ဖြူးမြို့နယ်အတွင်းမှာ သူရဦးရွှေမန်း မဲဆွယ် စည်းရုံးရေး ဆင်းနေတဲ့ပုံတွေဟာ သူ့ကို စစ် သားတစ်ယောက်ဆိုတာထက် နိုင်ငံရေးသ မား တစ်ယောက်လို့ ပြည်သူတွေကို ပိုပြီး အမြင်သက် ရောက်စေခဲ့ပါပြီ။ ကားပေါ်မှာ၊ ပြည်သူတွေကြားမှာ၊ လယ် ကွက်တွေထဲမှာ၊ မုန့်ဟင်းခါးဆိုင်မှာ ပုံစံအမျိုးမျိုးနဲ့ မဲဆွယ် နေတဲ့ သူ့ပုံရိပ်တွေဟာ မွေးရပ်မြေမှာ ရွေးကောက်ပွဲအ နိုင်ရဖို့ ကျားကုတ်ကျားခဲ ကြိုးစားနေတယ်ဆိုတာ ထင် ရှားပါတယ်။ ဒီနေရာမှာ မေးစရာတစ်ခုရှိတာက ရွေးကောက် ပွဲမှာ သူအနိုင်ရခဲ့မယ်ဆိုရင် ၂ဝ၁၅ အလွန် မြန်မာ့နိုင်ငံ ရေးမှာ သူ ဘယ်နေရာက ဆက်ကစားသွားမလဲဆိုတဲ့ အချက်ပါပဲ။
ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက်က ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ရာထူးကနေ ဖယ်ရှားခံလိုက်ရချိန်ကစပြီး သူရဦးရွှေမန်း ရဲ့ အခန်းကဏ္ဍဟာ မြန်မာ့နိုင်ငံရေးမှာ ပြီးဆုံးသွားပြီလို့ ပြည်သူတွေကြားမှာရော နိုင်ငံရေးသုံးသပ်သူတွေ ကြား မှာပါ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။ ဘာကြောင့် လဲဆိုတော့ မဆလ၊ နဝတ၊ နအဖ စစ်ခေါင်းဆောင် အ ဆက်ဆက်ဟာ သူတို့ရဲ့ ထိပ်ပိုင်းခေါင်းဆောင် တစ်ယောက် ယောက်ကို ရာထူးက ဖယ်ရှားလိုက်ပြီဆိုရင် ကျူပင်ခုတ် ကျူငုတ်မကျန်အောင် လုပ်ကိုင်တတ်တဲ့ အလေ့အထရှိ ပါတယ်။ ဒါကြောင့် သူရဦးရွှေမန်းကိုလည်း ပြစ်ချက်တစ် ခုခုနဲ့ အရေးယူပြီး အကျဉ်းချတာမျိုး၊ ပိုင်ဆိုင်မှု သိမ်း ဆည်းတာမျိုး လုပ်လိမ့်မယ်လို့ တော်တော်များများ တွေး ထင်ထားကြပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့မိသားစုပိုင် ချယ်ရီ င်္ြ ရေဒီယိုလိုင်း ရုတ်တရက် ထုတ်လွှင့်ခွင့် ရပ် ဆိုင်းခံလိုက်ရတဲ့ အခါမှာတော့ အဲဒီအယူအဆကို ပိုပြီး ခိုင်မာစေခဲ့ပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ ချယ်ရီ FM လိုင်းကို ပြန် ကြားရေးဝန်ကြီးဌာနက ဆက်ပြီး ထုတ်လွှင့်ခွင့်ပြုခဲ့သလို သူရဦးရွှေမန်းကိုလည်း ပြည်ခိုင်ဖြိုးပါတီရဲ့ သာမန်ပါတီ ဝင်တစ်ဦးအဖြစ် ဆက်ပြီး ရပ်တည်ခွင့်ပေးခဲ့ပါတယ်။ အဲဒီ အချိန်ကစပြီး ပြည်ခိုင်ဖြိုးပါတီရဲ့ ထိပ်တန်းခေါင်းဆောင် တွေကြားမှာ သူရဦးရွှေမန်းကို လုံးဝမြင်တွေ့ခွင့် မရတော့ ပါဘူး။ ပြည်ခိုင်ဖြိုးပါတီရဲ့ ထောက်ခံမှုအားနဲ့ နောင်အစိုး ရသက်တမ်းမှာ သမ္မတရာထူး မျှော်လင့်နေတဲ့ သူ့အိပ်မက် ဟာလည်း ရေပေါ် အရုပ်ရေးသလို မှုန်ဝါးဝါး ဖြစ်သွားပြီလို့ ဆိုရမှာပါ။
ပြီးခဲ့တဲ့ နဝတ၊ နအဖ စစ်အစိုးရလက်ထက်မှာ သူရ ဦးရွှေမန်းဟာ သမ္မတဦးသိန်းစိန်ထက် ရာထူးကြီး တာဝန် ယူခဲ့သူတစ်ဦးပါ။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ ဖြိုးရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ နိုင်ငံတော်ဝန်ကြီးချုပ်ရာထူး ကိုပါ ပူးတွဲရယူပြီး တိုင်းပြည်ရဲ့ နံပါတ်(၁) ခေါင်းဆောင် နေရာကို နှစ်ပေါင်းများစွာ ရယူခဲ့ပါတယ်။
အဲဒီအချိန်မှာ နံပါတ်(၂)ခေါင်းဆောင်အဖြစ် ဒုချုပ်(ဗိုလ်ချုပ်ကြီး) ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးနဲ့ အတွင်းရေးမှူး(၁) ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့က အသီးသီး ဦးဆောင်ခဲ့ပါတယ်။ အတွင်းရေးမှူး(၁)နဲ့ တပ်မတော် ထောက်လှမ်းရေး ညွှန် ကြားရေးမှူးချုပ်ရာထူးကို ပူးတွဲတာဝန်ယူထားတဲ့ ဒုဗိုလ် ချုပ်ကြီးခင်ညွန့်ကို ဗိုလ်ချုပ်ကြီးရာထူးနဲ့ နိုင်ငံတော်ဝန်ကြီး ချုပ်တာဝန်ကို တိုးမြှင့်ပေးလိုက်တဲ့အချိန်မှာ နိုင်ငံတော် ကောင်စီဝင်ထဲက အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ် ကြီး သူရရွှေမန်းဟာ တိုင်းပြည်ရဲ့ နံပါတ်(၄)ခေါင်းဆောင် ဖြစ်လာပါတယ်။
တစ်ပြိုင်တည်းမှာပဲ လူထုကြားမှာ ပုံရိပ်ကြီးနေတဲ့ နံပါတ်(၃) ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ သြဇာကို ထိန်းညှိဖို့ ဒုဗိုလ် ချုပ်ကြီး သူရရွှေမန်းကို ဗိုလ်ချုပ်ကြီးရာထူး တိုးမြှင့်ပေး လိုက်ပြီး ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ အဆင့်တူနေရာကို ဗိုလ် ချုပ်မှူးကြီးသန်းရွှေက အရောက်ပို့ပေးလိုက်ပါတယ်။ အဲဒီ အချိန်တုန်းက မြန်မာ့တပ်မတော်ရဲ့ နံပါတ်(၅) ခေါင်း ဆောင်နေရာမှာ အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန် ရှိနေပါတယ်။ ၂ဝဝ၃ ခုနှစ်အတွင်း မြောက်ကို ရီးယားနိုင်ငံကို မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ ခေါင်း ဆောင်အဖြစ် ဗိုလ်ချုပ်ကြီးသူရရွှေမန်းဦးဆောင်တဲ့ တပ် မတော်အရာရှိကြီးတွေ လျှို့ဝှက်သွားရောက်ခဲ့တဲ့ သတင်း ဟာ ပြည်တွင်းပြည်ပမှာ လူစိတ်ဝင်စားမှု အမြင့်ဆုံးသတင်း တစ်ပုဒ်ဖြစ်ခဲ့သလို မြန်မာ့တပ်မတော်မှာ ဗိုလ်ချုပ်ကြီး သူရရွှေမန်းရဲ့ သြဇာဟာလည်း ပိုပြီးကြီးမားခဲ့ပါတယ်။
၂ဝဝ၄ ခုနှစ် အောက်တိုဘာ ၂၁ ရက်မှာ ဗိုလ်ချုပ် ကြီးခင်ညွန့်ကို ရာထူးက ဖယ်ရှားလိုက်တဲ့အချိန်မှာ ဗိုလ် ချုပ်ကြီး သူရရွှေမန်းဟာ တိုင်းပြည်ရဲ့ နံပါတ်(၃) ခေါင်း ဆောင်နေရာကို ရောက်ရှိလာပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ် မှူးကြီးသန်းရွှေရဲ့ ပြည်တွင်းခရီးစဉ် အတော်များများမှာ အနီးကပ်လိုက်ပါရတဲ့ စစ်ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သ လို နောင်တစ်ချိန်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာမယ့်သူလို့ စစ်တပ်အသိုင်းအဝိုင်းကြားမှာ ထင် ကြေးပေးခံခဲ့ရပါတယ်။
အဲဒီတုန်းက နိုင်ငံရေးအခင်းအကျင်းအရ နံပါတ် (၁) တပ်ချုပ်၊ နံပါတ်(၂) ဒုတပ်ချုပ်၊ နံပါတ်(၃) ဝန်ကြီးချုပ် ဖြစ်နေလို့ နံပါတ်(၃)နေရာမှာ ရောက်ရှိနေတဲ့ ဗိုလ်ချုပ် ကြီး သူရရွှေမန်းဟာ ဗိုလ်ချုပ်ကြီးခင်ညွန့် မရှိတော့တဲ့ နောက်ပိုင်းမှာ ဝန်ကြီးချုပ်ရာထူးအတွက် စီနီယာဖြစ်နေ ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အတွင်းရေး မှူး(၁) ဒုဗိုလ်ချုပ်ကြီးသိန်းစိန်ကို ဗိုလ်ချုပ်ကြီးရာထူး တိုး မြှင့်ပေးပြီး ဝန်ကြီးချုပ်တာဝန်ကို ပေးလိုက်ပါတယ်။ နိုင်ငံ တော်အခမ်းအနားနဲ့ နိုင်ငံပိုင် သတင်းစာတွေမှာတော့ ဗိုလ်ချုပ်ကြီးသူရရွှေမန်းဟာ တိုင်းပြည်ရဲ့ နံပါတ်(၃)ခေါင်း ဆောင်အဖြစ် ဆက်ပြီးဖော်ပြခြင်း ခံခဲ့ရပေမယ့် အစိုးရ အဖွဲ့ လုပ်ပိုင်ခွင့်ကတော့ နံပါတ် (၄) ခေါင်းဆောင်ဖြစ်တဲ့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် လက်ထဲမှာပဲ ရှိနေခဲ့ တာပါ။
၂ဝ၁ဝ ပြည့်နှစ်အတွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးတို့နှစ်ဦး ရာထူးက အ နားယူလိုက်တဲ့အချိန်မှာ တိုင်းပြည်ရဲ့ နံပါတ်(၁)နေရာ အတွက် ဗိုလ်ချုပ်ကြီးသူရရွှေမန်း ဖြစ်လာဖို့ အခွင့်အရေး ကြုံလာပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲပြီးနောက်ပိုင်းမှာ သူဟာ နိုင်ငံရဲ့ အမြင့်ဆုံးသမ္မတရာထူးကိုမရဘဲ လွှတ် တော်ဥက္ကဋ္ဌ(နာယက) ရာထူးနဲ့ပဲ ငါးနှစ်တာကို ဖြတ်သန်း ခဲ့ရပါတယ်။ ပြောရမယ်ဆိုရင် သူ့နောက်က နံပါတ်(၄)နေရာမှာရှိတဲ့ ဦးသိန်းစိန်ဟာ တိုင်းပြည်ရဲ့ နံပါတ်(၁) သမ္မတနေရာကို ရောက်ရှိသွားပြီး တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရာထူးကို ဂျူနီယာ စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရရှိသွားတာပါ။
သူရဦးရွှေမန်းဟာ တိုင်းပြည်ရဲ့ အမြင့်ဆုံးအာဏာ ကို တစ်ကြိမ်တစ်ခါမှ မရခဲ့ပါဘူး။ ဒါကြောင့် နောင်လာ မယ့် အစိုးရအဖွဲ့မှာ သူ့အနေနဲ့ တိုင်းပြည်ရဲ့ အမြင့်ဆုံးဖြစ် တဲ့ သမ္မတရာထူးကို ရယူနိုင်ဖို့ ကြိုးပမ်းခဲ့တာပါ။ ကိုယ် တိုင်လည်း သမ္မတလုပ်ချင်တယ်လို့ ကြေညာထားပါတယ်။ ဒါ့အပြင် အဓိက အတိုက်အခံ အင်န်အယ်လ်ဒီပါတီ ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးကောင်း မွန်အောင် တည်ဆောက်ပြီး သမ္မတရာထူး မျှော်လင့်ချက် ကို ဘက်ပေါင်းစုံက ဖြည့်ဆည်းနိုင်အောင် ပြင်ဆင်ခဲ့ပါ တယ်။

အထူးသဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဆိုတဲ့ ရာ ထူးအရှိန်အဝါနဲ့ လွှတ်တော်သက်တမ်း ငါးနှစ်နီးပါးကာ လမှ ကစားကွက်ပေါင်းစုံနဲ့ ခြေစွမ်းပြခဲ့ပါတယ်။ သမ္မတ လစာကို သိန်း ၅ဝ တိုးပေးတဲ့ကိစ္စ၊ လွှတ်တော်ကိုယ်စား လှယ်တွေရဲ့ လစာကို ၁ဝ သိန်း တိုးပေးတဲ့ကိစ္စအပါအဝင် ပြည်ခိုင်ဖြိုးပါတီတွင်း၊ ပါတီပြင်ပတွေမှာပါ ထောက်ခံမှု ရနိုင်မယ့် ဥပဒေတွေ၊ ဥပဒေကြမ်းတွေ အတည်ပြု ပြဋ္ဌာန်း နိုင်အောင် ကစားကွက် ဖော်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ပုဒ်မ ၄၃၆ နဲ့ ၅၉(စ) ပြင်ဆင်ရေးအတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ထိပ် တိုက် တွေ့ဆုံမှုအပြီးမှာတော့ သူရဦးရွှေမန်း ခြေစွမ်းကျ တဲ့အချိန် ရောက်ရှိလာပါတယ်။
ပြည်ခိုင်ဖြိုးဟာ တပ်မတော်ရဲ့ In Line ပါတီ ဖြစ် နေပေမယ့် သူရဦးရွှေမန်းဦးဆောင်တဲ့ ဖွဲ့စည်းပုံပြင်ဆင် ရေး ကြိုးပမ်းချက်ကြောင့် မျက်နှာပျက်စရာတွေ ဖြစ်ခဲ့ ပါတယ်။ တစ်ပြိုင်တည်းမှာပဲ ပြည်ခိုင်ဖြိုးပါတီထဲမှာ လက် ရှိပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းကို ထောက်ခံတဲ့အုပ်စုနဲ့ ယခင် ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်ကို ထောက်ခံတဲ့အုပ်စုဆိုပြီး အုပ်စု နှစ်စု ဖြစ်သွားပါတယ်။ တစ်ဖက်မှာလည်း သမ္မတဦးသိန်း စိန်နဲ့ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှစ်ဦး ရဲ့ ဆက်ဆံရေးဟာ အကောင်းဆုံးအနေအထားမှာ ရှိနေ လို့ ဦးရွှေမန်းအတွက် ကစားကွက် ပိုပြီးပျက်ခဲ့ရပါတယ်။
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်း ကုန်ဆုံးဖို့ လပိုင်းအလို ၂ဝ၁၅ သြဂုတ် ၁၂ ရက် ညပိုင်း မှာ နေပြည်တော် ပြည်ခိုင်ဖြိုးပါတီဌာနချုပ်ကို လုံခြုံရေး တပ်ဖွဲ့တွေ ဝိုင်းလိုက်တဲ့အချိန်မှာတော့ သူရဦးရွှေမန်းရဲ့ ပါတီဥက္ကဋ္ဌ အခန်းကဏ္ဍဟာလည်း အဆုံးသတ်သွားရပါ တယ်။ အခုတော့ သူဟာ ပြည်ခိုင်ဖြိုးပါတီရဲ့ ခေါင်းဆောင် တစ်ယောက် မဟုတ်တော့သလို ပါတီရဲ့ ဗဟိုကော်မတီဝင် တစ်ဦးလည်း မဟုတ်တော့ပါဘူး။ ဒါကြောင့် သူဟာ လာ မယ့်ရွေးကောက်ပွဲမှာ သာမန် ပါတီဝင်တစ်ယောက် အ နေနဲ့ ပြည်ခိုင်ဖြိုးကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ် ဝင်ပြိုင်ရမှာပါ။ ရွေးကောက်ပွဲမှာ ကိုယ့် ပါတီကအနိုင်ရပြီး အစိုးရဖွဲ့နိုင်မယ်ဆိုရင်တောင် သာ မန်ပါတီဝင်တစ်ဦးအတွက် သမ္မတရာထူးဟာ သိပ်ကို အ လှမ်းဝေးကွာလွန်းပါတယ်။
ဒါဆို သူရဦးရွှေမန်းဟာ ဘာအတွက် ရွေးကောက် ပွဲဝင်တာလဲဆိုတဲ့အချက်ဟာ စဉ်းစားစရာကောင်းနေပါ တယ်။ နိုင်ငံရေး ဂုဏ်သိက္ခာအတွက်လား (ဒါမှမဟုတ်) သမ္မတမျှော်လင့်ချက်အတွက် ယုံကြည်မှု ရှိနေသေးလို့ လား (ဒါမှမဟုတ်) တခြားအကြောင်းအရာတစ်ခုခု ရှိနေ သေးလို့လား။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ဆန္ဒမဲပေးဖို့နဲ့ ပတ်သက်လို့ တပ် မတော်ရဲ့ ရပ်တည်ချက်မူဝါဒဟာ ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေ သအတွက် ကောင်းအောင် ဆောင်ရွက်နိုင်သူ၊ တို့တာဝန် အရေးသုံးပါးကို သိရှိနားလည် စောင့်ထိန်းသူ၊ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးအမြင် လေးမြင်ရှိ ပြီး တပ်မတော်အပေါ် နားလည်မှုရှိတဲ့သူမျိုးကို ဖြစ်စေ ချင်တယ်လို့ ထုတ်ဖော်ပြောဆိုမှုဟာ ပြီးခဲ့တဲ့ လွှတ်တော် သက်တမ်းအတွင်း တပ်မတော် ကိုယ်စားလှယ်လောင်း တွေနဲ့ အချေအတင်ဖြစ်ထားတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အတွက် အနီကဒ်တစ်ကဒ်လို့ ဆိုဖွယ်ရှိပါတယ်။
ဒါပေမဲ့ သူရဦးရွှေမန်းဟာ လာမယ့်ရွေးကောက်ပွဲ မှာ အနိုင်ရဖို့ အင်တိုက်အားတိုက် မဲဆွယ်မှုတွေ လုပ်နေ ပါတယ်။ တစ်ဖက်မှာလည်း 'ဖြူး'မဲဆန္ဒနယ်မှာ သူနဲ့ အဓိ ကပြိုင်ရမယ့်သူဟာ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ပြိုင်မယ့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ ကိုယ် ရေးအရာရှိ ဦးကိုကိုကျော်ဖြစ်နေလို့ သူရဦးရွှေမန်းကို နိုင်ငံ ရေးကစားကွင်းထဲကနေ အပြီးမောင်းထုတ်တော့မယ်ဆို တဲ့ ဝေဖန်သံတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ အဲဒါနဲ့ပတ် သက်ပြီး သမ္မတကိုယ်ရေးအရာရှိ ဦးကိုကိုကျော်ကတော့ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ ခိုင်းစေချက်ကြောင့်မဟုတ် ဘဲ သူတစ်ဦးတည်းရဲ့ သဘောဆန္ဒနဲ့ 'ဖြူး'မဲဆန္ဒနယ်မှာ ဝင်အရွေးခံတာပါလို့ မီဒီယာတွေကို ဖြေကြားထားပါ တယ်။
သူရဦးရွှေမန်းရာထူးက ဖယ်ရှားခံလိုက်ရပြီးနောက် ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သုံးကြိမ်တိတိ တွေ့ဆုံ ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။ အဲဒီ သုံးကြိမ်အတွင်း မှာ သူတို့နှစ်ဦး ဘာတွေဆွေးနွေးခဲ့လဲဆိုတာ တရားဝင် ထုတ်ပြန်ခြင်းတော့ မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုတွေ့ဆုံပွဲနဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ် အတော်များ များမှာ 'ဖြူး'မဲဆန္ဒနယ် ပါဝင်ခြင်းမရှိတဲ့အချက်ဟာ သူရ ဦးရွှေမန်းအတွက် စိတ်ကြိုက်ကစားကွက် ဖော်နိုင်အောင် ဖန်တီးထား သလားဆိုပြီး နိုင်ငံရေးအကဲခတ်သူတွေကြား မှာ သုံးသပ်မှုတွေ ရှိနေပါတယ်။
တစ်ဆက်တည်းမှာပဲ ပြည်ခိုင်ဖြိုးမှာ ကစားကွက် ကျဉ်းလာတဲ့ သူရဦးရွှေမန်းကိုြီူ ပါတီက ရွေးကောက် ပွဲအလွန်မှာ ကစားသမားသစ်တစ်ဦးအဖြစ် နေရာပေး ခေါ်ယူသွားမလားဆိုတဲ့ အမြင်မျိုးလည်း ကျယ်ကျယ်ပြန့် ပြန့်ထွက်လာပါတယ်။ ဒါပေမဲ့ သူရဦးရွှေမန်းကတော့ မိခင်ပါတီအပေါ်မှာပဲ သစ္စာရှိရှိ ဆက်ပြီးနေထိုင်သွားမယ့် အကြောင်း မီဒီယာအင်တာဗျူးတစ်ခုမှာ ဖြေကြားထား ပါတယ်။

စစ်တက္ကသိုလ် အပတ်စဉ်(၁၁)မှာ ကျောင်းဆင်းခဲ့ ပြီး တပ်မတော်မှာ နှစ်ပေါင်း ၄ဝ ကျော် တာဝန်ထမ်း ဆောင်ခဲ့တဲ့ သူရဦးရွှေမန်းဟာ ဗိုလ်ချုပ်ကြီးရာထူးနဲ့ တပ် မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးဖြင့် အ မြင့်ဆုံးတာဝန် ထမ်းဆောင်ခဲ့ဖူးပေမယ့် တပ်မတော်ရဲ့ အမြင့်ဆုံးရာထူးဖြစ်တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ရရှိပိုင်ဆိုင်ခဲ့ခြင်း မရှိပါဘူး။
သူရဦးရွှေမန်းဟာ နိုဝင်ဘာရွေးကောက်ပွဲမှာ အ နိုင်မရခဲ့ဘူးဆိုရင် တပ်မတော်မှာ အမြင့်ဆုံးရာထူး မရ ရှိခဲ့သလို တိုင်းပြည်ရဲ့ အမြင့်ဆုံးရာထူးဖြစ်တဲ့ သမ္မတ အိပ်မက်ဟာလည်း ပြည်ဖုံးကာချ အဆုံးသတ်သွားရပြီလို့ ဆိုရတော့မှာပါ။ ဒါ့အပြင် ယခင်စစ်တပ်က အနားယူသွား တဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေလိုပဲ ကျန်ရှိတဲ့ ဘဝအချိန် လေးတွေကို မိသားစုပိုင် စီးပွားရေးလုပ်ငန်းတွေမှာ ဦး ဆောင်ရင်း အေးအေးချမ်းချမ်း ဖြတ်သန်းသွားရတော့ မယ်လို့ ထင်ပါတယ်။ အဲဒီလိုမှမဟုတ်ဘဲ ရွေးကောက် ပွဲမှာ သူရဦးရွှေမန်း အနိုင်ရခဲ့မယ်ဆိုရင်တော့ နောင်လာ မယ့် အစိုးရနဲ့ လွှတ်တော်သက်တမ်း ငါးနှစ်အတွက် စစ် တပ်၊ ပြည်ခိုင်ဖြိုး၊ အင်န်အယ်လ်ဒီ သုံးပွင့်ဆိုင် နိုင်ငံရေး ဇာတ်ခုံပေါ်မှာ ဘယ်လိုကစားကွက်မျိုးနဲ့ ဘယ်နေရာက သူ ဆက်ပြီးကစားသွားမလဲဆိုတာ စောင့်ကြည့်ရတော့မှာ ပဲလို့ ဆိုရတော့မှာပါ။ ။
မင်းညီ - Yangon Media Group

မှတ်ချက်များ