ရန်ကုန်မြို့ပတ်ရထား အဆင့်မြှင့်တင်ရန် ကန်ဒေါ်လာသန်း၂၅ဝ JICA မှရင်းနှီးမြှုပ်နှံမည်
ရန်ကုန်မြို့ပတ်ရထား အ ဆင့်မြှင့်တင်ရေးလုပ်ငန်းအတွက် ဂျပန်အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ အမေရိကန်ဒေါ်လာသန်း ၂၅ဝ ရင်းနှီးမြှုပ်နှံ မည်ဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ အထွေ ထွေ မန်နေဂျာဦးကျော်စိုးလင်းက ပြောသည်။
လာမည့် ၂ဝ၁၆-၂ဝ၁၇ဘဏ္ဍာရေးနှစ် မှစတင်ကာ မြန်မာ့မီးရထား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဂျပန်-မြန်မာပူးပေါင်းကာ ဆောင် ရွက်သွားမည်ဖြစ်သည်။
''လာမယ့်ဘဏ္ဍာရေးနှစ်မှာ မြန်မာ့ မီးရထား အဆင့်မြှင်တင်ခြင်းလုပ်ငန်းတွေကို စလုပ် မယ်။ လက်ရှိပြေးဆွဲနေတဲ့ ရထားတွဲဆိုင်းတွေထဲက နှစ်ကြာနေတဲ့တွဲဆိုင်းတွေကို မသုံးတော့ဘူး။ လမ်း တွေကအစ အဆင့်မြှင့်တင်မယ်။ ဂျပန်ကတော့ မြန်မာ့မီးရထားလုပ်ငန်းမှာ အရင်ကတည်းက ကူ ညီမှုတွေရှိတယ်''ဟု ဦးကျော်စိုးလင်းက ဆက်လက် ပြောသည်။
ရန်ကုန်မြို့တွင်း ပြေးဆွဲလျက်ရှိသော မြို့ပတ်ရထားများကို အဲကွန်းရထားများဖြင့် အစား ထိုးပြေးဆွဲရန် ဂျပန်နိုင်ငံမှ အကောင်းဆုံးရထား တွဲဆိုင်း ၂ဝကျော်မှာယူခဲ့ရာ အဆိုပါ ရထားတွဲ ဆိုင်းများမှာ မြန်မာနိုင်ငံမှ ရထားလမ်းများတွင် သွားလာ၍မရသောကြောင့် ပြင်ဆင်မှုများပြုလုပ် နေပြီး ပြင်ဆင်မှုပြုလုပ်ရန် တွဲဆိုင်း ၁ဝ ကျော် ကျန် ရှိနေသေးကြောင်း သိရသည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်း အဲကွန်းရထားတွဲများ ပြေးဆွဲလျက်ရှိရာ အဆိုပါ အဲကွန်းရထားတွဲများပေါ်တွင် အမှိုက်များစွန့်ပစ် ခြင်း၊ ကွမ်းတံတွေးထွေးခြင်း၊ ထိုင်ခုံ၊ ဆိုဖာခုံများ အား ဖျက်ဆီးခြင်း အစရှိသည့် လုပ်ရပ်များအား ခရီးသည်များအနေဖြင့် ပြုလုပ်နေသည့်အတွက် မြန်မာ့မီးရထားမှ စီမံချက်ချကာ ရှင်းလင်းလုပ် ဆောင်လျက်ရှိကြောင်းသိရသည်။
နွယ်ဇင် - Yangon Media Grop

မှတ်ချက်များ