အသက် ၄၀ မပြည့်ခင် ကမ္ဘာ့နိုင်ငံတိုင်းကို ရောက်အောင် လည်နိုင်ခဲ့တဲ့ လူ
























နော်ဝေ နိုင်ငံသားဖြစ်တဲ့ Gunnar Garfors ဟာ သူ့ အသက် ၃၇ နှစ်ပြည့်မှာပဲ ကမ္ဘာပေါ်မှာ ရှိရှိသမျှ နိုင်ငံတိုင်းကို လည်ပတ်ပြီးခဲ့သူ အဖြစ် စံချိန်တင်ခဲ့ပါတယ်။ ခရီးစဉ်ဟာ ၂၀၁၃ ခုနှစ်မှာ ပြီးဆုံးခဲ့ပြီး ယခုတော့ အသက် ၄၀ ပြည့်ပါပြီ။ သူဟာ ကမ္ဘာပေါ်မှာ အသက် အငယ်ဆုံးနဲ့ တစ်ကမ္ဘာလုံးကို ခရီးသွားပြီးသူ အဖြစ် စံချိန်တင်ခဲ့ပါတယ်။

သတင်းထဲမှာ ဖော်ပြချက် အရကတော့ ၁၉၈ နိုင်ငံ ဖြစ်ပါတယ်။ တကယ်တန်းကျတော့ ကမ္ဘာမှာ နိုင်ငံပေါင်း ၁၉၆ နိုင်ငံသာရှိကြောင်း အသိအမှတ်ပြုထားပြီး ဒါတောင် ထိုင်ဝမ်ကို နုတ်မယ်ဆိုရင် ၁၉၅ နိုင်ငံပဲ ရှိပါတယ်။ အမေရိကန်တို့လို နိုင်ငံအနေနဲ့ ထိုင်ဝမ်ကို နိုင်ငံ တစ်နိုင်ငံ အဖြစ် သတ်မှတ် ဖော်ပြခြင်း မရှိတာကြောင့် ဖြစ်ပါတယ်။ ၁၉၈ လို့ ဖော်ပြတဲ့ အကြောင်းကတော့ စစ်ရေး အရ၊ နိုင်ငံရေး အရ အငြင်းပွားပြီး နိုင်ငံ ထူထောင်ခွင့် မရတဲ့ နိုင်ငံတွေကိုတောင် Gunnar ဟာ ရောက်ခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။

သူ့အနေနဲ့ တစ်ယောက်တည်း သွားရတာ ရှိသလို အဖွဲ့သားများနဲ့လည်း သွားရတာ ရှိပါတယ်။ သူ့အနေနဲ့ အီရန်ကို ရောက်ခဲ့တဲ့ အချိန် အီရန် အမျိုးသမီး တစ်ဦးဟာ သူ့ကို ချစ်ကြိုက်ကြောင်း၊ လက်ထက်လိုကြောင်း ပြောတော့ သူဟာ ယဉ်ယဉ်ကျေးကျေးပဲ ငြင်းဆန် နှုတ်ဆက်ခဲ့ ပါတယ်။

ဘူတန်တို့ နိုင်ငံလည်း ရောက်ပါတယ်။ ဆိုမာလီ နိုင်ငံ ရောက်တုန်းကဆိုရင် သေနတ်နဲ့ အပစ်သတ် ခံရလုနီးနီး အထိ ဖြစ်ပြီး ပါကစ္စတန် နဲ့ အခြား အရှေ့အလယ်ပိုင်း နိုင်ငံ အချို့မှာ ဓါးနဲပါ အခုတ် ခံရလုနီးနီးလည်း ဖြစ်ပါတယ်။

သူခရီးသွားတာ ကုန်ကျစရိတ် အင်မတန် သက်သာ ပါတယ်။ သူ့ရဲ့ အလုပ်ကလည်း ရုပ်သံ သတင်းထောက် ဖြစ်တာကြောင့် သွားလာမှု အတွက်လည်း နော်ဝေက သတင်း ဌာနက ပေးပါတယ်။ အမှန်တော့ နော်ဝေ သတင်းဌာနကနေ သူ့ကို ပို့ပေးနေတဲ့ လစာက သာမန်လူ တစ်ယောက် အတွက် ကမ္ဘာပတ်ဖို့ အတွက် လုံးဝ မလုံလောက်ပါဘူး။ ဒါပေမယ့် Gunnar ကတော့ မလောက် လောက်အောင် သုံးပြီး ကမ္ဘာပတ်ပြသွား ပါတယ်။

ဘယ်လို သုံးသလဲဆို ပထမဆုံး အချက်အနေနဲ့ ခရီးသွား လက်မှတ်များ အရင် ကြိုဝယ် ပါတယ်။ လေယာဉ် လက်မှတ် ကြိုဝယ်ခြင်းက အင်မတန် သက်သာစေ ပါတယ်။ ဈေး အသက်သာဆုံး အချိန်ကို ကိုက်ပြီးတော့ ဝယ်ထားခြင်း ဖြစ်ပါတယ်။ ပြီးတော့ လေယာဉ်နဲ့ သွားမယ့်အစား နယ်စပ်ကို ဖြတ်တဲ့ ကားတွေ၊ ရထားတွေကိုလည်း သုံးပါတယ်။ အချို့နေရာဆိုရင် ကုန်းကြောင်း လမ်းလျှောက်တာမျိုး၊ ကုလားအုတ် စီးတာမျိုးတောင် လုပ်ပါတယ်။

အိပ်တော့လည်း အများပြည်သူသွား ဆေးရုံတွေက ဆိုဖာတွေပေါ်မှာ သွားအိပ်တာမျိုးတို့လည်း လုပ်ပါသေးတယ်။ ပြီးတော့ ရောက်လာရာ အရပ်များ မျက်နှာကို ချိုချိုသာသာ ထားခြင်း၊ လူတကာနဲ့ တည့်အောင် ခင်အောင် နေခြင်း၊ ခရီးသွားဖော်တွေနဲ့ အပေါင်းအသင်း ဖြစ်အောင် စကားပြောခြင်း အစရှိသဖြင့် တို့ကြောင့် ခရီးသွားခ ပေးစရာ မလိုတာကနေ တောင်တက် ခရီးစဉ်ကို အခမဲ့ ခေါ်သွားတဲ့ အထိ သူ အခွင့်အရေး ရပါတယ်။

စကားပြောကောင်းရင် လေယာဉ်တောင် အလကား စီးရတယ်ဆိုတဲ့ ဆိုရိုးက တကယ်မှန်ပါတယ်။ သူ စကားပြောတတ်တာကြောင့် သူ့ခရီးစဉ် အချို့ဟာ အခမဲ့တွေ ဖြစ်ခဲ့ ပါတယ်။ သူ့ အသက်ဘေး ရောက်တောလည်း ယင်း လူတွေကပဲ ပြန်ကယ်ပေးသွား ပါတယ်။ ပင်လယ်သေမှာလည်း ရေကူးခဲ့သလို၊ ဆိုမာလီ မြို့မှာလည်း ဓာတ်ပုံ ရိုက်ခဲ့ပါတယ်။ မီးတွင်းနက်၊ ပိရမစ်၊ အိန္ဒိယ တောရွာ၊ အီဂျစ်၊ အီတလီ၊ ဥရောပ၊ အမေရိက နိုင်ငံ တစ်နိုင်ငံမှ မကျန်အောင် အကုန် ရောက်ခဲ့ပြီး အလုပ်ကလည်း မပျက်ခဲ့ ပါဘူး။ 

အချို့ခရီးစဉ်ဆိုရင် လေယာဉ် လွယ်တာကြောင့် တစ်ရက်တည်းနဲ့ ၅ နိုင်ငံမက ရောက်တာမျိုးလည်း ရှိခဲ့ ပါတယ်။သူ ခရီးစဉ်ကို ၂၀၁၃ ခုနှစ်မှာ ပြီးဆုံးပြီး ၁၉၈ နိုင်ငံကို ရောက်ရှိတဲ့ အကြောင်းအရာကို စာအုပ်ပြန်လည် ရေးသားခဲ့ ပါတယ်။ ဓာတ်ပုံများစွာကို ပြန်လည် ထည့်သွင်းဖော်ပြ ထားပါတယ်။ Gunnar ဟာ ကမ္ဘာ့ အသက် အငယ်ဆုံးနဲ့ ကမ္ဘာပတ် နိုင်ငံ အစုံ အရောက်ဆုံး လူသား အဖြစ် စံချိန်တင်ခဲ့ ပါတယ်။

ရိုးရာလေး

မှတ်ချက်များ