ဘန်ကောက်ဗုံးဖောက်ခွဲသူအဖြစ် သံသယရှိသူကို ဖမ်းဆီးမိ
သြဂုတ်လ ၁၇ ရက်က လူ ၂ဝ သေဆုံးခဲ့ရတဲ့ ဘန်ကောက် မြို့လယ်က ဧရာဝဏ် နတ်ကွန်း ဗုံးပေါက်ကွဲမှုနဲ့ ဆက်နွယ်ပြီး သံသယရှိသူ နိုင်ငံခြားသား နောက်တစ်ဦးကို ဖမ်းဆီးမိကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ် ကျန် အိုချာက ပြောကြားလိုက်ပါတယ်။
အဆိုပါ သံသယရှိသူ အမျိုးသားကို ဘန်ကောက်မြို့ အရှေ့ဘက် ကမ္ဘောဒီးယားနယ်စပ်အနီး စာကယောက် ပြည်နယ်မှာ ဖမ်းဆီးရမိခဲ့တာလို့ ထိုင်းဝန်ကြီးချုပ်က သတင်းထောက်တွေကို ပြောပါတယ်။
အဲဒီ နိုင်ငံခြားသားဟာ အဓိက သံသယ ရှိသူအဖြစ် ဖမ်းဆီးခဲ့တယ်လို့လည်း ဆိုပါတယ်။
အရင် သီတင်းပတ်ကုန်က ဖမ်းထားတဲ့ အသက် ၂၈ နှစ်အရွယ် အမျိုးသားဟာ ပေါက်ကွဲမှု မဖြစ်ပွားခင် မှာ စီစီတီဗီ ရုပ်သံ မှတ်တမ်းက မြင်လိုက်ရတဲ့ လူလို့ မယူဆကြောင်း ဗုံးခွဲမှုနဲ့အလိုရှိသူ မဖြစ်နိုင်ကြောင်း ထိုင်းရဲက ဆိုပါတယ်။
အသက် ၂၆ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦးနဲ့ နိုင်ငံခြားသား အမျိုးသားတစ်ဦးတို့ကိုလည်း ထိုင်းရဲက ဖမ်းဝရမ်း ထုတ်ပြန်ထားပါတယ်။
BBC Burmese

မှတ်ချက်များ