ပတ်ဝန်းကျင် ညစ်ညမ်းမှု နဲ့ ရာသီဥတုအခြေအနေတွေဟာ နှလုံးရောဂါကဲ့သို့သော ကျန်းမာရေး နဲ့ ဆက်စပ်နေ
ဒီနှစ်အတွင်း ကျင်းပတဲ့ European Society of Cardiology Congress မှာ သုတေသနပြုသူတွေဟာ ရာသီဥတု၊ နေ့စဉ်ကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကြောင့် နှလုံးရောဂါခံစားနေရတဲ့ လူနာတွေရဲ့အခြေအနေကို ရှင်းလင်းတင်ပြသွားပါတယ်။
ပိုလန်နိုင်ငံအခြေစိုက် Medical University of Silesia မှ သုတေသနပညာရှင် Aneta Cislak နဲ့အဖွဲ့ဟာ ကာဗွန်မိုနောက်ဆိုဒ် ပါဝင်မှုနှုန်း မြင်းမားတဲ့ ပူနွေးခြောက်သွေ့ပြီး နေသာတဲ့နေ့တွေမှာ နှလုံးရောဂါဖောက်ခြင်း၊ နှလုံးသွေးယိုခြင်း စသည်တို့ကြောင့် ဆေးရုံတက်ရသည့် လူနာမှာ အများဆုံးဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ကြပါသတဲ့။
“ ဒီလေ့လာတွေရှိချက်အရ ကာဗွန်မိုနောက်ဆိုဒ်လို လေထုညစ်ညမ်းမှုဖြစ်စေတဲ့ ဓါတ်တွေဟာ သွေးနီဥကလပ်စည်းတွေနဲ့ ပေါင်းစပ်သွားပြီး သွေးအတွင်း အောက်ဆီဂျင် သယ်ဆောင်မှုကို ပျက်စီးစေပါတယ်။ ဒါဟာ Hypoxia ဖြစ်စေနိုင်ပြီး ဆိုးရွားတဲ့ ကျန်းမာရေးအခြေအနေအပြင် ဆေးဝါးကုသမှုမှာလည်း အောင်မြင်ဖို့အခြေအနေ နည်းပါးသွားစေပါတယ်” လို့ Cislak က ရှင်းလင်းပြောကြားထားပါတယ်။
လူနာအများစုဟာ နှလုံးရောပါဖောက်ပြီး ဆေးရုံမှာသာမက တစ်လအတွင်း ချမ်းအေးပြီး လေသိပ်မတိုက်တဲ့နေ့တွေမှာ သေဆုံးကြကြောင်း Cislak က ဒီလိုဖြစ်ရပ်တွေကို လက်ရှိအချိန်မှာ မရှင်းလင်းသေးဘူးလို့လည်း ဆိုပါတယ်။
“လေထုညစ်ညမ်းခြင်းရဲ့ ဆိုးကျိုးတွေဟာ ယောင်ရမ်းခြင်း၊ အသက်ရှုခြင်း နဲ့ အောက်ဆီဂျင်ရယူမှုတွေအပေါ်မှာ အနှောက်အယှက်ဖြစ်စေပြီး နှလုံးနဲ့ပတ်သက်ပြီး ဆိုးကျိုးတွေ ရှိနေပါတယ်” လို့ ဆိုပါတယ်။
အဆုံးသတ်အနေနဲ့ “လူသားတွေက သဘာဝပတ်ဝန်းကျင်အပေါ် လွှမ်းမှုရှိရုံသာမက သဘာဝပတ်ဝန်းကျင်ကလည်း လူသားတွေအပေါ်မှာလည်း လွှမ်းမိုးမှုတွေရှိနေတာကို သိထားရမှာ ဖြစ်ပါတယ်” လို့ Cislak က ရှင်းလင်းပြောကြားသွားပါတယ်။
Michelle - သစ်ထူးလွင်
Ref : Upi
မှတ်ချက်များ