မိုဘိုင်းလ်ဖုန်း ရောင်းအားကျလာတဲ့ Samsung က စမတ်ဖုန်းတွေကို ဈေးချ
Samsung ကုမ္မဏီ ဟာ ဒီနှစ် အစောပိုင်းမှာ ကတည်းက ၂၀၁၅ ခုနှစ်ရဲ့ ၃ ပုံ ၂ ပုံ ကာလနဲ့ ပတ်သက်ပြီး ကြိုတင်ခန့်မှန်းထားတဲ့ မျှော်မှန်းချက်တွေနဲ့ လွဲချော်သွားခဲ့ရပြီး သူ့ရဲ့ နောက်ဆုံးထုတ် အရည်အသွေးမြင့် စမတ်ဖုန်းတွေရဲ့ ရောင်းအား ကြောင့် အခုလို ဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။
Samsung ရဲ့ လုပ်ငန်းလည်ပတ်မှု အကျိုးအမြတ်တွေဟာ မျှော်မှန်းထားတာထက် ၄ ရာခိုင်နှုန်းခန့် လျော့ကျသွားပြီး ၆.၉ ထရီလီယံ သာ အရေအတွက် အားဖြင့် ရောင်းအားရှိတော့ပြီး ဒေါ်လာ၅.၉ ဘီလီယံ သာ ရရှိခဲ့တာကိုတွေ့ရပါတယ်။
မိုဘိုင်းလ်ထုတ်လုပ် ရောင်းချရေး အပိုင်းမှာတော့ မနှစ်က ဒီလိုအချိန်မှာ အရေအတွက်အားဖြင့် ၄.၄၂ ထရီလီယံ နဲ့ ဒေါ်လာ၃.၈ ဘီလီယံ ဖိုးရောင်းချနိုင်ခဲ့ရာကနေ လက်ရှိအချိန်မှာတော့ အရေအတွက် အားဖြင့် ၂.၇၆ ထရီလီယံ နဲ့ ဒေါ်လာ ၂.၄ ဘီလီယံ သာ ရောင်းချနိုင်ခဲ့တာကို တွေ့ရပါတယ်။
ဒါပေမယ့်လည်း ဘာပဲဖြစ်ဖြစ် Samsung ဟာ အကျိုးအမြတ်အားဖြင့် တော့ နောက်ဆုံး တစ်ကြိမ်ထက် ၃ ရာခိုင်နှုန်း တက်လာတာကိုတွေ့ရပါတယ်။ ၂၀၁၅ ရဲ့ လက်ကျန်ကာလတွေမှာတော့ Samsung အနေနဲ့ စမတ်ဖုန်းလောကမှာ အဓိက ရင်ဆိုင် ယှဉ်ပြိုင်နေရတဲ့ ထိပ်တန်း ကုမ္မဏီ Apple ကို ဂရုစိုက်ဖို့လိုလာပါပြီ။ ဘာကြောင့်လဲဆိုတော့ Apple ဟာ iPhone အသစ်ကိုထုတ်လုပ်ဖို့ လျာထားတဲ့အတွက်ပါ။
မိုဘိုင်းလ်ဖုန်း ရောင်းအားကျလာတာနဲ့ ပတ်သက်ပြီး Samsung မှာ ဖြေရှင်းဖို့ နည်းလမ်းရှိနေပါတယ်။ အဲဒါကတော့ နောက်ဆုံးထုတ် စမတ်ဖုန်းတွေဖြစ်တဲ့ Galaxy S6 နဲ့ Galaxy S6 Edge တို့ကို လျှော့ဈေးနဲ့ရောင်ချဖို့ပါပဲ။ ဒါ့အပြင် Samsung ဟာ လာမယ့် သြဂုတ်လ ၁၃ ရက်နေ့မှာ ပွဲတော်တစ်ခုကျင်းပဖို့ ကြေညာထားပြီး ထို ပွဲမှာလည်း Galaxy Note အသစ်နဲ့ ပိုမိုကြီးမားတဲ့ S6 Edge တို့ကို မိတ်ဆက်သွားဖွယ်ရှိနေပါတယ်။
( Mario ) - သစ်ထူးလွင်
Ref : Engadget
မှတ်ချက်များ