အင်္ဂါဂြိုဟ်ပေါ်တွင် ထူးဆန်းသည့် ပုံရိပ်များ ထပ်မံတွေရှိ


အမေရိကန်အာကာသသိပ္ပံ NASA အဖွဲ့ကစေလွှတ်ထားသည့် အင်္ဂါဂြိုဟ်သွား Curiosity အာကာသယာဉ်က ရိုက်ပို့ထား သည့် ပုံများတွင် ကျောက်တလားခေါင်း၊ ပိရမစ်၊ ဖွတ်နှင့် နောက်ဆုံး ဇွန်းကဲ့သို့သော ပျံနေသည့်ယာဉ်ပုံစံများပါ တွေ့ရှိခဲ့ရ ကြောင်း Reuters သတင်းတွင်ဖော်ပြထားသည်။

နောက်ဆုံးတွေ့ရှိခဲ့သည့် ဇွန်းပျံပုံကို UnmannedSpaceflight.com ပေါ်တွင် တင်ပေးထားပြီး ပျံသန်းနေသည့်အသွင် နှင့် အောက်တွင်အရိပ်ထင်နေသည့်ပုံများကို ပြတ်သားစွာတွေ့ရှိခဲ့ရကြောင်း ယင်းသတင်းကဆိုသည်။

အင်္ဂါဂြိုဟ်သွား Curiosity ယာဉ်က ရိုက်ပို့ထားသော ပုံများသည် မထင်မရှားဖြစ်နေသည်ဆိုသော်လည်း မကြာသော ကာလတွင် ဓာတ်ပုံများကို ဆက်စပ်ပြီး တစ်ခုခုထူးခြားမှုများကို ဖော်ထုတ်နိုင်မည်ထင်ကြောင်း SETI သုတေသနအဖွဲ့က ပြောကြားသည်။

အင်္ဂါဂြိုဟ်ပုံရိပ်များတွင် အထူးခြားဆုံးပုံရိပ်များမှာ သမ္မတအိုဘားမား မျက်နှာနှင့်တူသော ကျောက်ဆောင်၊ အမျိုးသမီး တစ်ဦး၏ အသွင်သဏ္ဍန်များဖြစ်ပြီး ပညာရှင်များကြားတွင် အငြင်းပွားစေနိုင်ခဲ့သည့် ပုံရိပ်များဖြစ်ခဲ့သည်။

NASA မှ ပညာရှင်အများစုကလည်း ယင်းပုံရိပ်များသည် အင်္ဂါဂြိုဟ်ပေါ်တွင် သဲမုန်တိုင်း၊ လေမုန်တိုင်းများကြောင့် ပေါ်ပေါက် လာသည့် ပုံရိပ်များဟုလည်းကောင်း၊ မီးတောင်များပေါက်ကွဲထားသဖြင့် သက်ရှိများ ပုံရိပ်တို့၏ ကျောက်ဖြစ်ရုပ်ကြွင်းများ ဟုလည်းကောင်း အမျိုးမျိုးတွေးဆနေသော်လည်း ၂၀၂၅ ခုနှစ်တွင် ဆင်းသက်မည့် အင်္ဂါဂြိုဟ်သွားယာဉ်က အဆုံးအဖြတ် ပေးနိုင်မည်ဖြစ်ကြောင်း Reuters သတင်းတွင်ရေးသားထားသည်။

Maukkha

မှတ်ချက်များ