![]() |
| စကျင်ကျောက်သား ဗိုလ်ချုပ်ရုပ်တု အကြမ်းထည်ကို တွေ့ရစဉ်။ ဓာတ်ပုံ-လှိုင်ထွေးအောင် |
''တောင်သာမြို့ ဗိုလ်ချုပ်အောင် ဆန်းနှစ်တစ်ရာပြည့်ကျင်းပရေး ကော် မတီက အပ်နှံလို့ ဆောင်ရွက်တာပါ။ ပစ္စည်းဖိုးနဲ့ လက်ခ ၃၅ သိန်းကျပါ တယ်။ မတ္တရာမြို့ပန်းခြံမှာ စကျင် ကျောက်သားနဲ့ ထုလုပ်တဲ့ ဗိုလ်ချုပ် အောင်ဆန်းရုပ်တုရှိပါတယ်။ ဒီနှစ် အတွင်း ကျွန်တော့်လုပ်ငန်းက ထုလုပ် တဲ့ စကျင်ကျောက်သား ဗိုလ်ချုပ် အောင်ဆန်း ပုံတူရုပ်တုပါ။ အဲဒီပုံစံ အတိုင်း တောင်သာမြို့အတွက် ထု လုပ်ပေးရတယ်။ အမြင့် ခုနစ်ပေ ရှိ ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း စစ် ဝတ်စုံနဲ့ပုံစံပါ''ဟု အနန္တဂုဏ်ပန်းတ မော့လုပ်ငန်းမှ ပန်းတမော့ပညာရှင် ဦးမောင်ကြီးက ပြောသည်။
စကျင်ကျေးရွာမှ စကျင်ကျောက် သားထွက်ရှိသည့် တောင်ကြီးများရှိ ရာ ပစ္စည်းရရှိမှု လွယ်ကူသည့်အပြင် စကျင်ကျောက်သား ပုံတူရုပ်တု ထု လုပ်နိုင်သည့် ပညာရှင်များရှိသည်။ စကျင်ကျောက်သား ထုလုပ်သည့် ပန်းတမော့လုပ်ငန်းများမှ ဗုဒ္ဓရုပ်ပွား တော်မျိုးစုံ၊ ခြင်္သေ့၊ ဆင်၊ မြင်းရုပ်နှင့် အခြားရုပ်တုမျိုးစုံ ထုတ်လုပ်ရောင်းချ သည်။ မြန်မာနိုင်ငံတွင် စကျင်ကျောက် သားရုပ်တုများကို အများဆုံး ထုတ် လုပ်သည့်နေရာဖြစ်ကာ ပြည်တွင်း ပြည်ပဈေးကွက်သို့ ထုလုပ်သည့် စ ကျင်ကျောက်သားရုပ်တုများ တင်ပို့ ရောင်းချရသည်။ ထုလုပ်ထားသည့် စကျင်ကျောက်သား ပုံတူရုပ်တုကို အ ချောသတ်ပြီးပါက တောင်သာမြို့ ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် ကျင်းပရေးကော်မတီသို့ လွှဲပြောင်း ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
လှိုင်ထွေးအောင် - YangonMediaGroup

မှတ်ချက်များ