၂၁၀ ပေါင် ကျော်တုန်းက သူဟာ ဖက်တီး ပေါက်စ ဘော်ဒီ ရရှိထားသူ ဖြစ်ပါတယ်။ အဲ့တုန်းက သူ့ရဲ့ စားသုံးမှု ပုံစံက မနက်ဟာ သကြားဓာတ်များတဲ့ အစားအစာများ၊ အဆီဓာတ် များတဲ့ အစားအစာများ စားပြီး မနက်စာ မစားတဲ့ အခါလည်း ရှိပါတယ်။ နေ့လည်မှာ ဆန်းဒ်ဝစ်ရှ်၊ ဟန်ဘာကာတို့လို အစားအစာများကို စားပါတယ်။ နေ့လည်စာ စားပြီး မုန့်အနေနဲ့ ချောက်ကလက်၊ ကိတ် တို့လို စားပါတယ်။ ညနေမှာ ပါစတာ၊ ခပ်မြန်မြန်စား အစားအစာများကို စားပြီး ဝိုင်လည်း သောက်ပါတယ်။
နေထိုင် စားသောက်မှု ပုံစံ စတင် ပြောင်းလဲချိန်မှာပဲ သူ အမြဲ စားဖြစ်တာက မနက်ဆိုရင် ပရိုတိန်းဓာတ် ကြွယ်တဲ့ ဂျုံနဲ့ အစားအစာကို စားခြင်း၊ နေ့လည်ကို ကြက်သား သို့မဟုတ် ငါး တို့ကို လတ်ဆတ်တဲ့ အသီးနှံများနဲ့ စားခြင်း ပြုလုပ်ပြီး ညစာကိုလည်း ပရိုတိန်းဓာတ်၊ ကာဘွန်ဟိုက်ဒရိတ်ဓာတ်နဲ့ အမြင်ဓာတ် ပါတဲ့ အသီးအရွက်များကို စားပါတယ်။
ပြီးတော့ အားကစား အနေနဲ့ ပြေးခြင်း၊ ရေကူးခြင်းတို့ကိုလည်း ပုံမှန် ပြုလုပ်ခဲ့ရာ ၁ နှစ်အတွင်း သိသာတဲ့ တိုးတက် ပြောင်းလဲမှုကို ရရှိခဲ့ခြင်း ဖြစ်ပါတယ်။
အောင်ခမ်း (ရိုးရာလေး)













မှတ်ချက်များ