ဂျွန်စိန်းလို့အမည်ရတဲ့ဒီမုဆိုးဟာ လူသူဝေးတဲ့တောနက်ထဲမှာ သမင်တစ်ကောင်ကို တစ်ဦးတည်းခြေရာခံနေတုန်းမှာ သစ်တုံး ၂ တုံးကြား ခြေချော်ပြီး ခြေထောက် ၂ ဖက်လုံး ကျိုးသွားခဲ့တာကြောင့် လမ်းမလျှောက်နိုင်လောက်တဲ့အထိ ပြင်းထန်ခဲ့ပါတယ်။ အသက် ၅၀ ရှိပြီဖြစ်တဲ့ ဂျွန်စိန်းရောက်နေတဲ့နေရာဟာ ဖုန်းလိုင်းမမိသလို သူ့ရဲ့ဝေဒနာကလည်း အရမ်းပြင်းထန်လွန်းနေလို့ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ စဉ်းစားခဲ့တယ်လို့ သူက ဖွင့်ဟပါတယ်။
ဒါပေမဲ့ သူ့ဇနီးနဲ့ သားသမီးတွေအတွက် နှုတ်ဆက်စာကိုရေးပြီးချိန်မှာတော့ သူ့စိတ်ပြောင်းသွားခဲ့ပါတယ်။ ကျိုးနေတဲ့သူ့ခြေထောက်ကို ကျပ်စည်းပြီး တောနက်ထဲကနေထွက်ဖို့ တွားသွားခဲ့ပါတယ်။ သူ့မှာ စားစရာနည်းနည်း၊ ရေသန့်စင်ကိရိယာနဲ့ အရေးပေါ်အသုံးအဆောင်အိတ်အသေးစားလေးပဲ ပါပါတယ်။ ညတိုင်းလည်း အနွေးဓာတ်ရဖို့ မီးဖိုရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ငရဲခန်း ၄ ရက်မြောက်နေ့မှာတော့ ဂျွန်စိန်းဟာ ရေဓာတ်ခန်းခြောက်နေပြီး၊ ဝေဒနာပြင်းပြနေသလို၊ ခရီးဆက်နိုင်ဖို့လည်း အားပြတ်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ မော်တော်ဆိုင်ကယ်သမား ၂ ယောက်က သူ့ကိုတွေ့ရှိခဲ့တာကြောင့် အရေးပေါ်သူနာပြုအဖွဲ့ကို ဆက်သွယ်ခေါ်ယူပေးခဲ့ပါတယ်။
အရေးပေါ်သူနာပြုအဖွဲ့ရဟတ်ယာဉ်ဆင်းဖို့အတွက်တောင် ဂျွန်စိန်းရောက်နေတဲ့နေရာက သစ်ပင်တွေကို ဆိုင်ကယ်သမား ၂ ယောက်က ခုတ်လှဲရှင်းလင်းပေးရတဲ့အထိ သူရောက်နေတဲ့တောကတော့ နက်ရှိုင်းနေဆဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဂျွန်စိန်းဟာ ခြေထောက်ခွဲစိတ်မှုခံယူပြီးနောက် သူချစ်တဲ့မိသားစုနဲ့အတူ ပျော်ရွှင်စွာ ပြန်လည်သက်သာလာနေပါပြီ။ အရှုံးမပေးတဲ့စိတ်ဓာတ်တွေရဲ့အဆုံးသတ်မှာ ပျော်ရွှင်ကြည်နူးမှုတွေရှိတယ်ဆိုတာ ဒီဇာတ်လမ်းက သက်သေပြလိုက်တာပါပဲ။
ညီမင်းဟန်(ဆန္ဒကူး)


မှတ်ချက်များ