အနိမ့်ဆုံးလုပ်ခလစာ အလုပ်သမားတွေအတွက် ဖိအားတစ်ရပ်ဖြစ်လာဖို့လား
အခြေခံလုပ်သားများအတွက် အနည်းဆုံးလုပ် ခလစာ တစ်ရက်ကျပ် ၃၆ဝဝသတ်မှတ်လိုက် ပြီး ဥပဒေအသက်ဝင်သည့် စက်တင်ဘာ ၁ရက်မှ စတင်ကာ အချိန်တိုလေးအတွင်းမှာပင် လုပ်ငန်းရှင်တချို့မှစက်ရုံများ ပိတ်သိမ်းမှုများပြုလုပ်လာကြသည့်အပြင် တချို့မှာလည်း လုပ်သားအင်အားလျှော့ချခြင်းများကိုလုပ်ဆောင်လာသည် ကိုတွေ့ရသည်။
ပိတ်သိမ်းလိုက်သည့်အလုပ်ရှင်အများစု၏ အဆိုအရ ယင်းသတ်မှတ်ချက်နှုန်းထားကို အလုပ်သမားများအတွက် အခြားပေးဆောင်ရသည့်အချိန်ပိုကြေးနှင့် လမ်းစရိတ်တို့အား ပေါင်းလိုက်ပါက လုပ်ငန်းဆက်လက်ရပ်တည်ရန် လုံးဝမဖြစ် နိုင်သောကြောင့်ပင်ဖြစ်သည်။ အထက်ပါအကျိုးဆက်များ ကြောင့် ရက်သတ္တနှစ်ပတ်အတွင်းမှာပင် အလုပ်လက်မဲ့ဖြစ် ပွားသူ စုစုပေါင်း ၇၅ဝဝ ကျော် ဝန်းကျင်ရှိနေပြီဖြစ်သည်။
အလုပ်သမားများမှာ မျှော်လင့်ထားသလို ဖြစ်မလာ တော့ဘဲ စားဝတ်နေရေးအဆင်မပြေရုံသာမက အလုပ် လက်မဲ့များပင် ပေါ်ပေါက်လာခြင်းများကြောင့် ယင်းတို့၏ ပစ္စုပ္ပန်၊ အနာဂတ်ကာလများအတွက် စားဝတ်နေရေးကို စိုးရိမ်မှုများကြုံတွေ့လာရသည်။
လုပ်ငန်းခွင်အတွင်း ကျန်ရစ်ခဲ့သော လုပ်သားများမှာ လည်း ယခင်က ¤င်းတို့အား ခံစားခွင့်ပေးထားသည့် အချိန် ပိုကြေး၊ ရက်မှန်ကြေး၊ နှစ်စဉ်ကြေး၊ လမ်းစရိတ်များအပြင် အခြားခံစားခွင့်များကိုပါ ရပ်ဆိုင်းခြင်းများရှိလာ၍ စားဝတ် နေရေးတွင် ပို၍ပင်ဆိုးရွားလာသည့် ဒဏ်ကို ခံစားနေရ ပြီဖြစ်သည်။
''အချိန်ပိုကြေးကို နှစ်ဆမပေးတော့ဘူးလို့ ပြောတာ တော့မဟုတ်ဘူး။ အချိန်ပိုကို လျှော့ချလိုက်တာ။ တချို့ဆို ရင် လုံးဝကိုအချိန်ပိုမခေါ်တော့တာတွေရှိနေတယ်။ ကျွန်မ တို့ဘက်က တစ်ရက် ကျပ် ၃၆ဝဝကို လက်ခံတယ်ဆိုတာ ဒီလိုအချိန်ပိုကြေးလေးတွေ၊ ရက်မှန်ကြေးလေးတွေနဲ့တွက် လိုက်ရင် အရမ်းမဆိုးဘူးဆိုပြီး လက်ခံခဲ့တာပါ။ ခုတိုင်းဆို မလွယ်တော့ဘူး''ဟု ရွှေပြည်သာ အထည်ချုပ်စက်ရုံတစ်ရုံ တွင် ဝင်ရောက်လုပ်ကိုင်နေသူ မမြင့်မြင့်သန်းက လုပ်သား များရင်ဆိုင်ကြုံတွေ့နေရသည့် အခြေအနေကို ရင်ဖွင့်ပြော ကြားသည်။
အနည်းဆုံးအခကြေးငွေသတ်မှတ်နိုင်ခြင်းမရှိသေး သည့်ကာလများတွင် အခြေခံအလုပ်သမားများ၏ လုပ် အားခမှာ အချိန်ပို၊ ရက်မှန်ကြေးများနှင့်ပေါင်းလိုက်လျှင် တစ်လပျမ်းမျှဝင်ငွေ ကျပ် ၁၃ဝဝဝဝ ခန့်ရရှိခဲ့သည်။ သို့သော် ယင်းနှုန်းထား သတ်မှတ်ပြီးချိန်တွင် အလုပ်ရှင်များမှ အ လုပ်သမားများ၏ ခံစားခွင့်များကို လျှော့ချပစ်သည့်အတွက် တစ်လလျှင်ကျပ် ၁ဝ၈ဝဝဝ သာရရှိတော့မည်ဖြစ်သည်။
ထို့ကြောင့် အလုပ်သမားများအနေဖြင့် လုပ်ငန်းရှင်ကို ထိခိုက်နစ်နာစေလိုမှုမရှိသော်လည်း အဆင်ပြေစေမည့် နှုန်းထားတစ်ရပ်ရရှိစေရေးအတွက် ဆန္ဒပြတောင်းဆိုမှုများ အား ပြန်လည်လုပ်ဆောင်လာကြသည်။
''ဒီ ၃၆ဝဝကျပ်မသတ်မှတ်ခင်တုန်းက စက်သမားတစ် ဦးကို တစ်သိန်းနှစ်သောင်းကနေတစ်သိန်းလေးသောင်း လောက်အထိရကြတယ်။ တစ်သိန်းနှစ်သောင်းလောက်က တော့အောက်ထစ်ရကြပါတယ်။ အခုဆိုရင် ဥပဒေကချမှတ် ပေးတာ ၃၆ဝဝ ကျပ်ပဲ တိုးခိုင်းတာ။ ကျန်တဲ့ဟာတွေကို ဖြုတ်ချခိုင်းတာမဟုတ်ဘူး။ ဟိုကြေး၊ ဒီကြေးဖြုတ်ချမယ် ဆိုရင် ကျွန်တော်တို့က ဒီ၃၆ဝဝကို ဘယ်လက်ခံမှာလဲ။ ဒါဆိုရင်တော့ ကျွန်တော်တို့က ဆန္ဒပြမှာပေါ့''ဟု ရွှေပြည် သာစက်မှုဇုန်(၁)ရှိ ဟန်ဂျင်းအထည်ချုပ်စက်ရုံမှ အခြေခံ အလုပ်သမားသမဂ္ဂဥက္ကဋ္ဌ ကိုကျော်ကျော်မြင့်ကပြောသည်။
အလုပ်သမားများဘက်မှ သတ်မှတ်ခဲ့သောအနည်းဆုံး အခကြေးငွေအပေါ် ကျေနပ်ခဲ့သည်မှာလည်း လုပ်ခအပြင် အခြားအခွင့်အရေးများကိုယခင်အတိုင်း ဆက်လက်ရရှိမည် ထင်သောကြောင့် လက်ခံခဲ့ခြင်းဖြစ်ရာလုပ်ငန်းရှင်များအ နေဖြင့် မျှတသောနှုန်းထားတစ်ခုကိုသာ သတ်မှတ်ပေးစေ လိုခြင်းဖြစ်သည်။
သို့သော်အလုပ်ရှင်များဘက်မှတစ်ဖက်တွင် အချိန်ပို ကြေးကိုနှစ်ဆမပေးလိုသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနသို့ တောင်းဆိုခြင်းပြုလုပ်ကာ အခြားတစ်ဖက်တွင်လည်း အ ချိန်ပိုခေါ်ယူမှုလျှော့ချခြင်းများပြုလုပ်ခြင်းများကို ဆောင် ရွက်လာကြသည်။ အခြေခံလုပ်သားများမှာ သတ်မှတ်ထား သော အနိမ့်ဆုံးလုပ်ခကို လက်ခံခြင်းမှာပင် စားဝတ်နေရေး စေ့ငရန် လုံလောက်သည့်နှုန်းထားမဟုတ်သဖြင့် အချိန်ပို ကြေးလျှော့ချရန် တောင်းဆိုချက်နှင့် လုပ်ငန်းခွင်အတွင်း အချိန်ပိုကြေး လျှော့ချရန် တောင်းဆိုချက်မှာ လုံးဝမဖြစ် သင့်ဟု အလုပ်သမားများနှင့်အလုပ်သမားအရေးဆောင် ရွက်နေသည့် အဖွဲ့အစည်းအသီးသီးကဝေဖန်သည်။
အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦး အေးမြင့်ကမူ အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်အပြီး လုပ်ငန်း ရှင်များဘက်မှ လုပ်သားဦးရေလျှော့ချခြင်းနှင့်စပ်လျဉ်း ၍ ယခုလိုရှင်းလင်းပြောဆိုထားသည်။
လုပ်သားအင်အားလျှော့ချတယ်ဆိုတာက အနည်း ဆုံးအခကြေးငွေသတ်မှတ်ပြီး နောက်ပိုင်းမှလျှော့ချတာ မဟုတ်ပါဘူး။ အရင်ကတည်းက အကြောင်းအမျိုးမျိုးကြောင့် ရော၊ အလုပ်ကအမှာစာနည်းသွားလို့ရော လျှော့ချတာတွေရှိ တယ်။ ဒါကတိုက်ဆိုင်မှုတစ်ခုပါ''။
အလုပ်ရှင်များအနေဖြင့် ယခုအတည်ပြုပြဋ္ဌာန်းလိုက် သော ၂ဝ၁၅ခုနှစ် ဆိုင်များနှင့်အလုပ်ဌာနများ ဥပဒေပုဒ်မ ၁၈(က)အရဆိုလျှင် ဆိုင်သို့မဟုတ် အလုပ်သမား၏သဘော တူညီချက်အရ အချိန်ပိုလုပ်ရလျှင် အချိန်ပိုနာရီအလိုက် ထို ဥပဒေပါပြဋ္ဌာန်းချက်အတိုင်း အချိန်ပိုအခကြေးငွေကိုတွက် ချက်ပေးရမည်ဖြစ်သည်။ ယင်းအပြင် ပုဒ်မ ၁၈(ခ) အရ လည်း အချိန်ပိုအခကြေးငွေကိုတွက်ချက်ပေးခြင်းမပြုဘဲ အချိန်ပိုခိုင်းစေခြင်း မပြုရန် ပါရှိသည်။
အဆိုပါဥပဒေပုဒ်မ ၁၈ကို ဖောက်ဖျက် ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ယင်းဥပဒေပုဒ်မ ၂၉အရ အလုပ်ရှင်ကို သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ် စေ၊ အနည်းဆုံးကျပ် ၁၅သိန်းမှ အများဆုံး ကျပ် ၇၅သိန်း အထိ ငွေဒဏ်ဖြစ်စေဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည် ဟု ဖော်ပြထားသည်။
ယခင်အလုပ်သမားဥပဒေပါ ပြဋ္ဌာန်းချက်အရ အလုပ် သမားများအား အချိန်ပိုခေါ်လျှင် လုပ်အားခနှစ်ဆပေးရန် ပါရှိခဲ့သည်။ ယခုအခါ အခြေခံလုပ်အားခတစ်ရက် ၃၆ဝဝ သတ်မှတ်လိုက်ခြင်းကြောင့် အချိန်ပိုကြေးကို တစ်ဆခွဲသာ ပြန်လည်သတ်မှတ်ပေးရန် အလုပ်ရှင်များဘက်မှ အမျိုးသား ကော်မတီသို့ တင်ပြထားသည်။
အချိန်ပိုကြေးပြန်လည်ပြင်ဆင်ပေးရန် တောင်းဆိုရ ခြင်းမှာလည်း အထူးသဖြင့်လက်ခစားလုပ်ခစားလုပ်ငန်း ရှင်များအနေဖြင့်ချုပ်ခကို အခြားနိုင်ငံများနှင့် တန်းတူသာ ရရှိသော်လည်း သယ်ယူပို့ဆောင်ရေးစရိတ်မှာ ပိုမိုများပြား နေခြင်းကြောင့် ဖြစ်သည်။ ထို့ပြင် အာဆီယံဒေသတွင်း နိုင်ငံများ၌ အချိန်ပိုလုပ်အားခကို တစ်ဆခွဲခန့်သာ အများ ဆုံးသတ်မှတ်ထားချိန်၌ မြန်မာနိုင်ငံတွင် နှစ်ဆသတ်မှတ် ထားသောကြောင့် လက်ရှိအနည်းဆုံးလုပ်ခအတိုင်း ပေးချေ ရသည့် အခါတွင် ကုန်ကျသစရိတ်ပိုမိုများပြားလာသဖြင့် တင်ပြရခြင်းသာဖြစ်သည်ဟု ပြန်လည်တုံ့ပြန်ထားသည်။
ကျွန်တော်တို့အတွက် ဈေးကွက်အခြေအနေမှာ ကမ္ဘာ ပေါ်မှာအကြီးဆုံးနဲ့အများဆုံးဖြစ်တဲ့ အမေရိကန်ဈေးကွက် ကို မရသေးဘူး။ နောက်အလုပ်သမားတွေရဲ့ကျွမ်းကျင်မှု ဟာ ခုချိန်မှာပြည့်မီအောင်မရသေးပါဘူး။ သူတို့ဘက်က စမသိကခအငသည ကိုကြိုးစားလုပ်ပေးဖို့လိုတယ်။ သူတို့ဘက် ကလည်း ပြည့်မီလာပြီဆိုရင်တော့ နှစ်ဆဆိုတာကို ဘာမှ ပူနေစရာမလိုတော့ဘူး''ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ် ငန်းရှင်များအသင်းဥက္ကဋ္ဌဦးမြင့်စိုးက ဆိုသည်။
မည်သို့ပင်တုံ့ပြန်ထားစေကာမူလက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏အထည်ချုပ်လုပ်ငန်းများ၌ နိုင်ငံခြားသားအများ စု လာရောက်ရင်းနှီးမြှုပ်နှံသည်မှာ မြန်မာနိုင်ငံ၏လုပ်သား များသည် လုပ်အားခပေးရသည်မှာ အခြားနိုင်ငံများထက် နည်းပါးသောကြောင့် လာရောက်ရင်းနှီးမြှုပ်နှံကြခြင်းဖြစ် သည်ဟု အလုပ်သမားအရေးဆောင်ရွက်သူများက သုံးသပ် သည်။
ယခုဖြစ်ပေါ်နေသော ပြဿနာများမှာလည်း အလုပ် ရှင်၊ အလုပ်သမားနှစ်ဦးနှစ်ဖက်နည်းလမ်းမမှန်မှုကြောင့် ပေါ်ထွက်ခဲ့ရခြင်းဖြစ်ပြီး ယင်းပြဿနာကို အလုပ်ရှင်နှင့် အလုပ်သမားတင်မဟုတ်ဘဲ သက်ဆိုင်ရာအစိုးရဌာနများ မှလည်း ပါဝင်ဖြေရှင်းဆောင်ရွက်ပေးရန်လိုအပ်သည်ဟု ၈၈ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှအလုပ်သမား ရေးရာဒုတိယတာဝန်ခံ မမာမာဦးကသုံးသပ်ပြောဆိုသည်။
မမာမာဦးက ''တချို့နေရာတွေမှာ အစိုးရကတာဝန် ခံမှု၊ တာဝန်ယူမှုတွေရှိမှသာလျှင် ဒီကိစ္စက အောင်မြင်တဲ့ Process ဖြစ်မှာပါ။ တကယ်တမ်းကျတော့ ဒါကအောင်မြင် တဲ့ Process ဖြစ်မလာဘူး။ ဖြစ်နိုင်ရင် အစ်မတို့တိုင်းပြည် မှာ အလုပ်သမားတွေကို ဒီထက်ပိုပြီးရစေချင်တယ်။ အခု တောင် ဒီပြဿနာမျိုးတွေဖြစ်နေရင် ဒီထက်ပိုရဖို့ဆိုရင် တော့ အစိုးရကဝင်ထိန်းကျောင်းပေးမှရမယ်။ လုပ်သား အင်အားတွေ ဒီလိုလျှော့ချနေတာဟာ အမှန်တကယ်ပြော ရရင်မဖြစ်စေချင်ဘူး။
''နောက်အလုပ်သမားဘက်ကတင်မကြည့်ဘဲ အလုပ် ရှင်ဘက်ကကြည့်မယ်ဆိုရင်လဲ သူတို့လုပ်ငန်းတွေ အဆင် ပြေမှပေးနိုင်မှာပေါ့။ အခုမိုးတွင်းမှာ လျှပ်စစ်မီးက ပုံမှန် လာပေမယ့် နွေရာသီဆိုရင် မလာတော့ဘူး။ နောက်ွှသွူအေန တွေကနေ ကောက်တဲ့အခွန်နှုန်းထားတွေက အရမ်း ပေးရတယ်။ ဒါတွေကလဲ လုပ်ငန်းရှင်တွေရဲ့အခက်အခဲအ ကျပ်အတည်းတွေဖြစ်တယ်။ ဒီတော့အစိုးရအနေနဲ့လဲ ဒါ တွေကိုလျှော့ချပေးဖို့၊ လျှပ်စစ်မီးမှန်မှန်ရရှိအောင် ဆောင် ရွက်ပေးဖို့လိုတယ်။ ဒါတွေကျတော့ အစိုးရက ဘာမှအာမ ခံချက်မပေးဘူး''ဟု ဆိုသည်။
အဆိုပါအလုပ်သမားများ၏ လုပ်ခလစာပြဿနာကို လက်ရှိသမ္မတဦးသိန်းစိန်ခေါင်းဆောင်သည့်အစိုးရအနေ ဖြင့် ဖြေရှင်းနိုင်ခြင်းမရှိခဲ့ဘဲ အလုပ်သမားများ၏ ဆန္ဒပြမှု များကို အကြမ်းဖက်သည့်နည်းလမ်းဖြင့် ဖြေရှင်းခဲ့သည့်အ တွက် နိုင်ငံတကာ၏ဖိအားများနှင့်သာ ရင်ဆိုင်ခဲ့ရသည်။ မည်သို့ပင်ဆိုစေကာမူ အလုပ်သမားများ၏အခန်းကဏ္ဍသည် နိုင်ငံ၏အစိတ်အပိုင်းတစ်ခုအနေဖြင့် ခိုင်မာစွာတည် ရှိနေသောကြောင့် လက်ရှိနိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ဝင်များသည် အလုပ်သမားများ၏အရေးကိစ္စ များအား ပြေလည်အောင်ဖြေရှင်းနိုင်မှုမရှိပါက အလုပ်သ မားများ၏ဆန္ဒပြမှုများနှင့်နိုင်ငံတကာ၏ ဖိအားများဖြင့်သာ ရင်ဆိုင်ရဖွယ်ရှိနေဦးမည်ဖြစ်သည်။
ဖြူသစ်လွင် ၊ အောင်ထူးနိုင် - YangonMediaGRoup

မှတ်ချက်များ