ပျော်ရွှင်မူ ဆိုတာ
ပျော်ရွှင်မူ ဆိုတာ…………………………….
သင်နေထိုင်တဲ့ အိမ်က ဘယ်လောက်ကြီးမား ဘယ်လောက် ခမ်းနားထယ်ဝါတဲ့ အပေါ်မမှီတည်ပါဘူး၊
သင့်အိမ်ဝင်းအတွင်းမှာ ရယ်မောသံလွင့်လွင့်လေး ဘယ်လောက်များများ ဖြစ်ထွန်းတာက ပိုအရေးကြီးပါတယ်။
သင်မောင်းနှင်နေတဲ့ မော်တော်ကားက ဘယ်လောက်ခေတ်မှီ ဆန်းသစ်လှပတဲ့အပေါ် မမှီတည်ပါဘူး၊
နေ့စဉ်နေ့တိုင်း သင့်လိုရာခရီးကို အန္တရာယ်ကင်း ချောချောမောမော ပို့ဆောင်ပေးနိုင်တာက ပိုအရေးကြီးပါတယ်။
သင်ပိုက်ဆံဘယ်လောက်များများ စုစောင်းနိုင်တဲ့ အပေါ် မမှီတည်ပါဘူး၊
လွတ်လပ်တဲ့ စိတ်နှလုံးသားနဲ့ ကိုယ်နှစ်သက်ရာ အလုပ်ကို လုပ်ကိုင်နေရတာက ပိုအရေးကြီးပါတယ်။
ပျော်ရွှင်မူဆိုတာ…………………………………………….
ကိုယ့်အိမ်ထောင်ဘက်က ဘယ်လောက်ချောမော လှပနေတဲ့ အပေါ်မမှီတည်ပါဘူး၊
ကိုယ်ချစ်နေတဲ့သူရဲ့ အပြုံးဘယ်လောက်ဝေေ၀ဆာဆာ ပွင့်လန်းနိုင်စေတာက ပိုအရေးကြီးပါတယ်။
သင်ဘယ်လောက်ရာထူးကြီးကြီး ရထားတဲ့အပေါ် မမှီတည်ပါဘူး၊
ဘယ်နေရာပဲရောက်ရောက် သင့်ကိုလူကြီးလူကောင်းတစ်ယောက်လို လေးလေးစားစား ဆက်ဆံတာက ပိုအရေးကြီးတတ်ပါတယ်။
သင်ဘယ်လောက်ကောင်းကောင်းစားသောက်တဲ့အပေါ် မူမတည်ပါဘူး၊
ကျန်းကျန်းမာမာရှိမယ်၊ ရောဂါကင်းမယ်၊ စိတ်ချမ်းသာမယ်ဆိုတာတွေက ပိုပြီးအရေးကြီးတတ်ပါတယ်။
ပျော်ရွှင်မူဆိုတာက သင်အောင်မြင်တဲ့အချိန်မှာ ရရှိတဲ့ လက်ခုတ်သြဘာသံတွေ မဟုတ်ပါဘူး၊
ဒုက္ခရောက်တဲ့အချိန်မှာ အားပေးအားမြောက်ပြုတဲ့ သူငယ်ချင်းရှိတာ ပိုအရေးကြီးပါတယ်။
Ref: WeChat
Credit: Aung Ko Lat

မှတ်ချက်များ