တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အ ကြီးဆုံးကုန်သွယ်ဖက် မိတ်ဖက်နိုင်ငံ ဖြစ်သလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလည်း အများဆုံးဖြစ်သည့် နိုင်ငံဖြစ်ကြောင်း တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာ ဟုန်လျန်က ပြောကြားသည်။
စက်တင်ဘာ ၂၄ ရက် ညနေက နေပြည်တော် MICC ခန်းမတွင် ကျင်းပသည့် (၆၆)နှစ်မြောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင် ခြင်း ဂုဏ်ပြုအခမ်းအနားတွင် ပြော ကြားခြင်းဖြစ်သည်။
အဆိုပါအခမ်းအနားတွင် တ ရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာဟုန် လျန်က ''နေပြည်တော်ဟာ မြန်မာနိုင် ငံရဲ့ မြို့တော်ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ချစ်ခင်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးသည် ပထမဆုံးနေပြည်တော် မှာ အမျိုးသားနေ့ ဧည့်ခံပွဲပြုလုပ် ကျင်းပခြင်းဟာ မြန်မာနိုင်ငံအား အ လေးထားဂရုပြုခြင်းနှင့် ချစ်ခင်ရင်း နှီးမှုကို ဖော်ပြဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့နေပြည်တော်မှာ အမျိုးသားနေ့ ပြုလုပ်ကျင်းပခြင်းဟာ မြန်မာနိုင်ငံ အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီ၊ တပ်မတော် စတဲ့ကဏ္ဍအသီးသီးက မိတ်ဆွေများအတွက် အဆင်ပြေပြေ တက်ရောက်နိုင်ရုံမက ကဏ္ဍအသီးသီးက မိတ်ဆွေ များနဲ့ တွေ့ဆုံဖလှယ် ခြင်းအတွက် အခွင့်အလမ်းဖန်တီးနိုင်မည်ဖြစ်ပါတယ်။
ယနေ့ကျင်းပတဲ့ ဧည့်ခံပွဲဟာ ကနဦးအစသာဖြစ်ပြီး နောင်တွင် တရုတ်သံရုံးသည် အမျိုး သားနေ့ဧည့်ခံပွဲကို နေပြည်တော်မှာ ဆက်လက်ပြုလုပ်မည်ဖြစ်တဲ့အပြင် ကျွန်တော်တို့သည် တရုတ်သံရုံးကို ရန်ကုန်မှ နေပြည်တော်သို့ရွှေ့ပြောင်း ရန် စီမံပြင်ဆင်နေပြီး နေပြည်တော် တွင် သံရုံးကို ပထမဦးဆုံးတည် ဆောက်ဖွင့်လှစ်နိုင်ရန် မျှော်လင့်ပါ တယ်'' ဟု တရုတ်သံအမတ်ကြီးက တရုတ်အမျိုးသားနေ့ ဧည့်ခံပွဲကျင်းပ သည့် ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။
ယခုနှစ်သည် တရုတ်-မြန်မာသံတမန်ဆက်ဆံရေး တည်ထောင် ခြင်း (၆၅)နှစ်မြောက်ဖြစ်ပြီး ၎င်းတို့ အကြားတွင် နိုင်ငံတကာအခြေအ နေ မည်မျှပြောင်းလဲစေကာမူ တရုတ်- မြန်မာနှစ်နိုင်ငံတို့၏ ကူးလူးဆက်ဆံ မှုသည် အစမှအဆုံးကောင်းမွန်သော အခြေအနေရှိနေကြောင်း တရုတ်နိုင် ငံသံအမတ်ကြီးက ဆိုသည်။
တရုတ်သံအမတ်ကြီးက ဆက်လက်ပြီး ''ကျွန်တော်တို့နှစ်နိုင်ငံဟာ တူညီသော ကံကြမ္မာအမြင်များရှိသော ကြောင့် နှစ်ဦးနှစ်ဖက် အပြန်အလှန် လေးစားခြင်း၊ အပြန်အလှန်ကူညီခြင်း၊ အပြန်အ လှန်ထောက်ခံခြင်းရှိပြီး ကဏ္ဍ အသီးသီးမှ ပူးပေါင်းဆောင်ရွက်ရေး အလားအလာကောင်းပြီး အောင်မြင် မှုများ ထင်ရှားသိသာပါတယ်။ မြန်မာ နိုင်ငံရေး အသွင်ကူးပြောင်းချိန်ကာ လမှစ၍ တရုတ်-မြန်မာ ဆက်ဆံရေး ဟာ အခြေအနေသစ်သို့ ရောက်ရှိလာခဲ့ပါတယ်။
တရုတ်နိုင်ငံမှ မြန်မာ နိုင်ငံဟာ မိမိနဲ့ကိုက်ညီသည့် ဖွံ့ဖြိုး တိုးတက်ရေးလမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနိုင် ရန်အတွက်လည်း ကောင်း၊ နိုင်ငံတော်တည်ငြိမ်ရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ကို အကောင်အထည်ဖော်နိုင်ရန်အတွက်လည်းကောင်း၊ ပြည် သူလူထု ကောင်းစားရေးအတွက် ကြိုးပမ်းအားထုတ်မှုကိုလည်းကောင်း၊ မြန် မာနိုင်ငံ ပြည်ပသို့ တံခါးဖွင့်လှစ်ရေးနှင့် အပြည်ပြည်ဆိုင်ရာနှင့် ဒေသရေး ဆိုင် ရာကိစ္စရပ်များတွင် များစွာသောအခန်းကဏ္ဍမှ ပါဝင်ခြင်းကို လည်းကောင်း ထောက်ခံအားပေးခဲ့ပြီးဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာ့ နိုင်ငံရေးအ သွင်ကူးပြောင်းမှု အဆင်ပြေချောမွေ့စွာအောင်မြင်နိုင်ရန်နှင့် ယခုနှစ် မြန် မာနိုင်ငံ ရွေးကောက်ပွဲအောင်မြင်ရေးအတွက် ဆုမွန်ကောင်းတောင်းအပ် ပါတယ်'' ဟု ထည့်သွင်းပြောခဲ့သည်။
MP, MO - Democracytoday
MP, MO - Democracytoday

မှတ်ချက်များ