ရေအောက်ရောက် မင်းပြား

 



ရခိုင်ပြည်နယ်မှာ မုန်တိုင်းကြောင့် ပျက်စီးမှုအများဆုံးဖြစ်တဲ့ မြောက်ဦးနဲ့ မင်းပြားဟာ မြို့ရဲ့ ၄ပုံ၃ပုံလောက် ရေနစ်မြုပ်ခဲ့တယ်လို့ ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ဆိုပါတယ်။ မင်းပြားမြို့ဟာ ဝေဟင်ကတွေ့ရတဲ့အတိုင်း ရေအောက်မှာ မြုပ်နေပါတယ်။ ကုလသမဂ္ဂ OCHA ကတော့ ရေလွှမ်းမိုးမှုကြောင့် မြန်မာပြည်မှာ လူ ၂၇ယောက်သေဆုံးပြီး လူပေါင်း ၁သိန်းခွဲ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်ဆိုတဲ့ အချက်အလက်တွေဟာ ဒီထက်မက မြင့်မားနိုင်ချေရှိတယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။ 

မုတ်သုန်မိုးက အဆက်မပြတ်ရွာဦးမယ့် မှန်းဆချက်တွေကြောင့် မြစ်ဝကျွန်းပေါ်ဒေသဟာ အစိုးရိမ်ရဆုံးနေရာဖြစ်လာနေပြီလို့ ပညာရှင်တွေက ကြိုတင်သတိပေးနေပြီး ပြည်မြို့နဲ့ ဟင်္သာတမှာ ဧရာဝတီမြစ်ရေဟာ ပုံမှန်ထက် ရုတ်တရက်မြင့်လာနိုင်တာမို့ ၁၉၇ဝပြည့်လွန်နှစ်တွေက ရေလွှမ်းမိုးမှုမျိုး ရင်ဆိုင်ရဖွယ်ရှိတယ်လို့ ဆိုပါတယ်။

‪#‎SupportMyanmar‬
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

မှတ်ချက်များ