ကချင်၊ စစ်ကိုင်းနဲ့ ချင်းပြည်နယ်တွေမှာ မိုးကြီးပြီး ရေလွှမ်းနိုင်


၂၀၁၅ ခုနှစ်၊စက်တင်ဘာလ(၂)ရက်နေ့အတွက် မိုးလေ၀သခန့်မှန်းချက်။

ဘင်္ဂလားပင်လယ်အော် နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။
(၁ -၉-၂၀၁၅)ရက်နံနက်(၀၉း ၄၅)နာရီအချိန် KALPANA_1ဂြိုဟ်တုမှတိုင်းတာပေးချက်အရ ကပ္ပလီပင် လယ်ပြင် ၊ ဘင်္ဂလား ပင်လယ်အော် မြောက်ပိုင်း နှင့် တောင်ပိုင်း တို့မှာ တိမ်ထူထပ် နေပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော် မှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်း နှင့် တောင်ပိုင်း ဒေသ တွေမှာ တိမ်ထူထပ် နေပြီး၊ ကျန် ဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော် တို့မှာ မုတ်သုံလေ အားအသင့်အတင့် ရှိနေပါတယ်။

မြန်မာ့ပင်လယ်ပြင်အခြေအနေ။
မြန်မာ့ကမ်းရိုးတန်း နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာလှိုင်းအနည်း ငယ် မှ လှိုင်းအသင့်အတင့် ရှိပါမယ်။ မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန်ပင်လယ် ပြင် မှာ လှိုင်း အမြင့် (၃) ပေ မှ (၆) ပေ ခန့် အထိ ရှိနိုင်ပါ တယ်။

နေ့အပူချိန်များအခြေအနေ။
နေ့အပူချိန်များဟာ၊ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရှမ်းပြည်နယ်(တောင် ပိုင်း)၊ရခိုင်ပြည်နယ်၊ မွန်ပြည် နယ် နှင့် ကရင်ပြည်နယ် တို့တွင် နေအပူချိန် 23°C-29°C ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးတို့တွင် 33°C-35°C ၊ကျန် တိုင်း ဒေသကြီး များ နဲ့ပြည်နယ် ဒေသ များတွင် နေ့အပူ ချိန် များ ဟာ 30°C-32°C ရှိနိုင် ပါတယ်။

မိုးတိမ်တောင်အခြေအနေ။
မြန်မာ့ကမ်းရိုးတန်းတလျှောက်မှာမိုးတိမ်တောင်များ ထူထပ်စွာဖြစ်ပေါ်နေပြီး၊ ကျန် တစ်ပြည်လုံး မှာ မိုးတိမ်တောင် များအသင့်အတင့် ဖြစ်ထွန်း နေပါတယ်။ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလား ပင်လယ်အော် တို့မှာ မိုးတိမ်တောင်များ အသင့်အတင့် ဖြစ်ထွန်း နိင်ပါတယ်။

မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်။
ကယားပြည်နယ် ၊ရှမ်းပြည်နယ်(တောင် ပိုင်း)၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ မန္တလေးတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီး တို့မှာ နေရာကျဲကျဲ၊ ၊စစ်ကိုင်းတိုင်း ဒေသကြီး(အောက်ပိုင်း) ဧရာဝတီတိုင်းဒေသကြီး နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်၊ ကျန်ဒေသတွေမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း နဲ့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါတယ်။

ရေဖုံးလွှမ်းခံရမှု အခြေအနေ။
ရေဖုံးလွှမ်းမှုအလားအလာမြင့်မားနေမှုကို ကချင်ပြည်နယ် ၊ပဲခူးတိုင်း ဒေသကြီး(တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး နဲ့ စစ်ကိုင်းတိုင်းဒေသကြီး (အထက်ပိုင်း) တို့မှာ တွေ့ နေရပါတယ်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။
ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)ဒေသ တွေမှာ မိုးပိုလာနိုင်ပါတယ်။

ဒေါက်တာထွန်းလွင်

မှတ်ချက်များ