မျက်ဝန်းချင်း ဆုံမှာစိုးမိတယ်


အိမ်ကနေ လမ်းမပေါ်ထွက် လိုက်တယ်ဆိုရင်ပဲသူတို့တွေနဲ့ မျက်လုံးချင်းမဆုံချင်လို့ မျက်နှာလွှဲပြီးနေရတဲ့ ကျွန်မဒုက္ခကလည်း မသေးပါဘူး။ ဘယ်လိုပဲ မျက်လုံးချင်းမဆုံမိအောင် ကြိုးစားပေမယ့် အပြင်ထွက်တိုင်း သူတို့တွေနဲ့ တော့ တွေ့တွေ့နေရတာပါပဲ။

တစ်သက်လုံးလိုလို ဘတ်စ်ကားပဲစီးလာရတဲ့ လူတန်းစားဆို တော့ အခုခေတ်မှာ တက္ကစီတွေ ဘယ်လောက်များများ အမြဲလိုလို စီးဖြစ်နေတာကတော့ ဘတ်စ် ကားတွေပါ။ တက္ကစီကိုတော့ အ ရေးတကြီးကိစ္စရှိမှ၊ အချိန်မ လောက်တော့မှ၊ ပစ္စည်းတွေ မနိုင်မနင်းဖြစ်မှပဲ စီးဖြစ်တာပါ။ ဘယ်သွားသွား တက္ကစီစီးတတ်တဲ့ လူတန်းစားထဲမှာမပါတဲ့ ကျွန်မအတွက် အားတုံ့အားနာဖြစ်ရတာက တက္ကစီမောင်းသမားတွေကိုပါပဲ။ ကျွန်မကို လှမ်းကြည့်တတ်တဲ့ သူတို့တွေရဲ့ မျှော်တလင့်လင့်မျက်ဝန်းတွေကို ဥပေက္ခာပြုရမှာကျွန်မက အားနာတာ။

လမ်းပေါ်မှာ သွားရင်းလာ ရင်းနဲ့ပဲဖြစ်ဖြစ်၊ ဘတ်စ်ကားမှတ် တိုင်မှာ ကားစောင့်နေရင်းပဲဖြစ် ဖြစ် တက္ကစီမောင်းသမားတွေက မျှော်လင့်ချက်များစွာနဲ့ ကျွန်မကို လှမ်းလှမ်းကြည့်ကြတယ်။ သူတို့ တက္ကစီကို လက်လှမ်းတားမလား၊ စီးမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ သွေးရိုးသားရိုး လှမ်းကြည့်ကြတာ ပါ။ တချို့ကလည်း လက်ညှိုးလေး တွေထောင်လို့၊ ခေါ်မလားဆိုတဲ့ အကြည့်ကလေးတွေနဲ့ပေါ့။

အခုခေတ် တက္ကစီမောင်းသမားတွေကလည်း လူကြီး၊ လူရွယ် လူငယ် အရွယ်စုံတွေပါ။ ကြီးကြီးငယ်ငယ် ယောက်ျားမှန်သမျှ တက္ကစီမောင်းကြသည်လို့တောင် ဆိုရမလို။ ကားတွေကပေါလာ တော့ သူသူကိုယ်ကိုယ် တက္ကစီ မောင်းလာကြပါပြီ။ လမ်းတွေပေါ် မှာ တက္ကစီတွေက များလာပေမယ့် တက္ကစီ စီးနိုင်တဲ့လူတန်းစားက များလာတာမဟုတ်တော့ ရောင်းလိုအားနဲ့ ၀ယ်လိုအားမမျှတသလို ဖြစ်ပြီး တက္ကစီမောင်းသမားတွေ လည်း ခရီးသည်ရဖို့ အသည်းအ သန်ရှာရ၊ ကားပတ်မောင်းနေကြ ရတာပေါ့။

ရံဖန်ရံခါ တက္ကစီစီးမိတဲ့အခါ တိုင်း ‘‘တက္ကစီမောင်းရတာအဆင် ပြေလား’’လို့ ကျွန်မစပ်စုကြည့်မိပါတယ်။ အဆင်ပြေပါတယ်လို့ ပြန်ဖြေတဲ့သူက ခပ်ရှားရှား။ ချူသံပါအောင် ညည်းကြတဲ့သူတွေက ခပ်များများပါ။ ‘‘အဆင်မပြေဘူး။ အုံနာခ ရှင်းပြီး ကိုယ့်အတွက် ၇,၀၀၀၊ ၈,၀၀၀ ကျန်အောင် မနည်းရှာနေရတာတဲ့လေ၊ ‘‘ကိုယ့် ကားအပိုင်ဆိုရင်တော့ အဆင်ပြေ တာပေါ့။ မဟုတ်ရင်တော့ အုံနာ ကို လုပ်ကျွေးနေသလိုပါပဲ။ ကိုယ့်အတွက် ဈေးဖိုးကျန်ရုံပဲ’’လို့ဆိုကြ တယ်။ အဲဒီလိုဆိုတော့ သူတို့ရဲ့ တစ်နေ့ဝင်ငွေဟာ ဆိုက်ကားသ မားတစ်ယောက်ရဲ့ တစ်နေ့ဝင်ငွေ နဲ့ အတူတူပဲ။ မတိမ်းမယိမ်းဖြစ် နေကြတာပေါ့။

နိုင်ငံတစ်နိုင်ငံမှာ တက္ကစီ မောင်းသူအရေအတွက်များနေရင် လမ်းပေါ်မှာ တက္ကစီတွေများ နေရင်၊ အဲဒီနိုင်ငံဟာ ဆင်းရဲတဲ့ နိုင်ငံပဲတဲ့။ ကျွန်မတို့နိုင်ငံက စက်မှုနိုင်ငံလည်းမဖြစ်၊ လက်မှုနဲ့လယ်ယာလုပ်ငန်းကျပြန်တော့လည်း ထွန်းထွန်းပေါက်ပေါက် မတိုး တက်သေးတော့ နိုင်ငံရဲ့ လူ့စွမ်း အားအရင်းအမြစ်တွေက လမ်းပေါ်မှာ တက္ကစီမောင်းနေကြရ တယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် အင်အားထုတ်လုပ်ရမယ့် လူ့စွမ်း အားအရင်းအမြစ်ဖြစ်တဲ့ လူငယ် လူရွယ်တွေက သူတို့ရဲ့ အစွမ်း အစကို အသုံးချနိုင်မယ့် အနေ အထား၊ အခင်းအကျင်းမရှိလေ တော့ မိသားစုဝမ်းတစ်ထွာအတွက်ပဲ လမ်းပေါ်မှာ အချိန်ကုန် နေကြရတော့တယ်။ တိုင်းပြည် တည်ဆောက်ဖို့ အခန်းကဏ္ဍက ပျောက်နေတော့တယ်။ တိုင်းပြည် လည်း မတိုးတက်၊ သူတို့လည်း ၀မ်းစာအတွက် ကြက်ယက်ယက် သလိုရှာကြပေါ့။

တစ်ခေတ်တစ်ခါတုန်းကတော့ တက္ကစီမောင်းသမားတွေ ရွှေခေတ်ဖြစ်လိုက်ကြသေးတယ်။

ကားဈေးတွေက မြောက်နေ တဲ့ခေတ်ဆိုတော့ အိမ်မှာတက္ကစီ တစ်စီးထောင်ထားနိုင်ရင် ရပ် ကွက်ထဲမှာတော့ သူဌေးစာရင်း ၀င်သွားပြီ။ တစ်မိသားစုလုံး ထိုင် စားရုံပဲ ။ ကားပိုင်ရှင်မပြောနဲ့ တက္ကစီမောင်းတဲ့ ဒရိုင်ဘာဆိုရင်ပဲ တော်တော်အထင်ကြီးကြတယ်။ ဘာလို့လဲဆိုတော့တစ်နေ့ကိုအုံနာ ရှင်းပြီး နှစ်သောင်း၊ သုံးသောင်း လောက်ရှာနိုင်တဲ့သူကိုး။ ‘ဇ’ရှိတဲ့ သူဆို မိသားစုကို နှစ်သောင်း လောက်ပေးပြီး ကျန်တဲ့တစ် သောင်းနဲ့ စမောလေးနဲ့ကဲလိုက် သေးတာ။ အဲဒီခေတ်က အထူးကု ဆရာဝန်တို့၊ ရှေ့နေတို့ ၀င်ငွေ ထက်မပိုရင်သာနေမယ်၊ မလျော့ ကြတာဆိုတော့ ဘာပဲပြောပြော လမ်းထဲမှာ၊ မိသားစုအသိုင်းအ၀ိုင်း ထဲမှာ၊ မျက်နှာပန်းလှတဲ့သူပေါ့။

တက္ကစီသမားရဲ့ဇနီးမယားဆိုရင်လည်း သင်္ဘောသားကတော် တွေလိုပဲ စိန်နားကပ်၊ စိန်လက် စွပ်နဲ့ နောက်ဆုံးပေါ်အ၀တ်အစားတွေနဲ့ စမတ်ကျကျ နေနိုင်ကြသူတွေပါ။ ကျောင်းကဆရာမတွေကတောင် အဖေ့အလုပ်အကိုင် က တက္ကစီမောင်းဆိုရင် အလှူငွေ ပိုကောက်ခံကြတဲ့ခေတ်ပါ။

အခုများကျတော့လည်း တက္ကစီ မောင်းသမားတွေဘ၀က ဆိုက်ကားသမားတွေဘ၀နဲ့ မခြားနား။ ပိန်မသာ လိန်မသာဖြစ်နေကြရတာ စိတ်မကောင်းစရာ ၀င် ငွေမကောင်းကြရတဲ့အထဲ လမ်း ပေါ်မှာ အသက်အန္တရာယ်နဲ့ရင်း ပြီး ၀မ်းစာရှာကြရသူတွေပါ။

ယာဉ်အန္တရာယ်တွေအပြင် ဒီခေတ်က စားဝတ်နေရေးကျပ်တည်းကြတော့ လူရမ်းကားတွေရဲ့ အန္တရာယ်၊ လုယက်မှုအန္တရာယ်တွေကိုလည်း ကြောက်ရပါသေးတယ်။ ယောက်ျားနှစ်ယောက်၊ သုံးယောက်ကားပေါ်မှာ ပါလာရင်ပဲ သတိထားနေရတဲ့ အနေအထားပါ။ ဒီကြားထဲ တက္ကစီမောင်း သမား အတုအယောင်တွေလည်း ရှိပြန်တော့ ခရီးသည်ကလည်း ကိုယ့်ကိုမယုံကြည်၊ ကိုယ်က လည်း ခရီးသည်ကို မယုံကြည်နဲ့ ၀မ်းစာအတွက် ကိုယ့်ဘာသာ ကြက်ယက် ရှာစားတာတောင် အေးအေးလူလူမရှိဘဲ ကျီးလန့် စာစားဘ၀နဲ့ပါ။

အဲဒီလို တက္ကစီမောင်းသမား တွေရဲ့ အမောမျက်နှာ၊ သောကမျက်နှာတွေကို သွားရင်းလာရင်းနဲ့ မြင်မြင်နေရတဲ့ ကျွန်မကလည်း သူတို့ရဲ့ဘ၀အခြေအနေတွေကို ခံစားနားလည်မိပေမယ့် မကူညီနိုင်။ ကိုယ့်ရဲ့အနေအထားကလည်း ဘတ်စ်ကားခရီးသည်ဘ၀နဲ့ ယိုင် တိယိုင်တိုင်ဆိုတော့ သူတို့ရဲ့ မျှော်လင့်ချက်မျက်ဝန်းလေးတွေ နဲ့ဆုံမိတိုင်း ဆုံမိတိုင်း အားနာနာ နဲ့ပဲ မျက်နှာလွှဲလွှဲနေရတော့တာပါပဲလေ။။

7day daily

မှတ်ချက်များ