ပြည်သူကို ထိတ်လန့်တုန်လှုပ်စေသော မှုခင်းတွေကို ဘယ်လိုတားဆီး ကာကွယ်ကြမလဲ


မှုခင်းဖြစ်စဉ်တွေမှာ သာမန်အရပ်သား တစ်ယောက် အသတ်ခံရရင် အဲဒီအရပ်သား အသတ်ခံရမှုက ပြည်သူကို ထိတ်လန့်သွားစေပါတယ်။ ပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ကာကွယ်စောင့်ရှောက် ပေးနေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ယောက် အသတ်ခံရရင်တော့ အဲဒီ ရဲတပ်ဖွဲ့ဝင် အသတ်ခံရမှုက ပြည်သူကို ထိတ်လန့် စေရုံသာမက တုန်လှုပ်မှုကိုပါ ဖြစ်စေပါတယ်။

မကြာသေးခင်ကဖြစ်ခဲ့တဲ့ သန်လျင်က အဖြစ်အပျက် မှာ ရဲတပ်ဖွဲ့ဝင်နှစ်ဦး အသတ်ခံရတဲ့အတွက် ဒီအဖြစ်အ ပျက်ဟာ ပြည်သူကို ထိတ်လန့်တုန်လှုပ်စေရုံသာမက အံ့သြ မှင်တက်မှုကိုပါ ဖြစ်စေပါတယ်။ တစ်နေရာတည်း တစ်ချိန် တည်းမှာ တစ်ယောက်ထဲက သတ်ဖြတ်တာ ဖြစ်တဲ့အတွက် လည်း ပြည်သူတွေရဲ့ စိုးရိမ်ထိတ်လန့်မှုနဲ့ အံ့သြမှင်တက် မှုတွေက အမြင့်ဆုံး ရောက်လာခဲ့ပါတယ်။ အဲဒီလို အမြင့် ဆုံးကို ရောက်လာတဲ့ ပြည်သူတွေရဲ့ စိုးရိမ်ထိတ်လန့်မှုနဲ့ အံ့သြမှင်တက်မှုတွေကို လျော့ပါးသက်သာသွားစေမယ့် အကောင်းဆုံးနည်းလမ်းက နောက်နောင် ဒီလို ပြည်သူ ကို ထိတ်လန့်တုန်လှုပ် အံ့သြမှင်တက်မှုကို ဖြစ်စေတဲ့ မှုခင်း တွေ မဖြစ်ပွား မပေါ်ပေါက်ရအောင် ကြိုတင်ကာကွယ် တားဆီးခြင်း ဖြစ်ပါတယ်။

သန်လျင်အဖြစ်အပျက်မတိုင်ခင် ဇူလိုင် ၂၆ ရက် ကလည်း အင်းစိန်မြို့နယ် အောင်ဇေယျတံတားအနီးမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို လူနှစ်ဦးက ဓားနဲ့ စကေဘာကို အသုံး ပြုပြီး တိုက်ခိုက်ခဲ့တဲ့အတွက် အခင်းဖြစ်ရာ နေရာမှာတင် ဒဏ်ရာပေါင်းများစွာနဲ့ သေဆုံးခဲ့ရပါသေးတယ်။ ပြည် သူရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ လူမှုဘဝတွေကို စောင့် ရှောက် ကာကွယ်ပေးနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုယ်တိုင် အ သတ်ခံရမှုတွေက ပြည်သူကို အားကိုးရာ ကင်းမဲ့သွားသလို စိတ်ခံစားမှုကို ဖြစ်စေတဲ့အပြင် အဲဒီလို အကြမ်းဖက်တိုက် ခိုက်တတ်တဲ့ လူဆိုး၊ လူမိုက်တွေ ပြည်သူကြားမှာ ဘယ် လောက်တောင်များ ရှိနေသလဲဆိုတဲ့ စိုးရိမ်စိတ်ကိုလည်း ဖြစ်စေခဲ့ပါတယ်။

ဒီလိုအခြေအနေကို ကိုင်တွယ်ဖြေရှင်းပြီး ကျော်လွှား နိုင်ဖို့အတွက် ရဲ့တပ်ဖွဲ့ကို စွမ်းဆောင်ရည်မြင့်မားတဲ့ ခေတ် မီရဲတပ်ဖွဲ့ဖြစ်အောင် ထိထိရောက်ရောက် အသွင်ပြောင်း ဖို့သာ ရှိပါတယ်။

စွမ်းဆောင်ရည်မြင့် ခေတ်မီရဲတပ်ဖွဲ့ဖြစ်ရေး

ရဲတပ်ဖွဲ့ကို စွမ်းဆောင်ရည်မြင့် ခေတ်မီရဲတပ်ဖွဲ့အ ဖြစ် အသွင်ပြောင်းရာမှာ အသွင်သဏ္ဌာန်တစ်ခုတည်း ပြောင်းလို့မရဘဲ အနှစ်သာရပါ ပြောင်းနိုင်ဖို့ လိုအပ်ပါ တယ်။ နိုင်ငံရဲ့ အုပ်ချုပ်မှုအာဏာအရပ်ရပ်ကို စစ်တပ်က တာဝန်ယူထားခဲ့စဉ်ကစပြီး အာဏာပိုင်တွေဟာ ရဲတပ်ဖွဲ့ ကို ပြုပြင်ပြောင်းလဲဖို့ စတင်ကြိုးပမ်းခဲ့ကြပါတယ်။ ဒါပေမဲ့ အသွင်သဏ္ဌာန် အနည်းငယ်မျှကို ပြောင်းလဲဖို့ကြိုးစားခဲ့ ပြီး အနှစ်သာရကို မပြောင်းလဲခဲ့တဲ့အတွက် ရဲတပ်ဖွဲ့ ပြု ပြင်ပြောင်းလဲမှုဟာ မျှော်လင့်ထားသလောက် အောင်မြင် မှု မရခဲ့ဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

ပြည်သူ့ရဲတပ်ဖွဲ့အစား မြန်မာနိုင်ငံရဲတပ်ဖွဲ့လို့ ခေါ် ဝေါ်ခဲ့တာ၊ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ယူနီဖောင်းအရောင် ပြောင်း လဲခဲ့တာ၊ ရပ်ကွက်ကျေးရွာတွေမှာ ရဲကင်းတွေ ဖွင့်လှစ်ခဲ့ တာ၊ လူစည်ကားရာနေရာတွေမှာ ဏသူငခန သြထ တွေ ထား ရှိခဲ့တာ၊ ပြည်သူ ပူးပေါင်းပါဝင်တဲ့ ရဲလုပ်ငန်းစနစ်ကို အ ကောင်အထည်ဖော်ခဲ့တာ၊ မြို့နယ်ရဲစခန်းတွေကို မြို့မ ရဲစခန်းလို့ ခေါ်ဝေါ်ခဲ့တာတွေဟာ အသွင်သဏ္ဌာန် အ ပြောင်းအလဲတွေထဲက တချို့ဖြစ်ပါတယ်။ ဒါပေမဲ့ အနှစ် သာရပိုင်းအရ ပြောင်းလဲမှုတွေကိုပါ မလုပ်နိုင်ခဲ့တဲ့အတွက် လူစည်ကားရာ နေရာတွေက ဏသူငခန သြထ တွေလည်း ပျောက်ကွယ်သွားခဲ့ပါတယ်။ အင်အား မလုံလောက်တဲ့ အတွက် ရပ်ကွက်ရဲကင်းတွေဟာ ဆိုင်းဘုတ်လောက်သာ ရှိပါတော့တယ်။ စွမ်းဆောင်ရည်မြင့် ရဲတပ်ဖွဲ့ဖြစ်ဖို့ အသွင် သဏ္ဌာန်သာမက အနှစ်သာရကိုပါ ပြောင်းလဲနိုင်မှသာ ဖြစ်နိုင်စရာ ရှိပါတယ်။

တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမှာ ဖြစ်သလို ရဲတပ်ဖွဲ့အင်အားရှိမှလည်း ပြည်သူတွေရဲ့ အ သက်အိုးအိမ် စည်းစိမ်နဲ့ လူမှုဘဝတွေ လုံခြုံမှာဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဟာ နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်နက်ကို ကာ ကွယ်ဖို့အတွက် တပ်မတော်ရဲ့ အရန်အင်အားဖြစ်တဲ့အ တွက် စွမ်းဆောင်ရည်မြင့် ခေတ်မီရဲတပ်ဖွဲ့အဖြစ် ပြုပြင် ပြောင်းလဲတာဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်း စိမ်နဲ့ လူမှုဘဝတွေကို ထိထိရောက်ရောက် စောင့်ရှောက် ကာကွယ်ပေးနိုင်ရုံသာမက နိုင်ငံရဲ့ အချုပ်အခြာ အာဏာ ပိုင်နက်တွေကို ကာကွယ်စောင့်ရှောက်ရာမှာလည်း ထိထိ ရောက်ရောက် အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

စီမံခန့်ခွဲမှု၊ လေ့ကျင့်သင်ကြားမှု၊ ထောက်ပံ့မှုနှင့် နည်းပညာဆိုင်ရာ အားနည်းချက်များ

သန်လျင်နဲ့ အင်းစိန်မှာဖြစ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေ အ သတ်ခံရမှု ဖြစ်ရပ်တွေဟာ ရဲတပ်ဖွဲ့ရဲ့ အဆင့်ဆင့်သော စီမံခန့်ခွဲမှု လေ့ကျင့်သင်ကြားပေးမှု လက်နက်အပါအဝင် အထောက်အကူပြုပစ္စည်းတွေ ထောက်ပံ့ပေးမှုနဲ့ နည်းပ ညာပိုင်းဆိုင်ရာတွေမှာ အားနည်းချက်တွေ ရှိနေတာကို သက်သေပြနေသလို ရှိတဲ့အပြင် ရဲတပ်ဖွဲ့ရဲ့ ပြုပြင်ပြောင်း လဲရေး အစီအစဉ်တွေမှာလည်း အားနည်းချက်တွေ ရှိနေ တာကို သက်သေပြနေတယ်လို့ ယေဘုယျ သုံးသပ်နိုင်မှာ ဖြစ်ပါတယ်။

မှုခင်းတစ်ခုဖြစ်လာရင် အောက်ခြေကနေ အထက် အဆင့်ဆင့်ကို အချိန်နဲ့တစ်ပြေးညီ တင်ပြ အစီရင်ခံရပြီး အဲဒီအစီရင်ခံမှုကို ဘာဆက်လုပ်ရမယ် ဆိုတာကိုလဲ အ ထက်အဆင့်ဆင့်ကနေ အောက်အဆင့်ဆင့်ကို ပြန်လည် ညွှန်ကြား ကြရလေ့ရှိပါတယ်။ အဲဒီလို အစီရင်ခံခြင်း၊ ညွှန် ကြားခြင်းတို့ကို ပြုလုပ်ကြတဲ့အခါ အောက်အဆင့်ဆင့် ရဲ့ အစီရင်ခံမှု နောက်ကျရင်ဖြစ်စေ၊ အထက်အဆင့်ဆင့် ရဲ့ ညွှန်ကြားမှုက နောက်ကျရင်ဖြစ်စေ ဒါဟာ စီမံခန့်ခွဲရာ မှာ အခြေခံအကျဆုံး အားနည်းချက် ဖြစ်ပါလိမ့်မယ်။ ဒါ့ အပြင် ဆုံးဖြတ်ချက် နှောင့်နှေးတာတွေ၊ မပြတ်သားတာ တွေနဲ့ တွေဝေတာတွေကလည်း စီမံခန့်ခွဲမှုကို အားနည်း စေတဲ့အပြင် တာဝန်ယူမှု တာဝန်ခံမှု မရှိရင်လည်း စီမံ ခန့်ခွဲမှုမှာ အားနည်းချက်ကို ဖြစ်စေပါလိမ့်မယ်။

လေ့ကျင့်သင်ကြားပေးမှုပိုင်းမှာလည်း ကိုယ်ခံပညာ သင်ကြားပေးမှု အပါအဝင် ပြစ်မှုကျူးလွန်သူရဲ့ အနေအ ထား၊ အရပ်ဒေသနဲ့ ပတ်ဝန်းကျင်အခြေအနေကို လိုက် ပြီး ချဉ်းကပ်ခြင်း၊ ဖမ်းဆီးခြင်း၊ ပြန်လည်ခုခံပါက မိမိကိုယ် ကိုယ်သော်လည်းကောင်း၊ တပ်ဖွဲ့ဝင်အချင်းချင်းကိုသော် လည်းကောင်း၊ ပြည်သူကိုသော်လည်းကောင်း တိုက်ခိုက် မှုမရှိစေရန် ကာကွယ် စတဲ့ လေ့ကျင့်သင်ကြားမှုတွေမှာ အားနည်းချက်တွေရှိနေပြီး အဲဒီအားနည်းချက်တွေကို ရဲ တပ်ဖွဲ့ဝင်တွေရဲ့ ကျန်းမာရေးနဲ့ ကိုယ်ကာယကြံ့ခိုင်မှုတို့ အတွက် လေ့ကျင့်ရန် အားကစားရုံများမရှိခြင်းကလည်း သက်သေပြနေပါတယ်။

အရေးကြုံလာပါက အသုံးပြုနိုင်ရန်အတွက် ပစ်မိန့် မရတဲ့ လက်နက်များထက် လူ့အသက်အန္တရာယ်ကို ထိ ခိုက်မှုနည်းစေမယ့် ကျင်စက်၊ ငရုတ်ကောင်းရည် တို့ကို တစ်ကိုယ်ရေသုံး ကာကွယ်ရေးပစ္စည်းတွေအဖြစ်နဲ့ အသုံး ပြုစေသင့်ပါတယ်။ ခေတ်မီဆန်းသစ်တဲ့ ကာကွယ်ရေးပစ္စည်း တွေ ထွန်းကားနေချိန်မှာ လေးခွကဲ့သို့သော ကိရိယာကို ပြစ် မှုကျူးလွန်သူတွေရဲ့ရန်မှ ကာကွယ်ရန် အသုံးပြုနေကြရ တာကိုကြည့်ရင် လက်နက်အပါအဝင် အထောက်အကူပြု ပစ္စည်းတွေကို ထောက်ပံ့ပေးမှုမှာ မည်မျှအားနည်းနေတယ် ဆိုတာကို တွေ့မြင်နိုင်ပါလိမ့်မယ်။

ဇော်ထွဋ်မောင် - Yangon Media Group

မှတ်ချက်များ