နှလုံးလှ ဆရာဝန်




တရုတ်ပြည် Zhejiang မြို့မှာ ရှိတဲ့ ဆေးရုံ တစ်ရုံမှာ ဖြစ်ပါတယ်။ နှလုံး ခွဲစိတ် ကုသခံရမယ့် အသက် ၂ နှစ်အရွယ် ကလေးငယ်လေးကို အငိုတိတ်ပြီး ကြောက်စိတ်တွေ ပျောက်လွှင့်သွားအောင် လူငယ် ဆရာဝန် တစ်ဦးမှ ပြုစု ချော့မော့နေတဲ့ ပုံစံ ဖြစ်ပါတယ်။

ကလေးငယ်လေးဟာ အသက် ၂ နှစ်သာရှိသေးပြီး ခွဲစိတ် ကုသခံဖို့ ဆိုတာ အင်မတန် နုနယ်ပါတယ်။ တော်ရုံ သတ္တိနဲ့ မရပါဘူး။ ကလေးငယ်ဟာ ကြောက်အားဖြင့် ရုန်းကန် ငိုကြွေးတာကြောင့် ဘယ်လိုမှ ပြုမရ ပါဘူး။ ဒါနဲ့ ခွဲစိတ် ဆရာဝန်ဟာ ကလေးငယ်ကို ပွေ့ချီပြီးတော့ အပြင်ခေါ်သွား ပါတယ်။ ပြီးတော့ စကားတွေ ပြောပြီး ဆရာဝန်ဟာ သူ့ရဲ့ သမီးငယ်လေး အင်မတန် ကြိုက်တဲ့ ကာတွန်း ဗီဒီယိုလေးကို ဖုန်းနဲ့ ဖွင့်ပြ ပါတယ်။ ပြီးတော့ ကလေးငယ်ကို မကြောက်အောင် အမျိုးမျိုး ချော့မော့ ပြီးတော့ အောင်မြင်စွာ ခွဲစိတ် ကုသ နိုင်ခဲ့ ပါတယ်။

ကလေးငယ် လေးကို အာရုံလွဲပြီးတော့ မိမိရဲ့ သားသမီးရင်းချာလို့ အားပေး ပြောဆိုခဲ့တဲ့ ယင်း ဆရာဝန်ဟာ တရုတ် ဆိုရှယ်မီဒီယာပေါ်မှာ ထင်ပေါ် ကျော်ကြား လာခဲ့ ပါတယ်။

အောင်ခမ်း (ရိုးရာလေး)

မှတ်ချက်များ