ရန်ကုန်တွင် ခုံးကျော်တံတားနှစ်စင်း ထပ်မံတည်ဆောက်ရန် ကျပ် ၃၂ ဘီလီယံကျော် အသုံးစရိတ်တောင်းခံ


အစိုးရသစ်လက်ထက် ၂၀၁၆-၁၇ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး၏ အသုံးစရိတ်ဘတ်ဂျက်တွင် ခုံးကျော်တံတားနှစ်စင်း တည်ဆောက်ရန် ကျပ်ငွေ ၃၂ဒသမ၂ဘီလီယံတောင်းဆို ထားကြောင်း ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်မှ သတင်းရရှိ သည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်အ တွင်းတွင် မြောက်ဥက္ကလာပ အ ၀ိုင်းနေရာ၊ ကမ္ဘာအေးဘုရားလမ်းနှင့် ပါရမီလမ်းဆုံနေရာတို့၌ ခုံးကျော် တံတားများတည်ဆောက်ရန် အ သုံးစရိတ်ဘတ်ဂျက်တောင်းခံ ခြင်းဖြစ်သည်။ ခုံးကျော်တံတား များသည် ပြည်သူများသွားလာ ရေး အကျိုးရှိမှုနည်းသဖြင့် အ သေးစိတ် စိစစ်သွားမည်ဖြစ် ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စား လှယ်တစ်ဦးကပြောသည်။

‘‘တံတားတစ်စင်းရဲ့ တန်ဖိုး က မနည်းတော့ ခွင့်ပြုပေးဖို့ခက်ခဲ မှာပါ’’ဟု အထက်ပါပုဂ္ဂိုလ်က ရှင်းပြသည်။

ရန်ကုန်မြို့တွင် ယာဉ် ကြောပိတ်ဆို့မှုကြောင့် လက်ရှိ အစိုးရသက်တမ်းမကုန်မီ အချိန် အတွင်း တံတားသုံးစင်းကိုအသစ် ထပ်မံတည်ဆောက်ခဲ့သည်။ ခုံး ကျော်တံတားသုံးစင်းတွင် ကုက္ကိုင်းခုံးကျော်တံတားသည် ဖွင့်လှစ် ပြီးဖြစ်ကာ ကျန်တံတားနှစ်စင်း ကို မတ်လအတွင်းဖွင့်နိုင်ရန် ပြင်ဆင်ဆောင်ရွက်နေကြောင်း ဇန်န၀ါရီက ရန်ကုန်တိုင်းအစိုးရ အဖွဲ့မှ တာဝန်ရှိသူများကသတင်း စာရှင်းလင်းပွဲတွင် ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုး ရ၏ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အ တွက် ပြည်ထောင်စုအစိုးရ၏ ခွင့် ပြုထောက်ပံ့ငွေ အသုံးစရိတ်စုစု ပေါင်း ကျပ် ၄၀ ဘီလီယံကျော် ခန့်ဖြစ်သည်။ ထို့ကြောင့် တံတား နှစ်စင်း အသုံးစရိတ်မှာများပြား ကြောင်း လူမှုကွန်ရက်တွင် ဝေဖန်မှုများ ထွက်ပေါ်နေသည်။

အစိုးရသစ်လက်ထက်တွင် နိုင်ငံ၏ စီးပွားရေးတိုးတက်ရန် အရေးကြီးနေပြီး မလိုလားအပ် သော အသုံးစရိတ်များကို လျှော့ ချရန်လိုအပ်ကြောင်း စီးပွားရေး ပညာရှင်များက ထောက်ပြကြ သည်။ မြန်မာနိုင်ငံ၏ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် အစိုးရအသုံး စရိတ်ဘတ်ဂျက်တွင် လိုငွေပမာ ဏသည် ကျပ်ငွေလေးထောင်ဘီ လီယံကျော်ရှိနေပြီး မလိုအပ် သော စီမံကိန်းများကို ခေတ္တဆိုင်း ငံ့ထားရန်လိုအပ်ကြောင်းစီးပွား ရေးပညာရှင် ဦးလှမောင်ကပြော သည်။ အရပ်သားအစိုးရလက်ထက် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် အစိုးရအသုံးစရိတ်ဘတ်ဂျက်လို ငွေပိုများလာခြင်းကြောင့် ကုန် ဈေးနှုန်းကြီးလာပြီး ပြည်သူအ များစီးပွားရေးအကျပ်အတည်း ဖြစ်မည်ကို စီးပွားရေးပညာရှင် များက စိုးရိမ်နေကြသည်။

7Day Daily

မှတ်ချက်များ