ချဉ်ခြင်းတပ်လို့ ဆပ်ပြာမှုန့် စားနေရတဲ့ ကိုယ်ဝန်ဆောင်



ကိုယ်ဝန်ဆောင်ချိန်မှာ ချဉ်ခြင်းတပ်လေ့ရှိတာ ဖြစ်လေ့ဖြစ်ထ ရှိပေမယ့် ဆပ်ပြာမှုန့် စားချင်တယ်လို့ ချဉ်ခြင်းတပ်တာကတော့ တော်တော် ထူးခြားတယ်လို့ ဆိုရပါမယ်။ မီချယ် လာမာတင်ဟာ ဒုတိယ ရင်သွေးကို ကိုယ်ဝန်ဆောင်ချိန်မှာ ဆပ်ပြာမှုန့် စားဖို့ ချဉ်ခြင်းတပ်ခဲ့ပြီး မွေးဖွားဖို့ သုံးလပဲ လိုတော့တဲ့ အချိန်မှာ အဆုံးစွန် ချဉ်ခြင်းတပ်လာခဲ့ပါတယ်။

အစပိုင်းမှာ သူမဟာ ဆပ်ပြာမှုန့်တွေကို ရှုခဲ့ပြီး စိတ်မထိန်းနိုင်တဲ့ နောက်မှာတော့ ဆပ်ပြာမှုန့် စားခဲ့ပါတယ်။ ဆပ်ပြာမှုန့် စားတဲ့အခါမှာ ၀ါးရတာ အဆင်ပြေစေဖို့နဲ့ အရသာ မဆိုးအောင် ဆန်စေ့နဲ့ ရောစားတယ်လို့ မာတင်က ပြောပါတယ်။

"၀ါးရတာလည်း အဆင်ပြေမယ်၊ အရသာလည်း ဆိုးဆိုးရွားရွား မဖြစ်အောင် ဆပ်ပြာမှုန့်ကို ဆန်စေ့တွေနဲ့ ရောနှယ်ပြီး ကျွန်မ ၀ါးပါတယ်။ စိတ်ကျေနပ်ပြီ ဆိုတာနဲ့ ချက်ချင်း ထွေးထုတ်ပြီး ပါးစပ် ဆေးပါတယ်။ တစ်ခါ စားပြီးတိုင်း ဆပ်ပြာမှုန့်အနံ့ ဘယ်လောက် ဆိုးလွန်းတယ်ဆိုတာ သိပေမယ့် နောက်တစ်ရက်ကျရင် မစားရ မနေနိုင်အောင် ချဉ်ခြင်းတပ်လာပြန်ပါတယ်"လို့ မာတင်က New Zealand Herald သတင်းဌာနကို ပြောပါတယ်။

နောက်ပိုင်းမှာတော့ မာတင်ဟာ သူမအနေနဲ့ မဖွယ်မရာတွေ စားချင်တဲ့ ပီကာရောဂါ လက္ခဏာတွေ ရှိနေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ပီကာရောဂါ ခံစားရသူတွေဟာ စားသောက်ဖို့ မသင့်တော်တဲ့ ပစ္စည်းတွေကို စားလေ့ရှိပြီး သူတို့ရဲ့ အစားအစာ စာရင်းမှာ မြေဖြူခဲ၊ ပလာစတာ၊ အိမ်သုတ်ဆေးနဲ့ အ၀တ်အစား အစရှိတဲ့ အရာတွေ ပါဝင်တယ်လို့ သိရပါတယ်။ မာတင်ကတော့ သူမ အနေနဲ့ အနံ့အသက် ဆိုးရွားတဲ့ဒဏ် မခံနိုင်လို့ ဆပ်ပြာမှုန့် ချဉ်ခြင်းတပ်တဲ့ နေ့စွဲတွေက မြန်မြန် လွန်မြောက်ချင်ပြီလို့ ပြောပါတယ်။

Nz (ရိုးရာလေး)

မှတ်ချက်များ