နိုင်ငံတော်အေးချမ်းသာ ယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌနှင့် တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူး ကြီးသန်းရွှေသည် တိုင်းပြည်ကောင်းဖို့အတွက် စည်းလုံးညီညွတ်ကြရန် အကြံÓဏ်များ ပေးခဲ့ ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။
နေပြည်တော်စစ်ရုံးချုပ်တွင် သြဂုတ် ၂ဝ ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ျွင်္ဗ သတင်း ဌာန သီးသန့်တွေ့ဆုံခန်း၌ မြန်မာ့နိုင်ငံရေးတွင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ပါဝင်ခြင်းရှိ မရှိ မေးမြန်းရာတွင် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ယင်းကဲ့သို့ပြောဆိုလိုက်ခြင်းဖြစ်သည်။
''ဗိုလ်ချုပ်မှူးကြီးက သူ့ဟာသူပဲ အေး အေးဆေးဆေးနေတာပါ။ ကျွန်တော်တို့လဲ အခါ ကြီးရက်ကြီးတွေမှာ သွားပြီးတော့ ဂါရဝပြုတာတွေ ရှိပါတယ်။ ဒါ ကျွန်တော်တို့တပ်မတော်ရဲ့ မိဘဖြစ် တဲ့အတွက်ကြောင့် ဂါရဝပြုတာတွေ ရှိပါတယ်။ သူက တိုင်းပြည်ကောင်းဖို့အတွက်ပဲ အကြံပြုတာ။ တပ်မတော်ကောင်းအောင်လုပ်ဖို့ အကြံပြုတာတွေ တော့ ရှိပါတယ်။ ဘာလုပ်ပါလို့တော့ မပြောပါဘူး။ မရှိဘူး။ နံပါတ်တစ်အချက်ကတော့ စည်းလုံးညီ ညွတ်ဖို့အတွက် မကြာခဏ ပြောပါတယ်။ နောက် တိုင်းပြည်ကောင်းအောင်လုပ်ကြဖို့ ပြောပါတယ်'' ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆို သည်။
မကြာသေးခင်က ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင် အပြောင်းအလဲပြုလုပ်ရာတွင် ဗိုလ် ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ပါဝင်ပတ်သက် ခြင်းမျိုးမရှိဘဲ စစ်အစိုးရမှ ဒီမိုကရေစီအစိုးရအဖြစ် ပြောင်းလဲပြီးချိန်တွင်လည်း မြန်မာ့နိုင်ငံရေးတွင် ပါဝင်ပတ်သက်ခြင်း မရှိတော့ကြောင်း ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်က ရှင်းပြသည်။
ထိုသို့ မြန်မာ့နိုင်ငံရေးတွင် ဗိုလ်ချုပ် မှူးကြီးဟောင်း ဦးသန်းရွှေသည် ပါဝင်ပတ်သက် ခြင်းမျိုး မရှိသော်လည်း ယင်း၏ တပည့်များက တစ်နှစ်လျှင်နှစ်ကြိမ် သွားရောက်ဂါရဝပြုလျက် ရှိ ပြီး ထိုသို့သွားရောက်ဂါရဝပြုရခြင်းသည် တပ်မ တော်၏ မိဘဖြစ်သောကြောင့်ဖြစ်သည်ဟု ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆက်လက်ပြော ဆိုသည်။
ပြီးခဲ့သည့် သြဂုတ်၁၂ရက်ညပိုင်းက နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီရုံးချုပ်ကို လုံခြုံ ရေးရဲတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးရယူပြီး ညသန်း ခေါင်ယံ အရေးပေါ်အစည်းအဝေးပြုလုပ်ရာတွင် တပ်မတော်၏ အကြီးအကဲဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နာမည်ကို အသုံးပြု ပြီး ပါတီဥက္ကဋ္ဌသူရဦးရွှေမန်းကို ရာထူးမှဖယ်ရှား ခဲ့ကြောင်း ပြည်တွင်းသတင်းများ၏ အဆိုအရ သိ ရသည်။
အောင်ထူးနိုင် - Yangon Media Group
ပင်မ
/
အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေက စည်းလုံးညီညွတ်ကြရန်အကြံပေးခဲ့ကြောင်း ကာကွယ်ရေးဦးစီးချုပ်ပြောဆို

မှတ်ချက်များ