ကမ္ဘာတစ်လွှား ထူးထူးခြားခြား စက်ဘီးများ
စက်ဘီးဆိုတာ ၁၈ ရာစုကနေ စတင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပါတယ်။ ထူးခြားချက်က ယင်း အချိန် စက်ဘီး စပေါ်ချိန် ရှေ့ဘီးဟာ နောက်ဘီးထက် ကြီးတဲ့ ပုံစံများ ဖြစ်ပြီး ၁၉ ရာစု နောက်ပိုင်းကနေ တစ်ဖြည်းဖြည်း ရှေ့ဘီးနဲ့ နောက်ဘီး အရွယ် တူလာခြင်း ဖြစ်ပါတယ်။
၂ ဘီးတည်း ရှိရာကနေ သုံးဘီး၊ သုံးဘီးကနေ ၄ ဘီး၊ ၆ ဘီး အထိ စတန့်တွင် ဖန်တီးမှုများ ရှိလာပြီး နောက်ဆုံး စက်ဘီးကို ရေထဲမှာ မောင်းလို့ရအောင် အထိပါ တီထွင် ဖန်တီးခဲ့ ပါတယ်။ စက်ဘီးကိုသာ တွင်တွင်ကျယ်ကျယ် အသုံးပြုရင် ယဉ်ကျော ပိတ်ဆို့မှုကို ဖြေရှင်းနိုင်ပေမယ့် သူ့ကို အမြန်လိုတဲ့ ခရီးမှာ အသုံးမတည့် ပါဘူး။ ဒါကြောင့်မို့ သွားလာရ နီးတဲ့ ရပ်ကွက်တွင်း လမ်းတွေမှာ အသုံးပြုရင်း အားကစား အတွက်ကနေ ဘက်စုံသုံး အထိ ဖြစ်လာ ပါတယ်။
ယခု ပုံမှာ ဖော်ပြထားတဲ့ စက်ဘီးများဟာဆို အလှပြုလုပ်ထားခြင်းများ မဟုတ်ပဲ တကယ် လက်တွေ့ မောင်းနှင်နိုင်တဲ့ စက်ဘီးများ ဖြစ်ပါတယ်။
အောင်ခမ်း (ရိုးရာလေး)











မှတ်ချက်များ