရမိ သောအမျိုးသမီးအား မုံရွာမြို့မ ရဲစခန်းမှ (ပ)၄၂၁/၂ဝ၁၅၊ ပုဒ်မ ၃၇၉၊၄၆၅ ဖြင့် အမှုရေးဖွင့်စစ်ဆေး နေကြောင်း သိရသည်။

Democracytoday

မှတ်ချက်များ