ဘဲလ် ၀တ်ကျောင်းတော် ပျက်စီးသွားကြောင်း ကုလပြောကြား
ဆက်သွယ်ရေးဂြိဟ်တုက ဖမ်းယူရရှိတဲ့ ပုံများအရ ဆီးရီးယားနိုင်ငံ မြောက်ပိုင်း ပါလ်မိုင်းရားမြို့က အဓိက ၀တ်ကျောင်းတော်တစ်ခု ပျက်စီးသွားခဲ့ကြောင်း ကုလသမဂ္ဂက အတည်ပြုပြောကြားလိုက်ပါတယ်။
ပါလ်မိုင်းရားမြို့က ရှေးဟောင်းအမွေအနှစ်လက်ရာ ဘဲလ် ၀တ်ကျောင်းတော်ကို အစ္စလာမ်မစ်နိုင်ငံအဖွဲ့ IS တွေက ဖျက်ဆီးပစ်ခဲ့တာကို ဖော်ပြတဲ့ ဓာတ်ပုံတွေကို ကုလသမဂ္ဂက ထုတ်ပြန်ပေးလိုက်ပါတယ်။
ဘဲလ် ၀တ်ကျောင်းတော်ရဲ့ ပင်မအဆောက်အအုံနဲ့ နဘေးနားက ကျောက်သားတိုင်တွေ ပျက်စီးသွားတာကို အတည်ပြုနိုင်ပြီလို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါဝင်ပါတယ်။
ဓာတ်ပုံများအရ ဘာမှမကျန်သလောက်ပဲလို့ ဆက်သွယ်ရေးဂြိုဟ်တု လေ့လာစမ်းစစ်ရေး ကုလသမဂ္ဂ ပညာရှင် Unosat က ပြောပါတယ်။
BBC Burmese

မှတ်ချက်များ