Smart Phone တစ်လုံးလျှင် စက္ကန့် ၃ဝ၊ လျှပ်စစ်ကားတစ်စီးလျှင် ငါးမိနစ်ဖြင့် လျှပ်စစ်ဓာတ်အားသွင်းနိုင်မည့် ဘက်ထရီများကို အစ္စရေးကုမ္ပဏီ တီထွင်


မိုဘိုင်းဖုန်းတစ်လုံးကို စက္ကန့် အနည်းငယ်ဖြင့်လည်းကောင်း၊ လျှပ် စစ်ကားတစ်စီးကို မိနစ်အနည်းငယ် ဖြင့်လည်းကောင်း ဓာတ်အားသွင်း ပေးနိုင်သည့် ဘက်ထရီကို တီထွင် ထုတ်လုပ်ထားသည်ဟု အစ္စရေး ကုမ္ပဏီတစ်ခုကဆိုသည်။

မော်လီကျူး (molecules )အ တုများကိုဖန်တီးရန် နာနိုနည်းပညာ (nano-technology) ကို အသုံးပြု ထားသည်ဟု တဲလ်အဗစ် အခြေ စိုက် StoreDot ကုမ္ပဏီကဆိုသည်။ သူတို့ဖန်တီးထားသည့် ဘက်ထရီ သည် ဓာတ်အားများကို လျင်မြန် စွာသွင်းပေးနိုင်လောက်အောင် ဓာတ် အားများကို အလွန်များပြားစွာ သို လှောင်ထားနိုင်သည်ဟု ထိုကုမ္ပဏီ ကဆိုသည်။

Smartphone ကို စက္ကန့် ၃ဝ မျှဖြင့် လျှပ်စစ်ဓာတ်အားသွင်းနိုင် သော ဘက်ထရီနှင့် လျှပ်စစ်ကား ကို ငါးမိနစ်မျှဖြင့် လျှပ်စစ်ဓာတ်အား သွင်းနိုင်မည့် ဘက်ထရီများကို ဖန် တီးထားကြောင်း၊ ယခုအခါ ထိုဘက် ထရီများ၏ ရှေ့ပြေးပုံစံထုတ်လုပ် ထားကြောင်း၊ ထိုဘက်ထရီများကို ၂ဝ၁၆ ခုနှစ်၌ ဈေးကွက်တင်နိုင် မည်ဖြစ်ကြောင်း Store Dot ကဆို သည်။

Yangon Media Group

မှတ်ချက်များ