Shades of Blue ရိုက်ကွင်းမှာ Jennifer Lopez လှေကားပေါ်က ပြုတ်ကျ




သရုပ်ဆောင်နဲ့ အဆိုတော် တစ်ယောက်ဖြစ်တဲ့ Jennifer Lopez ဟာ သူမ ပါဝင်သရုပ်ဆောင်ထားတဲ့ "Shades of Blue" ဆိုတဲ့ ဇာတ်လမ်းကို ရိုက်ကူးနေစဉ်မှာ အုတ်လှေကားပေါ်ကနေ ချော်လဲ ကျသွားခဲ့ပါတယ်။

သူမဟာ စုံထောက်တစ်ယောက်အဖြစ် သရုပ်ဆောင်ရင်း သေနတ်တစ်လက်ကို ကိုင်ရင်း တွဲဖက်သရုပ်ဆောင်နဲ့အတူ အိမ်တစ်အိမ်ထဲ ၀င်ရောက်မယ့် ဇာတ်ဝင်ခန်းကို ရိုက်ကူးနေစဉ်မှာ လှေကားပေါ်က တစ်လိမ့်ကောက်ကွေး ပြုတ်ကျသွားခဲ့ပြီး ကြမ်းပြင်ပေါ် မျက်နှာ နဲ့ ကျခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း J.Lo ကတော့ သူဘာမှ မဖြစ်ဘူးလို့ ဆိုကာ ခဏနားပြီး ရိုက်ကွင်းကို ဆက်လက်ရိုက်ကူးစေခဲ့ပါတယ်။

J.Lo ရဲ့ လှေကားပေါ်က ပြုတ်ကျမှုဟာ သူမရဲ့ လက်သည်းတွေကို ထိခိုက်နာကျင်စေခဲ့တာကိုတွေ့ရပါတယ်။ သူမရဲ့ မျက်နှာမှာလည်း ဒဏ်ရာအနည်းငယ်ရသွားပါသေးတယ်။ သူမရဲ့ လက်သည်းမှာ ရခဲ့တဲ့ ဒဏ်ရာတွေအတွက်တော့ နာရီနဲ့ လက်စွပ်တို့က မသိသောတော့အောင် ကူညီပေးနိုင်ခဲ့ပါတယ်။ သူမရဲ့တွဲဖက်သရုပ်ဆောင် တစ်ယောက်က သူမကို လိုအပ်တာတွေကူညီပေးခဲ့ပြီး J.Lo ကတော့ သူမရဲက ရှည်လျားတဲ့ လက်သည်း ကို ညှပ်လိုက်ရတယ်လို့ သိရပါတယ်။

ထို ရိုက်ကွင်းဟာ နယူးယော့ခ်မြို့ ၊ ကွင်းမြို့နယ် ၊ Maspeth ရပ်ကွက်ထဲမှာ တည်ရှိခဲ့တာဖြစ်ပါတယ်။

( Mario ) - သစ်ထူးလွင်
Ref : Starpulse

မှတ်ချက်များ