စစ်ကိုင်းတိုင်းဒေသကြီးမှ သဘာဝဘေးအန္တရာယ်အဆိုးဆုံးဖြစ်ပေါ်ခဲ့သည့် ကျေးရွာ ၁၅ ရွာကို တစ်ရွာလျှင် ငွေကျပ်သိန်းသုံးရာ မတည်ပေးမည်
စစ်ကိုင်း တိုင်းဒေသကြီးတွင် သဘာဝဘေး အန္တရာယ်အဆိုးဆုံးဖြစ်ပေါ်ခဲ့သည့် ကျေးရွာ ၁၅ ကိုတစ်ရွာလျှင် ငွေကျပ် သိန်းသုံးရာမတည်ပေးသွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသ ကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ကလေးမြို့နယ်တွင် တစ်ရွာလျှင် သိန်းသုံးရာမတည်ပေးသည့် မြစိမ်း ရောင် စီမံကိန်းကို ယခုဘဏ္ဍာနှစ် တွင် ၁၀ ရွာပြုလုပ်ရန် လျာထားပြီး လက်ရှိအချိန်တွင် သဘာဝဘေး ဖြစ်ပေါ်ခြင်းကြောင့် ဆယ်ရွာထပ် တိုးလုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်ပြီး တိုင်ဒေသကြီးတစ်ခုလုံးအနေဖြင့် ၁၅ ရွာတိုးချဲ့လုပ်ကိုင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှတိုင်းဦးစီးမှူးဦးဝင်းကျော်မျိုး က''ကျွန်တော်တို့ ကလေးမြို့နယ် မှာ ရေကြီးနစ်မြုပ်တဲ့ ရွာ ၄၀ လောက် ရှိပါတယ်။ အဲ့ဒီမှာသဘာဝဘေး အန္တရာယ်အဆိုးဆုံးဖြစ်တဲ့ရွာ ၁၀ ရွာကိုရွေးချယ်ပြီး မြစိမ်းရောင်စီမံ ကိန်းကိုလုပ်ကိုင်ဆောင်ရွက်တာ ပါ။ ပုံမှန်အားဖြင့်တော့ ဒီနှစ်အ တွက်လျာထားတာက ၁၀ ရွာပါ။အ ခု ၁၀ ရွာတိုးလိုက်တော့ အားလုံး ရွာ ၂၀ ဖြစ်သွားတာပေါ့။ စစ်ကိုင်း တိုင်းဒေသကြီးတစ်ခုလုံးအနေနဲ့ ဆို ရင်တော့သဘာဝဘေးဖြစ်ပေါ်ခဲ့ တဲ့ရွာတွေက အဆိုးဆုံးရွာ ၁၅ ရွာ ကိုတိုးချဲ့လုပ်ကိုင်သွားမှာပါ''ဟု ပြောသည်။
မြစိမ်းရောင်စီမံကိန်းဖော်ဆောင် ရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ သတ်မှတ်ထား သော ဆင်းရဲသောကျေးရွာဖြစ်ရပါ မည်။ စိုက်ပျိုးရေး၊ မွေးမြူရေးအ ကောင်အထည်ဖော်ဆောင်ရွက်နိုင် မှု၊ ကျေးရွာသူကျေးရွာသားများ၏စိတ်အားထက်သန်မှု၊ လမ်းပန်းဆက် သွယ်ရေးလွယ်ကူချောမွေ့မှုနှင့် အိမ် ခြေတစ်ရာနှင့်အထက်ရှိသော ကျေး ရွာစသည့် စည်းကမ်းချက်များနှင့် ကိုက်ညီသည့်ကျေးရွာများကို မြစိမ်း ရောင် စီမံကိန်းအဖြစ် ရွေးချယ်လုပ် ကိုင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းစီမံကိန်းဖော်ဆောင်ခြင်း အားဖြင့် ဆင်းရဲနွမ်းပါးသော မိ သားစုများ၊ ဝင်ငွေတိုးပွားလာခြင်း၊ ဒေသခံပြည်သူများအလုပ်အကိုင် အခွင့်အလမ်းနှင့်နည်းပညာများ ရရှိလာခြင်း၊ တစ်ပိုင်တစ်နိုင်မိသား စုစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာခြင်း၊ ကျေးရွာကုန် ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာ ခြင်း၊ ကျေးရွာပြည်သူများစွမ်း ဆောင်ရည်မြင့်မားလာခြင်းနှင့် စုပေါင်း ညှိနှိုင်းဆောင်ရွက်တတ်သည့်အ လေ့အ ကျင့်ကောင်းများရရှိလာခြင်း၊ တိုးပွားလာသောဝင်ငွေများဖြင့် လည်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ပြီးကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် မြစိမ်း ရောင် စီမံကိန်းကိုအကောင်အထည် ဖော်ဆောင်ခြင်းဖြစ်သည်။
ဦးဝင်းကျော်မျိုးက''အခုကျေးရွာတွေကိုရွေးချယ်ပြီးသွား ပါပြီ၊ ကော်မတီတွေကိုလဲဖွဲ့စည်းပြီးပါပြီ။ အခုရွေးချယ်ထားတဲ့ရွာတွေက တကယ်အဆိုးဆုံးဖြစ်လား၊ မဖြစ်ဘူးလားကိုပြန်ပြီးဆန်းစစ်နေပါတယ်'' ဟု ဆက်လက်ပြောသည်။
မြစိမ်းရောင်စီမံကိန်းဆိုသည် မှာတစ်ရွာလျှင် ငွေကျပ်သိန်းသုံး ရာမတည်ပေးပြီး အရင်းမပျောက် လည်ပတ်ရန်ပုံငွေဖြစ်ပြီး ကော်မတီ အဆင့်ဆင့်ဖွဲ့စည်းဆောင်ရွက်ခြင်း နှင့်တစ်ဦးချင်းဝင်ငွေတိုးပြီး တစ်ရွာ လုံးဖွံ့ဖြိုးနိုင်ကာ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရန် ရည်ရွယ်လုပ်ကိုင် ဆောင် ရွက်ခြင်းဖြစ်သည်။
ယင်းနှင့်ပတ်သက်ပြီး ကလေး မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန် ရှိသူတစ်ဦးက''ကျွန်တော်တို့ မြစိမ်း ရောင်စီမံကိန်းကို ကျေးရွာ ၁၀ ရွာ မှာဖော်ဆောင်ဖို့လုပ်ဆောင်ခဲ့ပါ တယ်။ သဘာဝဘေးကပေါ်လာ တော့ ရပ်ခဲ့ရတာပါ။ အခုပြန်စတင် တဲ့သဘောပါ။ တစ်ရွာကို ငွေကျပ် သိန်းသုံးရာမတည်ပေးတာပါ''ဟု ပြောသည်။
မြန်မာနိုင်ငံတွင် တိုင်းဒေသ ကြီးနှင့်ပြည်နယ် ၁၂ ခုတွင် ရေကြီး နစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ပြီး စစ်ကိုင်း တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မ ကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် တို့သည်သဘာဝဘေးအန္တရာယ် ကျရောက်ရာ ဒေသများအဖြစ် နိုင်ငံ တော်သမ္မတရုံးကထုတ်ပြန်ခဲ့သည်အထိ ဆိုးရွားခဲ့ကြောင်း သိရသည်။
Democracytoday
Photo Caption: ကလေးမြို့ ရေပြန်ကျပြီးနောက် အပျက်အစီးအချို့ အား တွေ့ရစဉ်။ Photo: ငယ်ထွေး(ကလေး)။

မှတ်ချက်များ