ပန်းချီဆွဲလို့ ဖခင်ကို ဆေးဖိုး ရှာပေးတဲ့ ၈နှစ် အရွယ် သမီးလေး









တရုတ်ပြည် အလယ်ပိုင်း Changsha မြို့က ဆေးရုံတွင်း လူနာခန်း တစ်ခုမှာ ကလေးငယ် တစ်ဦး ပန်းချီ ဆွဲနေပါတယ်။ အသက် ၈ နှစ် အရွယ်သာ ရှိသေးတဲ့ Jiang Yake လို့ အမည်ရတဲ့ ကလေးမလေးဟာ ဖခင် ဆေးဖိုး အတွက် ပန်းချီဆွဲ ရှာဖွေနေခြင်း ဖြစ်ပါတယ်။

ဖခင်ဖြစ်သူက ယမန်နှစ်က စလို့ သွေးကင်ဆာ ရောဂါ ဝေဒနာ ခံစားရပြီး ဆေးကု ရပါတယ်။ ယင်းစရိတ်ကြောင့်မို့ မိသားစု စီးပွားရေး အခြေအနေ ပျက်ဆီးခဲ့ ပါတယ်။ မိခင်လည်း မတတ်နိုင်ပါဘူး။ သမီးငယ်လေးကတော့ သူမ တတ်ကျွမ်းတဲ့ ပန်းချီ ပညာနဲ့ ဆေးဖိုး ရှာလိုကြောင်း တစ်ဖွဖွ ပြောခဲ့ ပါတယ်။ နောက်ဆုံး တားမရတော့ မိခင်ဟာလည်း သမီးကို ခွင့်ပြုပေးလိုက် ပါတယ်။ ဒါကြောင့် Jiang ဟာ ပန်းချီကားများကို ဆေးရုံခန်းထဲမှာပဲ ဆွဲပြီးတော့ တရုတ် ဆိုရှယ် မီဒီယာတွေပေါ်မှာ တင်ရောင်း ပါတယ်။

သူမကိုယ်တိုင် ရေးဆွဲနေမှုများ၊ သူမရဲ့ ပန်းချီ ဆွဲရခြင်း အကြောင်းအရာများကို ရေးသား ဖော်ပြတာကြောင့် သူမအပေါ် ပိုလို့ သနားကြင်နာ ချီးကျူးလာကြ ပါတယ်။ အံ့သြစွာပဲ သူမရဲ့ ပန်းချီ လက်ရာများဟာလည်း တကယ် ကောင်းနေ ပါတယ်။ သူမကို ထောက်ခံ၊ အားပေးတဲ့ အနေနဲ့ ပန်းချီကားများလည်း ဝယ်ယူကြကြောင်း သိရ ပါတယ်။

အောင်ခမ်း (ရိုးရာလေး)

မှတ်ချက်များ